လမ်းပေါ်မှာ တွေ့ရတဲ့ကြောင်မျိုးတွေဟာ သင့်ကို အလွယ်တကူ အကပ်မခံတတ်ပါဘူး။
 

ကြောင်ချစ်တဲ့လူတွေမှာလည်း အမျိုးမျိုး ရှိပါတယ်။  ကြောင်လေးတွေ တွေ့ရင် ရင်ခွင်ထဲ ထည့်ပြီး ပွတ်သပ်လိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ လူမျိုးတွေလည်း ရှိတတ်ပါတယ်။သင့်ကို စိမ်းသလို ဖြစ်နေတဲ့ ကြောင်တစ်ကောင်နဲ့ သူငယ်ချင်းဖြစ်ဖို့ အလွယ်ဆုံးနည်းလမ်းရှိပါတယ်။ ဒါပေမယ့် အချိန်ပေးဖို့တော့ လိုပါတယ်။

၁ - ထိုင်ချ

သူနေနေကျ နေရာနားမှာ သူနဲ့ သူငယ်ချင်းဖြစ်အောင် လုပ်တာ ပိုကောင်းပါတယ်။ တွေ့တဲ့အခါ သင့်ဘက်က မတ်တပ်ရပ်နေမယ့်အစား ထိုင်ချလိုက်တာက ပိုကောင်းပါတယ်။ ၁၀ ပေအကွာလောက်ကနေ ထိုင်ချရမှာ ဖြစ်ပါတယ်။ သင်ဟာ အန္တရယ်ဖြစ်စေမယ့် လူမဟုတ်ဘူးလို့ ကြောင်ကို သိစေတာ ဖြစ်ပါတယ်။

၂ - အစားအစာ

သူ့ကို တစ်ခုခု ကြွေးရမှာ ဖြစ်ပါတယ်။ ကြွေးတဲ့အစာဟာ ကြောင်တွေကြိုက်တဲ့ အနံ့မျိုး ဖြစ်သင့်ပါတယ်။ ငါးနဲ့ ရောထားတဲ့ အစားအစာမျိုး ဖြစ်ပြီး အစာခြောက်အစား အစိုကိုကြွေးသင့်ပါတယ်။

 

၃ - အစာကိုပြပြီးခေါ်

အစာကြွေးတဲ့အကျင့်ရသွားတဲ့အခါ နောက်ပိုင်း ဒီအစာကိုပြပြီး သင့်အနားကို ခေါ်လို့ရပါတယ်။ အစာကို သင့်လက်ပေါ်တင်ပြီးခေါ်တဲ့အခါ အဆိုပါအစာနဲ့ သင့်ကို တွဲဖက်မှတ်မိစေပါတယ်။ ကြောင်က နှာမှုတ်တာမျိုး၊ နားရွက်က နောက်ကို ဆန့်သွားတာမျိုး ဖြစ်တယ်ဆိုရင်တော့ သူနဲ့ အရမ်းနီးကပ်လို့ မရသေးပါဘူး။ သင့်လက်ကို နောက်ကို ဖြည်းဖြည်းလေး မသိမသာဆုတ်ပြီး အစာကို ချထားပေးခဲ့ပါ။

၄ - ပွတ်သပ်ပါ

နေ့စဉ်အစာကြွေးပေးနေရင် အဆုံးမှာတော့ ကြောင်က သင့်အနားကိုကပ်လာမှာပဲ ဖြစ်ပါတယ်။ အနားကို သူရောက်လာတဲ့အခါ ဖြည်းဖြည်းလေးပွတ်သပ်ပေးပါ။ အလျင်မလိုပါနဲ့။ သူ့ဘေးနားမှာ အေးအေးဆေးဆေးထိုင်နေရင်း သူစားတာကို စောင့်ကြည့်ပေးပါ။ သူ့ဘက်က ရင်းနှီးတဲ့အပြုအမူမျိုးပြမှ သင့်ဘက်က ကိုင်တွယ်ပေးရမှာ ဖြစ်ပါတယ်။

 

၅ - ခေါ်သွားမယ်ဆိုရင်

လမ်းပေါ်မှာ တွေ့ရတဲ့ကြောင်မျိုးတွေဟာ သင့်ကို အလွယ်တကူ အကပ်မခံတတ်ပါဘူး။ အထက်ပါနည်းအတိုင်း လုပ်ပေးလို့ သင်နဲ့ ရင်းနှီးလာပြီး အိမ်ခေါ်မွေးစားဖို့ ဆုံးဖြတ်တဲ့အခါ အရင်ဆုံး တိရိစ္ဆာန်ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ရောဂါပိုးမွှားတွေရှိနေရင် ကုသပေးပြီးမှ အိမ်ခေါ်သွားသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - အိန္ဒိယက နာမည်ကျော် မီးတောက်ကွမ်းယာ)

Photos & Source: wikiHow

Share

Loading Next Article...
က္က