ူဒီလိုလူမျိုးကို ချစ်သူတော်ထားမိတာက ဝဋ်ကြွေးတစ်ခုပါပဲ။ ဒါပေမဲ့ ကိုယ်ကပဲအရင် လမ်းခွဲဖို့သတ္တိမွေးစမ်းပါ။
 

လူဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ကြတာချည်း။ ဒါပေမဲ့ ချစ်သူရှိလာပြီ၊ လက်တွဲဖော်အဖြစ် ရည်ရွယ်ထားပြီဆိုရင်တော့ ကိုယ့်အတ္တကို ရှေ့တန်းတင်လို့မရတော့ဘူး။ အပြန်အလှန် ငဲ့ညှာရမယ်၊ နားလည်မှုရှိရမယ်။ တချို့ယောက်ျားတွေကျတော့လည်း ချစ်ရုံချစ်တတ်ပြီး ကိုယ်ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးအပေါ် ငဲ့ညှာမှုမရှိ ကိုယ့်အတွက်ပဲကိုယ်သိကြတာတွေ ရှိလေရဲ့။ ဘယ်လိုမျိုးတွေလဲဆိုတော့......



၁။ သွားလေရာတိုင်း ဓာတ်ပုံရိုက်တယ်၊ ဒါပေမဲ့ သူတစ်ယောက်တည်းပုံတွေပဲရိုက်တယ်။ နှစ်ယောက်တွဲရိုက်ဖို့ဆိုတာ မစဉ်းစားဘူး။

၂။ ကိုယ်ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ အဆင်ပြေ/မပြေ မမေးဘူးဆိုတာ သဝန်မတိုတတ်လို့ စိတ်ချလို့မဟုတ်ပါဘူးနော်။ သင့်ကို ဂရုမစိုက် စိတ်မပူပေးတာပါ။

၃။ သူ့အကြောင်းတွေပဲပြောတယ်။ သူအဆင်ပြေတာတွေ၊ အောင်မြင်မှုတွေကို ကိုယ့်ကိုအမြဲတမ်းပြောနေတယ်။ ကိုယ်ဘယ်လိုဖြစ်နေလဲဆိုတာ မေးဖော်မရဘူး။ အတ္တကြီးလိုက်တာ။

 

၄။ စောင့်ဆိုင်းရတာ စိတ်မရှည်ဘူး။ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်လောက် မသွက်လက်ပါဘူး။ လမ်းလျှောက်တာနှေးမယ်၊ ဘတ်စ်ကားကြပ်လို့ ချောင်တဲ့ကားစောင့်ရင်း နည်းနည်းနောက်ကျမယ်။ တွေ့တဲ့အချိန် အလှဆုံးဖြစ်ချင်လို့ ပြင်ဆင်ရင်း ချိန်းတဲ့အချိန်ထက်နောက်ကျတာကို သည်းမခံနိုင်လောက်အောင် ခပ်ရိုင်းရိုင်းပြောတတ်တာ အတ္တသမားတွေရဲ့အကျင့်ပါ။

၅။ ကိုယ့်အတွက် ကိုယ်ချင်းမစာပေးပါဘူး။ သူကျတော့ ယောက်ျားလေးဘော်ဒါတွေနဲ့ သောက်စားပျော်ပါးတယ်၊ ညလုံးပေါက် လျှောက်သွားတယ်။ ကိုယ်သာ တစ်ရက်လောက် သူငယ်ချင်းတွေနဲ့လျှောက်လည်ကြည့်ပါလား။ ပြောလို့မဆုံး ပြစ်တင်မဆုံးတော့ဘူး။

၆။ သူများမကောင်းကြောင်း အရမ်းပြောတတ်တဲ့ ယောက်ျားတွေက တကယ်တမ်းမှာ စိတ်ပျက်စရာတွေပါပဲ။

 

၇။ ကိုယ့်ဘေးမှာ ရှိနေပေမဲ့ သူတကယ်တမ်းကြည့်နေတာ သူ့ဖုန်းကိုပါ။ ဂိမ်းဆော့ရင်ဆော့၊ မဆော့ရင် ဖေ့စ်ဘွတ်ထိုင်သုံးနေတယ်။ ကိုယ့်ကို အလေးမထားဘူးလေ။

Source : Women Talk


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က