မိဘတစ်ဦးအနေနဲ့ ဖေ့စ်ဘွတ်သုံးမယ်ဆို ကိုယ့်ရဲ့သားသမီးအတွက်လည်း ထည့်စဉ်းစားပေးဖို့ လိုပါတယ်။
 

ဒီနေ့ခေတ်မှာ ဖေ့စ်ဘွတ်သုံးတဲ့လူက တစ်နေ့တစ်ခြား ပိုမိုများပြားလာပါတယ်။ အသက်အရွယ်မရွေး ဖေ့စ်ဘွတ်ပေါ်ရောက်လာကြချိန်မှာ ကိုယ်က မိဘတစ်ဦးအနေနဲ့ ဖေ့စ်ဘွတ်သုံးမယ်ဆို ကိုယ့်ရဲ့သားသမီးအတွက်လည်း ထည့်စဉ်းစားပေးဖို့ လိုပါတယ်။

၁။ ပုံတင်ရမလား

မိဘတွေက ကိုယ့်သားသမီးကိုချစ်တဲ့စိတ်နဲ့ ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေရိုက်ပြီး လူမှုကွန်ရက်တွေပေါ်ကို တင်ကြပါတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ ကလေးအတွက် အရှက်ရစေမယ့်ပုံမျိုးတော့ မဖြစ်သင့်ပါဘူး။ ဥပမာပြောရရင် ကလေးရဲ့အဝတ်မပါတဲ့ပုံတွေ၊ အီးညှစ်နေတဲ့ပုံတွေဟာ ငယ်တုန်းမှာချစ်စရာလို့ ထင်ရပေမဲ့ ကလေးအရွယ်ရောက်လာချိန်မှာတော့ ပုံကိုပြန်မြင်ပြီး စိတ်ညစ်သွားနိုင်ပါတယ်။ ကလေးအသက်က ၄ နှစ်လောက်ဆိုရင် နားလည်စပြုလာပြီမို့ ပုံတင်ခါနီးရင် သူတို့ကို " ပုံတင်လိုက်ရမလား" လို့ မေးတတ်တဲ့အကျင့်လေးလုပ်ပါ။ ကလေးရဲ့စိတ်ထဲမှာလည်း အပြန်အလှန်လေးစားသမှု ရှိရမယ်ဆိုတဲ့အသိ ခေါင်းထဲဝင်သွားပါလိမ့်မယ်။

o-SMARTPHONE-PARENTS-facebook.jpg 

၂။ လုံခြံုံမှုရှိပါစေ

ကလေးရဲ့ပုံတွေကို တင်တဲ့အခါ public နဲ့ လုံးဝ (လုံးဝ) မတင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးတစ်ယောက်တည်းပုံတွေကိုပေါ့။ ဘာကြောင့်လဲဆိုတော့ တချို့အပြာဝက်ဘ်ဆိုက်တွေဟာ ကလေးငယ်ရဲ့ပုံတွေကို အသုံးချကြပါတယ်။ ဒီလိုဝက်ဘ်ဆိုက်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်မလာအောင် ကိုယ့်မှာတာဝန်ရှိပါတယ်။

၃။ ကိုယ်ပိုင်အကောင့်

ကလေးအတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တစ်ခု ထားပေးတာကလည်း မဆိုးပါဘူး။ သူ့ရဲ့ပုံတွေ၊ အမှတ်တရတွေကို ကိုယ်ကတင်ပေးထားလို့ရတာပေါ့။ သူအရွယ်ရောက်လာတဲ့အခါမှ သူ့လက်ထဲထည့်ပေးလိုက်မယ်ဆို အမှတ်တရလက်ဆောင်တစ်ခုလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါပေမဲ့ ဒါကိုလည်း public မထားပါနဲ့ဦး။

၄။ တခြားကလေးတွေရဲ့ပုံ

ကိုယ့်သားသမီးနဲ့ ကျောင်းကသူငယ်ချင်းတွေ ဓာတ်ပုံရိုက်ထားတာကို ဖေ့စ်ဘွတ်မှာ တင်မယ်ဆို ကလေးမိဘတွေကို အရင်မေးလိုက်ပါ။ တချို့မိဘတွေက အရွယ်မရောက်သေးတဲ့ သူတို့သားသမီးတွေရဲ့ပုံကို အွန်လိုင်းပေါ်ရောက်သွားတာ မလိုလားပါဘူး။

4175247254_0d1d063004_o_0.jpg 

၅။ အားကျအတုယူစရာဖြစ်ပါစေ

ကိုယ်က မိဘဖြစ်ပြီး ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တွေပေါ်မှာ ပေါက်ကရတွေလုပ်နေမယ်ဆို ကိုယ့်သားသမီးပဲ အရှက်ရမှာ။ အရွယ်ရောက်ပြီးသား ကလေးတွေက သူတို့မိဘ ဘာတွေရေးနေ၊ တင်နေလဲဆိုတာကို မကြာခဏဝင်ကြည့်လေ့ရှိပါတယ်။ ကိုယ်က လူမှုကွန်ရက်ကို အသုံးချပြီး ကောင်းကျိုးတွေရလာတာမျိုးကိုပဲ ကလေးတွေမြင်ပါစေ။ လူမှုကွန်ရက်ဆိုတာ သုံးတတ်ရင် ကိုယ့်အတွက် ကောင်းကျိုးပေးတယ်၊ သုံးတတ်ဖို့တော့လိုတယ်ဆိုတာကိုလည်း ကိုယ်က စံပြအနေနဲ့ လုပ်ပြရပါမယ်။

Source : Realsimpe

Share

Loading Next Article...
က္က