သိဖို့လိုအပ်လို့ သိထားသင့်တာပါ။
 

လူတိုင်းကတော့ အချစ်ရေး သာယာပျော်ရွှင်ချင်တာချည်းပါပဲ။ စိတ်ညစ် စိတ်ရှုပ်နေတာမျိုးတော့ ဘယ်သူက လိုချင်မှာတဲ့လဲ။ ပြီးတော့ ချစ်သူနဲ့ အချိန်တွေအကြာကြီးလည်း လက်တွဲသွားချင်တယ်လေ။ ဒါဆိုရင် သူ့ဆီက ဒါတွေသိထားဖို့တော့ လိုပါတယ်။



၁။ အရင်လူနဲ့ ဘယ်လိုပြတ်သွားတာလဲ

ဒါက သူ့ရဲ့ပုဂ္ဂိုလ်ရေးကို စွက်ဖက်နှောင့်ယှက်တာမဟုတ်ပါဘူး။ သိဖို့လိုအပ်လို့ သိထားသင့်တာပါ။ ကိုယ့်အကြောင်းကိုလည်း ပြောပြထားဖို့ လိုပါတယ်။ ဒါမှသာ နောက်ထပ် အမှားတွေ မကျူးလွန်မိတော့မှာဖြစ်ပါတယ်။

 

၂။ စကားများတိုင်း ဘယ်လိုပြုမူလဲ

အော်ကြီးဟစ်ကျယ် ရန်ဖြစ်သလား၊ စိတ်ကောက်ပြီး မခေါ်မပြောဘဲ နေသလား၊ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်တတ်သူလားဆိုတာ သိထားရပါမယ်။ စရိုက်ချင်းတူနေရင်တော့ ပြဿနာမရှိဘူးလေ။ ကိုယ်က ရန်ဖြစ်လာရင် စကားမပြောချင်ဘူး၊ သူကတော့ လက်ရောက်ကျူးလွန်ချင်တယ်ဆိုရင်တော့ မလွယ်ပါဘူး။ ညှိနှိုင်းထားရမယ့်ကိစ္စပါပဲ။

 

၃။ ကိုယ့်ကိုမကြိုက်တဲ့အရာ

ကိုယ့်ဆီမှာရှိနေတဲ့ အရာတွေ၊ အကျင့်တွေမှာ သူမကြိုက်ဆုံးက ဘာလဲဆိုတာ မေးထားလိုက်ပါ။ နောက်ပြီး သူအရမ်းမုန်းတဲ့အရာတွေကိုလည်း သိထားရမှာပေါ့။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း၊ ခံယူချက်ခြင်း မတူကြပါဘူး။ ဒါပေမဲ့ ကိုယ့်ချစ်သူက ကိုယ်အရမ်းမုန်းတီးရတဲ့အရာကို နှစ်သက်နေလို့လည်း မဖြစ်ဘူးမို့လား။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က