သူနဲ့ချစ်နေတုန်းကဆို သူ့အတွက်ပါ ပိုပြီး တွေးပေးနေရ၊ စိတ်ပူနေရနဲ့ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်တောင် မရှိလောက်အောင်ပါပဲ။
 

ချစ်မိပြီဆိုရင် အသက်အရွယ်၊ အဆင့်အတန်းတွေဆိုတာ ပမွှားပဲ။ ဘာကိုမှလည်း ထည့်မတွက်တော့ဘူး။ ရပ်တန့်လို့မရနိုင်တဲ့ အချစ်တွေနဲ့ ကိုယ့်ထက်ငယ်ရွယ်သူကို ချစ်မိပြီးတဲ့နောက်မှာ အစပိုင်းကတော့ စိတ်ချမ်းသာခဲ့ရတယ်။ ကာလတစ်ခုလောက် ကြာလာတော့ အဆင်မပြေမှုပေါင်းများစွာနဲ့ လမ်းခွဲလိုက်ကြရတာပါပဲ။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကို ချစ်မိတဲ့အခါ ဒီလိုသင်ခန်းစာတွေတော့ ရလာခဲ့ပါတယ်။

၁။ ကိုယ့်ဘဝကိုယ်ရှေ့ဆက်

မတူညီတဲ့ ဘဝနှစ်ခုကို ပေါင်းစည်းဖို့ရာ စိတ်ကူးတွေယဉ်ခဲ့ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အလျော့ပေးခဲ့တယ်၊ ညှိနှိုင်းခဲ့ကြတယ်။ ဒါပေမဲ့ အသက်အရွယ်က ကွာလွန်းတဲ့အခါ ဘယ်လိုမှ ရှေ့ဆက်မရတော့ပါဘူး။ ရလိုက်တဲ့ သင်ခန်းစာကတော့ အတွေ့အကြုံလို့ပဲ ပြောရမှာပါ။ ကိုယ့်ထက်ငယ်တဲ့လူတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးနောက်မှာ ကိုယ်မခံစားဖူးတဲ့ ခံစားချက်တွေကို ခံစားခဲ့ရသလို လမ်းခွဲပြီးနောက်မှာလည်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရတာပဲဆိုတာ နားလည်လိုက်ပါတယ်။

3.jpg 

၂။ ပူပင်သောကတွေနဲ့ အချိန်မကုန်တော့ဘူး

ကိုယ်က အသက်ပိုကြီးတော့ ပိုပြီး ပူပင်တတ်တယ်။ သောကတွေလည်း များတယ်။ သူက ငယ်လည်းငယ်၊ ယောက်ျားလေးလည်းဖြစ်တော့ လွတ်လွတ်လပ်လပ် နေတတ်တယ်။ မလိုအပ်တာတွေနဲ့ စိတ်ရှုပ်မခံဘူး။ သူ့ဆီကနေ ဒီအကျင့်လေးတော့ ရခဲ့ပါတယ်။ ပျော်စရာရှိရင် ပျော်လိုက်တာပေါ့။ သိပ်ပြီး စိတ်ညစ်မခံတော့ဘူး။

 

၃။ ကိုယ့်ဘဝနဲ့ကိုယ်

ဘယ်အချိန်မှာ ဘာတွေဖြစ်လာမလဲ၊ ဘာတွေလုပ်ရမလဲဆိုပြီး အနာဂတ်ကို တွေးပူတာတွေလည်း အထိုက်အလျောက် လျော့သွားပါတယ်။ သူနဲ့ချစ်နေတုန်းကဆို သူ့အတွက်ပါ ပိုပြီး တွေးပေးနေရ၊ စိတ်ပူနေရနဲ့ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်တောင် မရှိလောက်အောင်ပါပဲ။ ခုတော့ဖြင့် သူနဲ့မဆုံခင်ကလို ကိုယ့်စိတ်တိုင်းကျ လွတ်လပ်တဲ့ဘဝကို ရသွားပါပြီ။ စည်းမျဉ်းစည်းကမ်းတွေလည်း ထားမနေတော့ဘူး။ ကိုယ်စိတ်ချမ်းသာမယ်၊ သူများကိုလည်း မထိခိုက်ဘူးဆိုရင် လုပ်ရတော့မယ်ဆိုတာ သိသွားပြီမို့လို့ အရမ်းကို လွတ်လပ်သွားပါတယ်။

၄။ ကိုယ့်အပြစ်မဟုတ်ဘူး

ကိုယ့့်ဘက်က ဘာတွေများ မှားယွင်းနေခဲ့လို့လဲဆိုတဲ့ မေးခွန်းဟာ အဆင်မပြေမှုတွေတိုင်းမှာ ပြန်မေးဖြစ်ခဲ့ပါတယ်။ ဆန်းစစ်လေ့လာပြီးမှ သိလိုက်ရတာက တချို့ကိစ္စတွေဟာ ကိုယ့်အပြစ်မဟုတ်ဘဲ သူတို့ကြောင့်ပဲဆိုတာ နားလည်လိုက်ပါပြီ။ ကိုယ့်ဘက်က ဘယ်လိုပဲ ဖြည့်ဆည်းပေးခဲ့ပါစေ သူ့ဘက်ကမှ နားမလည်ပေးတဲ့အခါ ကိုယ့်အမှားမဟုတ်တော့ဘူး။ မနေချင်တော့တဲ့လူကို ဖမ်းဆုပ်ရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ သိတာမို့ ကိုယ်ကပဲ အရင်ဆုံး လမ်းခွဲပေးလိုက်ပါတယ်။

2.jpg 

၅။ ပိုကောင်းတဲ့ရွေးချယ်မှု

နောက်တစ်ကြိမ် ချစ်ဖို့ကြုံလာတဲ့အခါ ဘယ်လိုရွေးချယ်ရမလဲဆိုတာ သင်ခန်းစာ ရသွားပါတယ်။ ဒီအတွေ့အကြုံကနေ ကိုယ့်အတွက် အဆင်ပြေမယ့်လူကို ဘယ်လိုရွေးရမလဲဆိုတာ အထောက်အကူ ဖြစ်စေပါတယ်။ နောက်တစ်ယောက်နဲ့ ဆုံတဲ့အခါ ဟိုးအရင်ကလို ဟန်ဆောင်ပန်ဆောင်တွေလည်း မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အားနာလိုက်လျောတာတွေလည်း မလုပ်တော့ဘူး။ ကိုယ့်သဘောနဲ့ကိုယ် အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်းပဲ နေပြတဲ့အခါ ကိုယ်နဲ့လိုက်ဖက်သင့်လျော်တဲ့ အချစ်စစ်တစ်ခု ရလာမယ်လို့ ယုံကြည်မှုရှိသွားပါတယ်။

Share

Loading Next Article...
က္က