ဒါတွေလုပ်မိရင်တော့ ဘယ်လောက်ချစ်ချစ် ကွဲဖို့ပဲဖြစ်လာနိုင်ပါတယ်။
 

ချစ်လှရဲ့ ကြိုက်လှပါရဲ့နဲ့ လူတွေကြားထဲမှာ အရမ်းကို ကြင်နာခဲ့တဲ့ စုံတွဲတွေလည်း ကွဲတာပဲ။ အရမ်းချစ်လွန်းလို့ အားကျခဲ့ရတဲ့စုံတွဲတွေတောင် ကွဲကြတယ်ဆိုတော့ အံ့သြရတာပေါ့။ အိမ်ထောင်ရေးနဲ့ လူမှုရေးရာ အကြံပေးပညာရှင်တွေကတော့ ဒီအမှားတွေဟာ အချစ်ရေးကို ပြိုကွဲစေတယ်လို့ ဆိုကြပါတယ်။

၁။ ဆန္ဒကိုအခြေမခံနဲ့

ရမ္မက်တွေ ဆန္ဒတွေကို အခြေတည်ပြီး ဖြစ်ပေါ်လာတာ အချစ်မဟုတ်ပါဘူး။ ချစ်သူနဲ့ ကြင်ကြင်နာနာ ထိတွေ့ခြင်း၊ ချစ်တင်းနှောခြင်းတွေက စိတ်ခံစားချက်ကို ကောင်းမွန်စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲ့တာကိုပဲ သာယာနေလို့လည်း မဖြစ်ပါဘူး။ လိင်စိတ်မဟုတ်ဘဲ အတူတူ အားကစားလုပ်တာတွေလည်း လုပ်လို့ရပါတယ်။ အဆင်ပြေတဲ့အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းကျိုးှရှိနေတာကို ခေါ်တာပါ။

 

၂။ အပြန်အလှန်ဆက်သွယ်ခြင်း

အပြန်အလှန် ဆက်သွယ်ခြင်းဟာ ဘယ်လိုပတ်သက်မှုမျိုးမှာမဆို အခြေခံကျဆုံးအချက် ဖြစ်ပါတယ်။ ပြောတာနဲ့ နားထောင်တာ အချိုးကျ ဖြစ်နေရပါမယ်။ အမြဲတမ်း ကိုယ်ကချည်း ပြောနေတာ ဒါမှမဟုတ် နားထောင်နေရတာမျိုးဆိုရင်လည်း ကြာလာရင် ငြီးငွေ့သွားမှာ အသေချာပါပဲ။ ပြီးတော့ ခံစားချက်တွေကို ရိုးရိုးသားသား ထုတ်ပြလိုက်ပါ။ အပေးအယူမျှတတဲ့ ဆက်ဆံရေးမျိုးကသာ ရေရှည်တည်တံ့နိုင်ပါလိမ့်မယ်။

 

၃။ ပြောင်းလဲဖို့ကြိုးစားတာ

လူတစ်ယောက် ပိုကောင်းလာအောင် ကူညီဖေးမပေးလို့ ရပါတယ်။ လုံးဝဥဿုံ ပြောင်းလဲသွားဖို့ကိုတော့ မမျှော်လင့်ပါနဲ့။ ကိုယ့်ကိုချစ်ရင် ဒါတွေလုပ်ပါ၊ ဟိုဟာတွေ မလုပ်ပါနဲ့လို့လည်း အတင်းအကျပ် စည်းမျဉ်းတွေ မသတ်မှတ်လိုက်ပါနဲ့။ နောက်ကွယ်မှာ ကိုယ်မသိအောင်ခိုးလုပ်နေတာက ပိုဆိုးပါတယ်။ အဲ့ဒီလိုပဲ ကိုယ်လည်း သူ့ကိုချစ်လို့ဆိုပြီး သူ့အကြိုက်တွေကိုချည်း ပြောင်းလဲနိုင်မယ်လို့ မထင်ပါနဲ့။ ပင်ကိုယ်ဗီဇစိတ်ဟာ ဘယ်လိုပဲ ဖုံးကွယ်ထားစေဦးတော့ တစ်ချိန်မှာ ပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။

Source : Independent

Share

Loading Next Article...
က္က