အပျော်ရွှင်ဆုံးအလုပ်နဲ့ ကိုယ်အကြိုက်ဆုံးအလုပ်တွေမှာတောင်မှ ဆိုးတဲ့အချက်တွေ ရှိနေတတ်ကြတယ်။
 

လက်ရှိလုပ်နေရတဲ့အလုပ်က ပျင်းရိစရာကောင်းလာတယ်လို့ ခံစားနေရပါသလား။ ဒါတွေကိုချည်း ထပ်ခါတလဲလဲလုပ်နေရလို့ ပင်ပန်းနေပြီလား။ မနက်မိုးလင်းတာနဲ့ အိမ်ကိုကျောခိုင်းပြီး အလုပ်ကိုလာရတာဟာ စိတ်ညစ်စရာ ဝမ်းနည်းစရာအဖြစ်ခံစားနေမိပြီလား။ ကံကောင်းထောက်မစွာနဲ့ပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက် အချက်ကလေးတစ်ချို့ကို တွေ့ရှိထားပါတယ်။



၁။ အရာအားလုံးကို မှန်ကန်တဲ့စိတ်ထားနဲ့ စတင်ပါ

ပျော်ရွှင်မှုဆိုတာ များသောအားဖြင့်တော့ ကိုယ်တိုင်ရွေးချယ်ရတဲ့ အခွင့်အရေးတစ်ခုပါပဲ။ အကောင်းမြင်စိတ်ကိုသာ ရင်ဝယ်ပိုက်ထားရင် ကံကောင်းခြင်းတွေ သင့်ဆီရောက်လာမှာပါ။ အလုပ်နဲ့ပတ်သတ်လာရင် အကောင်းဘက်ကမြင်ကြည့်ပါ။ ကဖျက်ယဖျက်စိတ်တွေ အဝင်မခံပါနဲ့။ ခပ်မြန်မြန်မောင်းထုတ်လိုက်ပါ။ အလုပ်ထဲမှာ ကိုယ့်ကိုပျော်အောင်လုပ်နိုင်တဲ့လူ ဒါမှမဟုတ် ကိုယ်နဲ့အတူတူ ရယ်မောတတ်သူတွေအနားမှာနေပါ။

၂။ အဆိုးတွေကို မောင်းထုတ်ရှင်းလင်းပါ

အလုပ်တိုင်းမှာ အဆိုးမြင်ဝါဒီသမားတွေ ရှိပါတယ်။ သူတို့က ကိစ္စသေးသေးမွှားမွှားလေးတွေကိုတောင် အမြဲတမ်း စောဒကတက်နေကြသူတွေ။ သူတို့နားမှာနေရင်တော့ ကိုယ့်ရဲ့ အကောင်းမြင်စိတ်ကလေးနဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားပါလိမ့်မယ်။ ဖြစ်နိုင်သမျှ ဝေးဝေးရှောင်ပါ။ အရာရာကို မကောင်းတဲ့စိတ်နဲ့ပြောနေတဲ့စကားတွေ ရုံးတွင်းကအတင်းအဖျင်းတွေကို လိုက်ပြီးဖြေရှင်းမနေပါနဲ့။ တကယ်တော့ အတင်းဆိုတာ သူတို့ပြဿနာတွေနဲ့ ကိုယ့်အရည်အချင်းကို အဆိပ်ခပ်နေကြသူတွေဆီက ဆင်းသက်လာတာပါပဲ။

၃။ ကျေးဇူးတင်တတ်ပါစေ

ကျေးဇူးစကားရဲ့ ကြီးမြတ်မြတ်မှုကို သင် ဘယ်တုန်းကမှ လေးလေးနက်နက် မတွက်ဆခဲ့ဘူးမဟုတ်လား။ သင့်အလုပ်ရှင်နဲ့ သင့်လုပ်ဖော်ကိုင်ဘက်တွေကို ကျေးဇူးတင်ပါ။ သူတို့ကို ကျေးဇူးတင်ပါတယ်လို့ ထုတ်ပြောလိုက်တာဟာ လောကဝတ် ယဉ်ကျေးမှုတစ်ခုသာမကဘဲ သူ့တို့အတွက် စိတ်ခွန်အားကို ပေးလိုက်တာဖြစ်တယ်။ သင်က လူတွေကို ကြင်နာတဲ့အခါ သင့်စိတ်ခံစားမှုတွေက သင့်ကို ပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ သင့်နံဘေးက တစ်ချို့လူတွေဟာ သင့်အတွက် ခွန်အားတွေဖြစ်နေတတ်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဖို့ မကြောက်ပါနဲ့။ ဒီလိုပြောလိုက်ရင် သင်နဲ့သူ့ကြားက ပေါင်းသင်းဆက်ဆံရေးဟာ ပိုလို့တောင် ခိုင်မြဲလာပါလိမ့်မယ်။ ဒါ့အပြင် သင့်အပေါ်ကို အသေးအမွှားလေးတွေကအစ သင့်ဆီကို ပိုကောင်းတာလေးတွေ ပေးလာပါလိမ့်မယ်။ အဲ့ဒါ သင့်ကို ပျော်ရွှင်စေမှာပေါ့။

happy-workplace1.jpg 

၄။ သည်းခံနိုင်တဲ့အတိုင်းအတာ

အလုပ်ထဲမှာ ပျော်ချင်တဲ့သင့်အတွက် အရေးကြီးအချက်တွေထဲက တစ်ခုကတော့ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကို ကိုယ်တိုင်သိထားခြင်းပါပဲ။ စိတ်တည်ငြိမ်သူတွေနဲ့ အကောင်းမြင်သမားတွေမှာတောင်မှ ဒေါသစိတ် အနဲငယ်စီ ရှိကြပါတယ်။ သူတို့နဲ့ ပြဿနာမဖြစ်ချင်ဘူးဆိုရင်တော့ သူတို့ သည်းမခံနိုင်လောက်တဲ့အရာတွေကို သွားမထိပါနဲ့။ ကိုယ့်ရဲ့ သည်းခံနိုင်မှုကုန်ဆုံးချိန်ကိုလဲ ကိုယ်တိုင်နားလည်ထားရင် ကိုယ့်ရဲ့အပြစ်အနာအဆာတွေကို ပြုပြင် ဆင်ခြင်မိပြီး မကောင်းတာတွေ မလုပ်မိဖို့ ကန့်သတ်ထားပါ။ ဒီလိုမှမဟုတ်ရင်တော့ ၂ဘက်လုံးမှာ အဆိုးတွေချည်း ဖြစ်လာနိုင်ပါတယ်။

၆။ အလုပ်ရှင်ကို လေးစားပါ

သူဌေးကို ချိုသာပျော့ပြောင်းစွာ လေးစားစွာဆက်ဆံတာနဲ့ မျက်နှာချိုသွေးတာက အကွာကြီးပါ။ အလုပ်ရှင်ကို လေးလေးစားစားဆက်ဆံတဲ့အခါ သင်နဲ့သူ့ကြားမှာ နားလည်မှု ယုံကြည်မှုတွေ တိုးပွားလာပါလိမ့်မယ်။ သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းလဲ ပိုမိုမြင့်မားလာသလို သင့်လစာတွေ အပိုဆုကြေးတွေကိုလဲ ပိုမိုတိုးလာစေပါတယ်။ ရိုးသားကြိုးစားမယ် ပြီးတော့ မြင့်မြင့်မှန်းမယ်ဆိုရင် သင့်ရည်မှန်းချက်တွေပြည့်ဝကာ သင့်ကိုလဲ ပျော်ရွှင်စေမှာဖြစ်တယ်။ ဒေါသကြီးလွယ်တဲ့ အလုပ်ရှင်တွေဟာ ချိုသာပျော့ပြောင်းမှုနဲ့ လေးစားမှုကို မလွန်ဆန်နိုင်တာမို့လို့ အလုပ်ရှင်နှင့် သင့်ကြားမှာ လေးစားစွာနဲ့ သိမ်မွေ့စွာပြောဆိုခြင်းက သင့်ကို အောင်မြင်မှု ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။

 

၆။ အမုန်းဆုံးအလုပ်တစ်ခုကိုဖြေရှင်းခြင်းဖြင့် လုပ်ငန်းစပါ

လူတိုင်းမှာ ကြိုက်တဲ့အလုပ်တွေရော မကြိုက်တဲ့အလုပ်တွေရော ရှိပါတယ်။ ကိုယ်မုန်းတီးရတဲ့အလုပ်တွေ အပါအဝင်ပေါ့။

တကယ်လို့ သင် ဒါမျိုးကြုံလာပြီဆိုရင် သူတို့ကို အရိုးရှင်းဆုံးနည်းလမ်းတွေနဲ့ စတင်ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ အလုပ်အပေါ်စိုးရိမ်မှုတွေကို တိုက်ထုတ်ပစ်ပါ။ ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာကတော့ ရှင်းပါတယ်။ လုံးဝမနှစ်သက်တဲ့အလုပ်တစ်ခုကို ပြုလုပ်ဖို့ ကြုံရတဲ့အခါ ကိုယ်တို့က အချိန်ဆွဲနိုင်သမျှ ဆွဲထားတတ်ကြတယ်။ ဒါပေမဲ့လည်း ဒါကို အနှေးနဲ့အမြန်ဆိုသလို လုပ်ရမှာပဲဆိုတဲ့စိတ်က သင့်ကို လေးလံစေပြီး ပျော်ရွှင်မှုတွေကို ဖျက်ဆီးတတ်ပါတယ်။ ဒီလိုမျိုး မလုပ်ချင်တဲ့အလုပ်ကိုပဲ မနက်ခင်းစောစော လုပ်ငန်းဝင်ခါစတည်းက ဖြေရှင်းပစ်လိုက်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ သင်နှစ်သက်တဲ့အလုပ်တွေက သင့်ကို ပျော်ရွှင်စာ စောင့်နေပါလိမ့်မယ်။ အဲ့တာက ဘာနဲ့တူသလဲဆိုရင် ပေါ့ရွှတ်ရွှတ်အသီးအရွက်တွေစားပြီး သင်အကြိုက်ဆုံးအချိုပွဲကို စားရတာနဲ့ တူပါတယ်။

happy-faces.jpg 

၇။ အပြုံးတွေနဲ့ ဝန်းရံထားပါ

ရယ်မောခြင်းဆိုတာ အလွယ်ကူဆုံးနည်းပါ။ ဒါပေမဲ့ သိပ်အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါ။ အရယ်အပြုံးကင်းတဲ့နေ့ဟာ လူ့ဘဝထဲက နေ့ကောင်းတစ်နေ့ကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါကြောင့် အရမ်းအရမ်းကို အရေးကြီးတဲ့အချက်က သင်ကိုယ်၌ကရော သင့်ပတ်ဝန်းကျင်မှာ အပြုံးတွေနဲ့ တန်ဆာဆင်ပါ။ သင်စိတ်ဓါတ်ကျနေချိန်မှာတောင် ရယ်မောခြင်းက သင့်ကို ပိုမိုတိုးတက်ကောင်းမွန်တဲ့ စိတ်ဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့အရာဆိုတာ သင်နှစ်သက်တဲ့ ဓါတ်ပုံတစ်ပုံလဲ ဖြစ်နိုင်သလို ဟာသတစ်ပုဒ်လဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်နေနေ သင့်အတွက် အဓိပ္ပာယ်ရှိပြီး သင့်ကိုပျော်ရွှင်စေမယ်ဆို အဲ့ဒီလိုအရာတွေနဲ့ နေပါ။ သင့်ကို ပိုမိုပျော်ရွှင်စေတဲ့ လူတွေနဲ့ အရာဝတ္ထုတွေဟာ တိမ်ထူထူကိုဖောက်ထွင်းလာတဲ့ နေရောင်ခြည်နဲ့တူပါတယ်။ သင့်ကိုယ်ရေးကိုယ်တာတွေကြောင့် အလုပ်ထဲမှာ မပြုံးမရယ် ခပ်တည်တည်ကြီးမနေပါနဲ့။

Source : LifeSpan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က