ကိုယ့်ဘဝနဲ့ကိုယ် ကျေနပ်လွန်းလို့ သံယောဇဉ်အနှောင်အဖွဲ့တွေ တွယ်လာမှာတောင်မကြိုက်တော့တဲ့အထိ ပျော်ရပါလိမ့်မယ်။
 

ဘယ်သူတွေ ဘယ်လိုပဲပြောပြော Single ဘဝလောက် သာယာတာမရှိဘူး။ သွားချင်တဲ့နေရာကို စိတ်လွတ်ကိုယ်လွတ် သွားလို့ရတယ်။ နောက်ဆံတင်းစရာမလိုဘူး။ ကိုယ်က single ဖြစ်နေလို့လည်း ဘာမှအားငယ်နေဖို့မလိုဘူး။ အခုပြောပြမယ့်အရာတွေကိုသာ လိုက်လုပ်ကြည့်မယ်ဆို ကိုယ့်ဘဝနဲ့ကိုယ် ကျေနပ်လွန်းလို့ သံယောဇဉ်အနှောင်အဖွဲ့တွေ တွယ်လာမှာတောင်မကြိုက်တော့တဲ့အထိ ပျော်ရပါလိမ့်မယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ချစ်သူတော်ထား

ချစ်သူနဲ့ချိန်းတွေ့သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ချစ်သူလိုသဘောထားလိုက်လေ။ ရုပ်ရှင်သွားကြည့်၊ ညစာကို ဆိုင်ကောင်းကောင်းလေးမှာ အေးအေးဆေးဆေးစား။ အရမ်းကို

သာသာယာယာဖြစ်နေမှာ။ ကိုယ်ကြိုက်တဲ့ ပန်းစည်းလေးတွေ့ရင်လည်း ဝယ်လိုက်ပေါ့။

 

၂။ လှလှပပနေ

ဝတ်ထားရင် ဆွဲဆောင်မှုရှိတယ်လို့ ခံစားရမယ့် ဖက်ရှင်အသုံးအဆောင်တွေကို ဝယ်လိုက်။ ဒေါက်ဖိနပ်၊ ဂါဝန်၊ Acessorie တွေ ဝတ်ပြီး အပြင်သွားရတဲ့ခံစားချက်က တကယ်မိုက်ပါတယ်။

ဝတ်စားပြင်ဆင်ပြီး မှန်ရှေ့မှာရပ်လိုက်တဲ့အခါ ယုံကြည်မှုအပြည့်နဲ့လှနေတဲ့ မိန်းကလေးက ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးပါပဲ။

 

၃။ ကိုယ့်စိတ်ပျော်အောင်ထား

ဘယ်သူမှမရှိဘူးဆို အိမ်တံခါးတွေ သော့ခတ်ထားပြီး အိမ်ထဲမှာ ကိုယ်နေချင်သလိုနေပြီး လွတ်လပ်မှုကို အပြည့်အဝ ခံစားသင့်ပါတယ်။ ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတာက စိတ်ဖိစီးမှုတွေ

လျော့သွားစေသတဲ့။ ဒါမှမဟုတ်လည်း သီချင်းသံကျယ်ကျယ်ဖွင့်ပြီး တစ်ယောက်တည်း ကခုန်နေလိုက်တဲ့အခါ ပျော်ရွှင်ရပါတယ်။

 

၄။ အထိအတွေ့

ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်စေပြီး စိတ်ခံစားမှု ကောင်းစေဖို့အတွက် အကြောပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေစိမ်ချိုးခြင်းတွေ ပြုလုပ်ကြည့်ပါ။ Body Scrub၊ Spa သွားတာတွေကလည်း

စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

 

၅။ စာရေးပါ

တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါ ချစ်သဝဏ်လွှာလေးတွေ ရေးကြတယ်မဟုတ်လား။ ဒါဆိုရင် ကိုယ်ချစ်တဲ့ တိရစ္ဆာန်၊ အရာဝတ္ထု၊ သက်ရှိ၊ သက်မဲ့တွေအကြောင်းကို ရေးကြည့်လို့လည်း ရတာပေါ့။

Share

Loading Next Article...
က္က