သူ့စိတ်ကရော ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ခြေထောက်ပုံစံကိုကြည့်ပြီး ခန့်မှန်းကြည့်မယ်လေ။
 

လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေသဘောထားကို ခြေထောက်တွေကြည့်ပြီး ခန့်မှန်းလို့ရတယ်ဆိုရင် သင် ယုံပါ့မလား? ဒါဟာ ရှေးကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ အထိုက်အလျောက်လည်း မှန်ကန်ပါတယ်။ ကိုယ့်ခြေထောက်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ အရင်ဆုံး တိုက်ကြည့်ပါ။ ပြီးရင် တခြားလူတွေရဲ့စိတ်နေသဘောထားတွေကိုပါ သူ့ရဲ့ခြေထောက်ကိုကြည့်ပြီး ခန့်မှန်းလိုက်ပါဦး။

1.jpg 

၁။ အီဂျစ်

ခြေချောင်းလေးတွေ အားလုံးက မတိမ်းမယိမ်းလေးနဲ့ လှပပါတယ်။ တစ်ချောင်းနဲ့တစ်ချောင်း အတိုအရှည်ကလည်း သိပ်မကွာပါဘူး။ ခြေမကနေ ခြေသန်းလေးအထိ အားလုံးက အနိမ့်အမြင့် အစဉ်လိုက်အတိုင်း သွားတဲ့ ပုံစံမျိုးပါ။ ဒီလိုခြေထောက်ပိုင်ရှင်မျိုးက လျှို့ဝှက်တတ်တယ်၊ တစ်ကိုယ်တည်းနေတတ်တယ်၊ စိတ်အပြောင်းအလဲလည်း မြန်ကြသတဲ့။

2.jpg 

၂။ ရောမ

သူကျတော့ ခြေချောင်းတွေက ခပ်ကားကားပဲ။ ခြေမနဲ့ ကပ်လျက်ခြေချောင်းတွေက တခြားခြေချောင်းလေးတွေနဲ့ အတော်ကို ပုံစံကွဲပါတယ်။ ဒီလိုခြေထောက်ပိုင်ရှင်တွေကတော့ ယေဘုယျအားဖြင့် အပေါင်းအသင်းများပါတယ်။ ခင်စရာလည်းကောင်းပါတယ်။ ပြီးတော့ ဒီလိုခြေထောက်ပုံစံမျိုးက အတွေ့များပါတယ်။

3.jpg 

၃။ ဖီးဆင့်ခြေချောင်း

ခြေချောင်းတွေအားလုံးက ညီညီညာညာ ရှိနေပါတယ်။ လေးထောင့်ပုံသဏ္ဍန်မျိုးပါပဲ။ ဒီခြေထောက်ပိုင်ရှင်တွေက စိတ်တည်ငြိမ်ကြတယ်၊ လက်တွေ့ဆန်ကြတယ်။ ယုံကြည်စိတ်ချရတဲ့လူတွေလို့ ဆိုတယ်။

4.jpg 

၄။ ဂရိ

တခြားခြေချောင်းတွေနဲ့ယှဉ်ရင် ခြေညှိုးက အရှည်ဆုံးပဲ။ ခြေမထက်တောင် ရှည်နေသေးတယ်။ အနုပညာဆန်တဲ့ ခြေထောက်ပိုင်ရှင်တွေလို့ ဆိုရမယ့်လူမျိးပါ။ ခံစားလွယ်သူတွေလည်း ဖြစ်ပါတယ်။ များသောအားဖြင့် အားကစားသမားတွေထံမှာ ဒီခြေထောက်ပုံစံမျိုးကို အတွေ့များပါတယ်။

5.jpg 

၅။ ကပ်နေတဲ့ခြေသန်းလေး

ခြေသန်းလေးက အခြားခြေချောင်းတွေဘက်ကို ယိမ်းပြီး ကပ်နေပါတယ်။ ခြေသန်းတစ်ချောင်းတည်းလည်း မလှုပ်နိုင်ပါဘူး။ ခြေသန်းကြွက်သား မကောင်းတာတော့မဟုတ်ပါဘူး။ သူ့ဘာသာ ကပ်နေတာမျိုးပါ။ စိတ်ငြိမ်တယ်၊ ချင့်ချိန်နိုင်စွမ်းရှိတယ်။ ကိုယ့်ဘဝကိုယ် ခန့်မှန်းတွက်ဆနိုင်တဲ့လူမျိုးပါ။ ရှေးရိုးဆန်ပြီး အလုပ်ကြိုးစားသူတွေလည်း ဖြစ်ပါတယ်။

6.jpg 

၆။ ကားနေတဲ့ ခြေသန်းလေး

တခြားခြေချောင်းလေးတွေက စုနေပြီး ခြေသန်းတစ်ချောင်းတည်း အပြင်ဘက်ကို ကားထွက်နေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝနဲ့ နေထိုင်လိုကြတဲ့စိတ်ရှိကြပါတယ်။ စွန့်စားရတာ ဝါသနာပါတယ်။ စိတ်ကို သက်တောင့်သက်သာပဲထားကြပြီး အပြောင်းအလဲကို မကြောက်ကြသူတွေပါ။ ကြည့်လိုက်ရင်လည်း ဘယ်တော့မှ တည်တည်ငြိမ်ငြိမ်ကိုမရှိဘူး။

7.jpg 

၇။ ခြေချောင်းတိုတိုလေးတွေ

ကိုယ့်စိတ်ကိုပဲ ဦးစားပေးတတ်ကြတဲ့ သူတွေပါ။ လူတွေက ဘယ်လိုပဲ ထင်မြင်နေပါစေ ဂရုမစိုက်တတ်ဘူး။ ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့က ခန့်မှန်းရခက်တဲ့လူတွေလည်း ဖြစ်နေပြန်ရော။

8.jpg 

၈။ အပြင်ဘက်ကိုကားနေတဲ့ခြေခလယ်

ခြေခလယ်က ခြေညှိုးနဲ့ဆန့်ကျင်ဘက်ကို ညွှတ်နေပါတယ်။ အကျိုးအမြတ်ရဖို့အတွက် ဂရုတစိုုက် စီမံကိန်းချကြတယ်။ စနစ်ကျတယ်။ ဘယ်အခြေအနေမျိုးမှာမဆို အားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြသူတွေပါ။

9.jpg 

၉။ ခြေညှိုးနဲ့ခြေခလယ် ပူးမနေဘူး

ခြေညှိုးနဲ့ ခြေခလယ်ကြားမှာ ဟနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ပြေရာပြေကြောင်း ပြောဆိုဆက်ဆံတတ်သူ၊ ညှိနှိုင်းတတ်ကြသူတွေပါ။

Source : Bright Side

Share

Loading Next Article...
က္က