ဖူးစာရှာပေးတဲ့ ဝက်ဘ်ဆိုက်တွေကနေ တွေ့ဆုံရင်း အပြင်မှာချိန်းတွေ့ကြတဲ့အခါ အဆင်မပြေတာက များပါတယ်။


" သူပြောခဲ့တုန်းကတော့ သူ့အရပ်က ၆ ပေ ၂ လက်မတဲ့။ စာမှားရိုက်တာလည်း ဖြစ်မှာပေါ့လေ။ တကယ်တမ်း အပြင်မှာလည်းတွေ့ရော သူ့အရပ်က ၅ ပေ ၂ လက်မပဲရှိတယ်"

_ Mikayla B. (အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအနေနဲ့ ခပ်မိမိအမျိုးသားတစ်ဦးကို တွဲချင်ခဲ့ပုံပါ။ မှန်းချက်နဲ့နှမ်းထွက်က ကိုက်ပုံမရလို့ အဆက်ဖြတ်လိုက်ပုံရပါတယ်)

" ချိန်းထားတဲ့နေ့မှာ သူက ၄၅ မိနစ် နောက်ကျပြီးမှ ရောက်လာတယ်။ ရောက်ရောက်ချင်းပြောလိုက်တာလည်း အရမ်းမိုက်တဲ့ နို့သီးခေါင်းလုံးလုံးလေးတွေပဲဆိုပြီး ပြောတယ်လေ။ ပြီးတော့ ကျွန်မရင်ဘတ်ကနေ သူ့အကြည့်တွေ မခွာတော့ဘူး။ နောက်ဆုံးကျတော့လည်း ကျွန်မတို့သောက်ထားတာတွေရဲ့ ကုန်ကျစရိတ်ကိုကြည့်ပြီး ထအော်ပါလေရော"

_ Calen B (အသက် ၃၀ အရွယ်ဆိုတာ အမျိုးသမီးတစ်ဦးအတွက် ရင့်ကျက်ပြီး ရဲရင့်တဲ့အရွယ်လေ။ ဒီအရွယ်မှာတောင် ဒီလိုအပြောခံရတယ်ဆိုတာ ဘယ်လောက်တောင် ဆိုးရွားလိုက်ပါသလဲလို့)

 

" ကျွန်မတို့ ချိန်းတွေ့ကြတော့ သူက သူ့ကားပေါ် ကျွန်မကိုခေါ်တင်လာတယ်။ ကားထဲကိုဝေ့ကြည့်လိုက်တော့ သုံးပြီးသားကွန်ဒွန်ကြီးကို တွေ့တယ်လေ။ ခပ်မြန်မြန်လေးပဲ လမ်းခွဲလိုက်တာပေါ့"

_ Lindsey E (အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံပါ။ ဒီလိုပွေရှုပ်တဲ့လူနဲ့ ရှေ့မဆက်တာ သူမအတွက် ပိုကောင်းပါတယ်)

" ကျွန်မတို့ထိုင်နေတဲ့စားပွဲကို ကောင်မလေးတစ်ယောက် ဒေါသတကြီးရောက်လာတယ်။ အဲ့ဒီမှာ သူက ကျွန်မနဲ့သူဟာ မောင်နှမဝမ်းကွဲတွေဖြစ်ကြောင်း ကောင်မလေးကိုပြောတယ်။ ကျွန်မကိုလည်း ကောင်မလေးက သူ့ချစ်သူပါဆိုပြီး မိတ်ဆက်ပေးတယ်လေ"

 

_ Jenna O (ဂျန်နာက အသက် ၂၅ နှစ် ရှိပါပြီ။ ဘယ်သူ့ရည်းစားကိုမှ စနိုက်ကြော်ချင်တာမဟုတ်ပါဘူး။ ကံကောင်းလို့ ဆံပင်ဆွဲပါးရိုက်မခံရတာပဲ)

ှSource : Cosmo

Share

Loading Next Article...
က္က