အိမ်ထောင်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာအပြင် အမျိုးသားတွေလိုချင်တဲ့ အခြားအရာတွေ အမြောက်အများရှိပါတယ်။
 

အိမ်ထောင်ပြုတယ်ဆိုတာ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်ရုံသက်သက်မဟုတ်ပါဘူး။ လူတစ်ဦးနဲ့ တစ်ဦး နှစ်ပေါင်းများစွာ အတူနေဖို့ဟာ ခံစားချက်အမြောက်အများပါဝင်နေတဲ့ ကိစ္စပါ။ အိမ်ထောင်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာအပြင် အမျိုးသားတွေလိုချင်တဲ့ အခြားအရာတွေ အမြောက်အများရှိပါတယ်။

၁ - နားလည်မှု

သူတို့အလေးထားလွန်းတာတွေကို သင့်ဘက်က ပေါ့ပျက်ပျက်လုပ်မိတယ်ဆိုရင် တကယ့်ကွိုင်ပါပဲ။ ဒီလောက်ပေါင်းလာတာတောင် နားမလည်သေးဘူးဆိုပြီး ခံစားချက်အမျိုးမျိုး ဖြစ်သွားတတ်ပါတယ်။ သူတို့လိုချင်တာ နားလည်မှုပါ။ သူတို့ကို တခြားလူတွေထက် နားလည်တယ်ဆိုတာမျိုးကို လိုချင်တာပါ။

 

၂ - ခိုင်မာမှု

အမျိုးသားအများစုမှာ သူတို့နှစ်သက်တာ၊ သူတို့စိတ်အားထက်သန်ရာ နယ်ပယ်တွေရှိပါတယ်။ ဒီလိုနယ်ပယ်တွေမှာ သူတို့ရဲ့ အောင်မြင်မှုကို ချီးကျူးပေးတာမျိုး လိုချင်ပါတယ်။ အလွန်အကျွံကြီးတော့ သူတို့ကို ချီးကျူးမြှောက်ပင့်တာမျိုးလည်း မလုပ်သင့်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကို သင့်ဘက်က တန်ဖိုးထားတယ်ဆိုတာကို သူ့ဘက်က သိရုံပါပဲ။

၃ - လက်ခံမှု

အရှိအတိုင်းလက်ခံတာကို သဘောကျပါတယ်။ ဒီလိုလက်မခံဘဲ သူ့ကို ပြောင်းလဲချင်တာမျိုးကို မကြိုက်ပါဘူး။ သူတို့အကျင့်တွေ၊ ပုံစံတွေကို ပြောင်းဖို့ ကြိုးစားရင်း သဘောမကျတတ်ပါဘူး။ ကျန်းမာရေးနဲ့ မိသားစု လုံခြုံရေးက လွဲလို့ ကျန်တဲ့ကိစ္စတွေကို အတင်းပြောင်းလဲတာမျိုး မလုပ်ပါနဲ့။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -အားလပ်ရက်ခရီးမှာ အလုပ်ကိုနောက်ဆံတင်းနေရတာမျိုး မဖြစ်ပါစေနဲ့ )

 

၄ - ငြီးတွား

တစ်ချိန်လုံးငြီးတွားနေတာမျိုးကို မကြိုက်ပါဘူး။ လူသားဖြစ်တာကြောင့် ပင်ပန်းနေတာတွေ၊ အလုပ်ပေါ်အာရုံရောက်နေတာတွေရှိပါတယ်။ ဒီလိုအချိန်မှာ တကယ်အရေးမကြီးတာကို ငြီးတွားနေတာမျိုးသဘောမကျပါဘူး။အကောင်းဆုံးကတော့ စကားပြောဖို့ ပုံမှန်အချိန်လေး သတ်မှတ်ထားပါ။ ဒီအချိန်မှာပဲ အလေ့အကျင့်လုပ်ပြီးပြောပါ။

၅ - လေးစားမှု

သားသမီးနဲ့ ဇနီးမယားရဲ့ လေးစားမှုတွေကို အမျိုးသားတွေက အလေးထားလေ့ရှိပါတယ်။ မလေးမစားပြုမူခံရတဲ့အခါ တချို့ကစိတ်မကောင်းဖြစ်နေတတ်ပြီး၊ တချို့ကတော့ လက်မခံကြောင်းပြတတ်ပါတယ်။ လေးစားမှု ရှိကြောင်းသူ့ကို သိထားစေမှ သင့်ကိုလည်း တလေးတစားပြန်လည်ဆက်ဆံမှာပါ။

 

၆ - ပျော်ရွှင်မှု

သင့်ခင်ပွန်းဟာ သင့်ချစ်သူသာ မကဘဲ သင့်သူငယ်ချင်းလည်း ဖြစ်သင့်ပါတယ်။ သူငယ်ချင်းလိုဆက်ဆံမှုမျိုးဟာလည်း သူတို့မျှော်လင့်တဲ့ ဆက်ဆံရေးတစ်ခုပါ။ ဘာမဆို တိုင်ပင်လို့ရတာ၊ ပြောပြလို့ ရတာမျိုးကို သူ့ဘက်က မျှော်လင့်ပါတယ်။ သင့်ဘက်က ဘာအကြံမှ မပေးနိုင်ဘူးဆိုရင်တောင်မှ သင့်ကိုပြောပြလိုက်တဲ့အတွက် သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ ခံစားမှုမျိုးကို ရပါတယ်။

၇ - ယုံကြည်မှုအားကိုးမှု

သူတို့ချစ်တဲ့လူကို ကာကွယ်ပေးဖို့၊ ထောက်ပံ့ပေးဖို့ အရေးကြီးတယ်လို့ ယောကျာ်းအများစုက ပုံသေတွက်ထားကြပါတယ်။ ဒါကြောင့် ယုံကြည်အားကိုးမှုကို ဇနီးမယားတွေဆီက လိုချင်ပါတယ်။ ယုံကြည်အားကိုးယုံတင်မကဘဲ သူတို့ကို ထောက်ပံ့ပေးတာမျိုး လိုချင်ပါတယ်။

Photos & Source: The Spruce

Share

Loading Next Article...
က္က