သဘောကျတယ်၊ သဘောမကျဘူး၊ ယုံကြည်ရတဲ့လူ စတဲ့ မြင်မြင်ချင်းထင်မြင်ချက်ကို ချမှတ်ဖို့ ခုနစ်စက္ကန့်ပဲ အချိန်ယူပါတယ်။ ဒါပေမယ့် အဆိုပါ ခုနစ်စက္ကန့်အတွင်း ဖြစ်သွားတဲ့ထင်မြင်မှုကို နောက်ပိုင်းမှာ ပြောင်းလဲပစ်ဖို့ တော်တော်ခက်ပါတယ်။ မသိစိတ်ကပါ ပါဝင်အလုပ်လုပ်နေတဲ့ ဒီခုနစ်စက္ကန့်အတွင်း သဘောကျစရာကောင်းတဲ့လူလို့ သင့်ကို ထင်မြင်သွားစေဖို့ သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁ - လှည့်စားမှု

ဆုံးဖြတ်ချက်ချဖို့ ပထမဆုံးရတဲ့ အချက်အလက်ကို လူတွေက အားကိုးလွန်းတတ်ကြပါတယ်။ နောက်ပိုင်း အချက်အလက်တွေ ထပ်မံရရှိလာပေမယ့်လည်း ဒီအချက်နဲ့သာ ကိုက်ညီရယူကြပြီး ဒီအချက်ကို ဆန့်ကျင်တယ်ဆိုရင် လက်မခံချင်တော့ပါဘူး။ နောက်ပိုင်း အချက်အလက်တွေရလာပြီး ဒီလူဟာ ကိုယ်ထင်သလို မဟုတ်ပေမယ့်လည်း ပြောင်းလဲဖို့ခက်သွားတတ်ပါတယ်။

 

၂ - ဟန်ဆောင်ဖို့လိုလား

ကိုယ်က ခင်စရာကောင်းသူ၊ နှစ်လိုဖွယ်ကောင်းသူအဖြစ် တစ်ဖက်လူကထင်သွားစေဖို့ ကိုယ့်ပုံမှန်ပုံစံကိုဖျောက်ကာ ဟန်ဆောင်စရာ မလိုပါဘူး။ ဒီလိုဟန်ဆောင်တာဟာ တစ်ဖက်လူကို ဆွဲဆောင်ဖို့ သင့်ဘက်က ကြိုးစားတာ ဖြစ်ပါတယ်။ မြင်မြင်ချင်းထင်မြင်ချက်ဟာ တစ်ဖက်လူကို ဆွဲဆောင်တာမျိုး မဟုတ်ဘဲ ရုတ်တရက် သူ့ဆီမှာ သင့်တံဆိပ်ကို ကပ်ပေးလိုက်တာမျိုး ဖြစ်ပါတယ်။ သင့်ဘက်က မြင်တာနဲ့ ဆွဲဆောင်တာမျိုး လုပ်တဲ့အခါ သင်ဟာ မပွင့်လင်းသူ၊ ဟန်ဆောင်တတ်သူ အဖြစ်ပဲ မြင်သွားမှာပါ။ သင့်ဆွဲဆောင်မှုက အပိုတွေ များနေတယ်ဆိုရင်တော့ မရင့်ကျက်သူ၊ အာရုံစိုက်ခံချင်သူ၊ အပိုတွေ လုပ်တတ်သူလို့ ထင်သွားမှာပါ။

၃ - နည်းလမ်းများ

မြင်မြင်ချင်း တစ်ဖက်လူက ခင်သွားအောင် လုပ်လို့ရတဲ့နည်းလမ်း အမြောက်အများရှိပါတယ်။ အဓိကကတော့ တစ်ဖက်လူကို အတင်းဆွဲဆောင်တာမျိုး မလုပ်ဖို့ပါပဲ။ သူ့အနားမှာ သင်ရှိတာကို သူဘက်က သဘောကျတယ်ဆိုတဲ့ ခံစားမှုမျိုး ရသွားစေဖို့ပါ။

၄ - အဝတ်အစား

သင်ဘယ်လိုလူမျိုးလဲဆိုတာကို အကဲခတ်ဖို့ တစ်ဖက်လူ ပထမဆုံးအသုံးပြုတာက အဝတ်အစားဖြစ်ပါတယ်။  အခြေအနေအမျိုးမျိုးမှာ အဝတ်အစားအမျိုးမျိုးကို သင့်လျော်စွာ ဝတ်ဆင်သင့်ပါတယ်။ စီးပွားရေးကိစ္စကြောင့် တွေ့မယ်ဆိုရင် အဆိုပါအခြေအနေနဲ့ သင့်လျော်တဲ့ အဝတ်အစားမျိုးကို ဝတ်တာမျိုး ဖြစ်ပါတယ်။ သင်ဘယ်လိုလူလည်းဆိုတာ တစ်ဖက်လူက မြင်မြင်ခြင်းမှာ မသိတာကြောင့် အဝတ်အစားနဲ့ပုံပန်းသဏ္ဍန်ကိုကြည့်ပြီးပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ 

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - စကားပြော ကြည်လင်ပြတ်သားသူ ဖြစ်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ)

 

၅ - အပြုံး

အရေးကြီးဆုံးအချက်ပါပဲ။ လူတော်တော်များများလည်း လုပ်မိတတ်ကြပါတယ်။ လူစိမ်းတစ်ယောက်ကို စတွေ့တဲ့အချိန်မှာ ဟန်ဆောင်ပြုံး ပြုံးတာ ဖြစ်ပါတယ်။   တွေ့တွေ့ခြင်း ဒီလိုအပြုံးကြောင့် တစ်ဖက်လူရဲ့ အထင်အမြင်မှာ မနှစ်သက်တဲ့ ခံစားမှုမျိုး  ဖြစ်သွားစေပါတယ်။ ဒီလိုပြုံးတဲ့အကျင့်ဖြစ်နေတယ်ဆိုရင်လည်း သင့်အပြုံးကို ပိုအသက်ပါအောင် ပြင်လို့ရပါတယ်။ ပြုံးတဲ့အခါ ပါးစပ်ထောင့်စွန်းတွေ တွန့်သွားရုံလောက်နဲ့ မရပါဘူး။ ပါးတွေနဲ့ မျက်ခုံးတွေပါ ရွေ့သွားတဲ့ထိ ပြုံးသင့်တာ ဖြစ်ပါတယ်။ ဒီလိုမပြုံးတတ်ဘူးဆိုရင်တော့ တစ်ဖက်လူနဲ့တွေ့တွေ့ခြင်း သူ့မျက်နှာကို ကြည့်ပြီး မိတ်ဆက်တာမျိုး၊ စကားပြောတာမျိုးက ပိုကောင်းပါတယ်။

၆ - မျက်လုံးထဲကြည့်

တစ်ဖက်လူမျက်လုံးကိုကြည့်ဖို့ အရေးကြီးပါတယ်။ ဒီလိုမျက်လုံးချင်းကြည့်ပေးတာဟာ တွေ့တွေ့ချင်းမှာ ရင်းနှီးတယ်ဆိုတဲ့ ခံစားမှုမျိုးကို ရစေပါတယ်။ မျက်လုံးချင်းဆုံတာဟာ ကွယ်ဝှက်ထားတာ မရှိမှု၊ ယုံကြည်ရမှု၊ ရိုးသားမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာတွေနဲ့ ဆက်နွယ်ပတ်သက်မှု ရှိပါတယ်။

 

၇ - ဘယ်လိုပြောတယ်ဆိုတာပဲ အရေးကြီးတယ်

စစတွေ့ချင်းမှာ ဘာအကြောင်း ပြောတယ်ဆိုတာက အရေးမကြီးပါဘူး။ တချို့လူတွေက အထင်ကြီးခံချင်တာကြောင့် တစ်ဖက်လူအထင်ကြီးနိုင်လောက်တဲ့ အကြောင်းအရာတွေကို ပြောတတ်ပါတယ်။ ဒါဟာ ခင်မင်ရင်းနှီးမှုမရတဲ့အပြင် နှစ်ယောက်သားရင်းနှီးမှုရဖို့  ဝေးကွာသွားသလိုပါပဲ။  စတွေ့တွေ့ချင်းမှာ သင်ပြောတဲ့အကြောင်းအရာက အရေးမကြီးဘဲ ဘယ်လိုပြောတယ်ဆိုတာကသာ အရေးကြီးတာ ဖြစ်ပါတယ်။ ပွင့်လင်းရင်းနှီးတဲ့ပုံမျိုးနဲ့ ပြောခြင်းဟာ သင့်ကို ခင်မင်ရင်းနှီးစေပါတယ်။ သင်ပြောတဲ့လေသံ၊ သင့်ပြောဟန်တွေက တစ်ဖက်လူရဲ့ စိတ်ထဲ တံဆိပ်ခတ်နှိပ်နေသလိုပါပဲ။

၈ - တစ်ကိုယ်တော်ရှိုး

 ပြောတာက အရေးမကြီးဘဲပြောဟန်ကသာ အရေးကြီးတယ်ဆိုပြီး  တစ်ကိုယ်တော်ရှိုးပွဲလုပ်သလို တစ်ယောက်တည်း အကြောင်းအရာပေါင်းစုံကို လျှောက်ပြောနေလို့လည်း မရပါဘူး။ သင်နဲ့ နောက်တစ်ခါ စကားပြောဖို့ လန့်သွားစေမယ့် အပြုအမူမျိုး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး  - စကားပြော ကြည်လင်ပြတ်သားသူ ဖြစ်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ)

 

၉ - ချီးကျူး

ချီးကျူးခံရတာကို သင်မကြိုက်ဘူးလား။ ဒါပေမယ့် လူအများစုကတော့ သဘောကျပါတယ်။ မျက်နှာချိုသွေး ချီးကျူးနေတယ်ဆိုတာကို သိရင်တောင်မှ လူတွေက ချီးကျူးခံရတာကိုသဘောကျပါတယ်။ လူတိုင်းဟာ ဂရုစိုက်ခံရတာကို နှစ်သက်ကြပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က