၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။
 

၁၈ နှစ်ပြည့်ပြီဆိုတဲ့အခါ မဲပေးလို့ရပါပြီ။ တရားဝင်လက်ထပ်ထိမ်းမြားလို့ရပါပြီ။ စစ်မှုထမ်းလို့ရပါပြီ။ ဆိုလိုတာကတော့ ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ၁၈ နှစ်ပြည့်တဲ့ သင့်ကလေးကို သင်ပေးပြီးသားဖြစ်ရမယ့် အချက်တွေ ရှိပါတယ်။

၁ - ငွေကြေး စီမံခန့်ခွဲမှု

တချို့မိဘတွေဟာ ငွေကြေးကို ထိထိရောက်ရောက်သုံးစွဲပုံကို သင်ကြားပေးရာမှာ အလွန်ပါးနပ်ပါတယ်။ သင်ကြားပေးလို့ပေးမှန်းမသိအောင် ကလေးမှာ အကျင့်ဖြစ်သွားပါတယ်။ အသက် ၁၈ နှစ်ရောက်လာတဲ့ အခါ သင့်ကလေးဟာ ငွေကြေးကို ကိုယ်ပိုင် စီမံခန့်ခွဲရတော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်ရှိလာတာ၊ ရပ်ဝေးမှာ ကျောင်းတက်တာကစလို့ မိဘတွေ မပါဘဲ ခရီးထွက်တာတွေ ရှိလာမှာဖြစ်ပြီး ငွေကြေးကို ကိုယ်တိုင် သုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ငွေကြေးကို စီမံခန့်ခွဲနိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။ 

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - မြင်မြင်ခြင်း ခင်စရာကောင်းတဲ့လူလို့ ထင်သွားအောင် ဘယ်လိုလုပ်မလဲ)

 

၂ - ခရီးထွက်ပါ

အသက် ၁၈ နှစ်ရောက်လာတဲ့အခါ ကလေးတွေဟာ တစ်ကိုယ်တည်းနေတာများလာပါပြီ။ ငယ်ငယ်တုန်းကလို သင်ဈေးဝယ်သွားရင် လိုက်မှာ မဟုတ်တော့ပါဘူး။ အသက် ၁၅ လောက်ကျော်တာနဲ့ မိဘနဲ့ တတွဲတွဲနေတာမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် သင့်ကလေး အသက် ၁၈ နှစ်ရောက်လာတဲ့အခါ မိသားစုလိုက်ခရီးထွက်တာမျိုးတွေကိုတော့ ဆက်လုပ်ထားသင့်ပါတယ်။ အသက်ကြီးလာတာကြောင့် သင့်ကလေးကို မခေါ်တော့ဘူးဆိုတာမျိုးလည်း မလုပ်သင့်ပါဘူး။ မိသားစုလိုက်ခရီးထွက်တာဟာ မိသားစုနွေးထွေးမှုကို ထိထိရောက်ရောက် ဖြစ်ပေါ်စေပါတယ်။ အသက်ကြီးပေမယ့် မိသားစုရဲ့တန်ဖိုးကို သင့်ကလေးလည်း ဆက်လက်ခံစားမိနေမှာ ဖြစ်ပါတယ်။

 

၃ - အရက်နဲ့ ဆေး

အရက်ကိုတော့ သင့်ကလေးအတွက် အထူးသတိထားပေးပါ။ မသောက်ရဘူး၊ မကောင်းဘူးဆိုပြီး ချုပ်ချယ်တဲ့ စကားမျိုး ပြောတာက အဆင်မပြေပါဘူး။ သူတို့ကတော့ စမ်းသပ်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ သင်ကိုယ်တိုင် သူတို့ရှေ့မှာ အရက်သောက်ပြီးဆိုးဝါးတဲ့ အပြုအမူမျိုးတွေမလုပ်ဖို့ ဖြစ်ပါတယ်။ မိဘတွေ ကိုယ်တိုင် သူတို့ရှေ့မှာ မသောက်ရင် ပိုကောင်းပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို လွပ်လပ်တယ်ဆိုတဲ့ ခံစားမှုမျိုး ပေးထားသင့်ပါတယ်။ ဒါပေမယ့် လွပ်လပ်မှုနဲ့ အတူ တာဝန်ယူမှုလည်း ရှိရမယ်ဆိုတာကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။

 

၄ - အသေးစိတ်ဆွေးနွေး

မိဘအများစုဟာ ဖြစ်ရပ်တစ်ခုကို ကလေးတွေနဲ့ အသေးစိတ်မဆွေးနွေးပါဘူး။ အိမ်ရဲ့ အကြီးအကဲတွေဟာ ကလေးတွေကိုမှ မဟုတ်ဘဲ အိမ်သားတွေရဲ့ ကိစ္စကို အသေးစိတ်ဆွေးနွေးလေ့မရှိပါဘူး။ ကလေးတွေကို အချိန်ပေးပြီး အသေးစိတ်ဆွေးနွေးဖို့ လိုပါတယ်။ ဒီအခါ သူ့ဘက်က ပြဿနာကို အပြည့်အဝ သင်နားလည်ပါမယ်။ ဘယ်ကိစ္စမဆို တစ်ဖက်လူ စကားကို အလေးထားနားထောင်တတ်တဲ့ အကျင့်လည်း ကလေးက သင်ယူသွားမှာ ဖြစ်ပါတယ်။  တချို့ကိစ္စတွေကတော့ မိသားစုထမင်းဝိုင်းမှာ၊ ညဘက်တီဗီကြည့်တဲ့အခါမျိုးမှာ ရယ်ရယ်မောမောနဲ့ မသိလိုက်မသိဘာသာ မေးမြန်းရတာမျိုး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ကြောင်တွေနဲ့ သူငယ်ချင်းဖြစ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်း )

Photos & Source: the spurce

Share

Loading Next Article...
က္က