အသက် ၂၀ အရွယ်ဆိုတာ အပျော်ဆုံးအရွယ် မဟုတ်သေးပါဘူး။
 

လူတွေဟာ ဘယ်အသက်အပိုင်းအခြားမှာ အပျော်ဆုံးဖြစ်မလဲဆိုတာ သိပ်ပြီးသိချင်ကြပါတယ်။ ကိုယ်ဆိုလည်း ဘယ်အချိန်လောက်မှ ပျော်နိုင်ပါ့မလားဆိုပြီးတော့ တွေးမိတာပေါ့။ လေ့လာမှုအသစ်တစ်ရပ်ကတော့ လူတွေရဲ့ ပျော်စရာအကောင်းဆုံး အသက်အရွယ်ကို ကောက်ချက်ချနိုင်လိုက်ပါတယ်။

 

အပျော်ရွှင်ရဆံုံးအရွယ်ဆိုတာ အသက် ၅၀ ကျော် ဝန်းကျင် အရွယ်ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။  အသက် ၅၀ ပြည့်ပြီးသူတွေကို ကြည့်မယ်ဆိုရင် ခရီးတွေလည်း ထွက်ခဲ့ကြပြီးပါပြီ။ တချို့ကဆိုရင် ဘာသာစကားအသစ်ကို သင်ယူဖို့တောင် ပြင်နေကြပြီလို့ဆိုတယ်။ ဒါမှမဟုတ်လည်း တူရိယာတစ်ခုခုကို တီးမှုတ်တတ်အောင် သင်ယူဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

 

လေ့လာမှုကိုတော့ အသက် ၅၀ နဲ့အထက် လူပေါင်း ၅၀,၀၀၀ ကို စစ်တမ်းကောက်ယူ မေးမြန်းပြီးနောက် အဖြေတွေကို သုံးသပ်ခြင်းဖြင့် အပျော်ဆုံးအရွယ်ကို ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ ဒီအရွယ်မှာဆိုရင် လူတွေက ကိုယ့်ကိုယ်ကိုယ် စိတ်ရော ရုပ်ရော နုပျိုနေတုန်းပဲလို့ ခံစားမိတတ်ကြပါတယ်။ ပူပင်သောကတွေ လျော့နည်းပြီး ပျော်ရွှင်နေကြတဲ့အရွယ်လည်း ဖြစ်ပါတယ်။

Source : Independent

Share

Loading Next Article...
က္က