အနားလာပြီး တညောင်ညောင်နဲ့ ကပ်ချွဲတတ်တဲ့ ပူစီလေးတွေက လူတွေကို အရမ်းခင်တွယ်ကြပါတယ်။
 

အမွေးပွပွလေးတွေနဲ့ လူကို တီတီတာတာ ချွဲတတ်တဲ့ ပူစီညောင်လေးတွေဟာ ထင်ထားတာထက် ပိုပြီး သခင်အပေါ် တွယ်တာတတ်ကြကြောင်း Oregon State တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။ ကြောင်တွေကို မတူညီတဲ့ လှုံ့ဆော်မှုအမျိုးမျိုးပေးပြီး သူတို့ရဲ့ရွေးချယ်မှုကိုကြည့်ကာ ကြောင်တွေရဲ့ဖော်ရွေမှုအပေါ် အကဲဖြတ်သုံးသပ်ခဲ့ကြတာပါ။

 

လေ့လာသူတွေက ကြောင်တွေကို အစားအစာနဲ့ လူပုဂ္ဂိုလ်အနက် တစ်ခုကိုသာ ရွေးချယ်ဖို့ အခြေအနေတစ်ခု ဖန်တီးလိုက်ပါတယ်။ အဲ့ဒီအခါမှာ ကြောင်တွေက အစားစားဖို့ထက် လူတွေနဲ့ တရင်းတနှီးနေဖို့ကိုသာ ပိုမိုလိုလားကြတာကို တွေ့ရပါတယ်။ ဒီအကြောင်းကိုတော့ Behavioural Processes ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

လေ့လာမှုမှာတော့ အရွယ်ရောက်ပြီးသား ကြောင် အကောင်ရေ ၅၀ ပါဝင်ခဲ့ပါတယ်။ အိမ်မွေးကြောင်တွေရော ကယ်ဆယ်ရေးစခန်းကကြောင်တွေပါ ပါဝင်ခဲ့တာပါ။ ကြောင်တွေကို လူတွေနဲ့ ထိတွေ့မှု ၊ အစားအစာ၊ ကစားစရာတွေနဲ့ မထိတွေ့အောင် နာရီအနည်းငယ်ကြာ ပိတ်ပင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကြောင်တွေကို အစားအစာပေးခြင်း လူနဲ့တွေ့ပေးခြင်းတို့ ပြုလုပ်ရာမှာ ၅၀ ရာခိုင်နှုန်းက လူတွေနဲ့ထိတွေ့ဖို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ၃၇ ရာခိုင်နှုန်းကတော့ အစားအစာကို ရွေးကြတာ တွေ့ရပါတယ်။ ကျန်တဲ့ကြောင်တွေကတော့ သူတို့စိတ်ကိုဆွဲဆောင်နိုင်တဲ့ အခြားအရာတွေကို ရွေးခဲ့ကြတယ်လို့ သိရပါတယ်။

Source : Newsweek

Share

Loading Next Article...
က္က