တမင်သက်သက်မရည်ရွယ်ပေမဲ့ သူ့စိတ်ကိုက သင့်ထံတိမ်းညွှတ်နေတာကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ပြုမူနေမိတာတွေပါ။
 

အမျိုးသားတစ်ဦးက ကိုယ့်ကို သဘောကျနေတာလားဆိုတာကို သူ့ဆီတိုက်ရိုက်မေးစရာ မလိုပါဘူး။ သူ့ရဲ့ကိုယ်ဟန်မူရာနဲ့ လှုပ်ရှားမှုတွေကို နည်းနည်းပါးပါး အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ အများကြီးတော့ မဟုတ်ပေမဲ့ ဒီအချက်တွေ အတော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သူက သင့်ကိုသဘောကျနေတယ်လို့ မှတ်ယူနိုင်ပါတယ်။

၁။ ဆံပင်ကိုသပ်တယ်

သူ့ရဲ့ဆံပင်ကို လက်နဲ့သပ်တင်တာကို သင့်ရှေ့မှာ မကြာခဏ ပြုလုပ်တယ် ဆိုရင်တော့ သူ့ကိုယ်သူယုံကြည်မှုရဖို့ ပြုလုပ်ကြတာပါ။ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်နဲ့ တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးကြည့်ကောင်းသွားအောင်လည်း နည်းနည်းလောက်ပြင်ဆင်မိတတ်ကြတာမို့ သူ့အကျႌလေးတွေကို ဆွဲဆန့်တယ်၊ ဆံပင်တွေ သပ်တင်တယ်ဆိုရင်တော့ သူက သင့်ကို သဘောကျတယ်လို့ မှတ်ယူနိုင်ပါတယ်။

၂။ ခါးထောက်တဲ့စတိုင်လ်

တင်ပါးနားမှာ လက်နှစ်ဖက်ကို ထားထားတာမျိုးပါ။ ခပ်လျော့လျော့ ခါးထောက်တာ သို့မဟုတ် ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာက သူစတိုင်လ်ထုတ်နေတာပါ။ သူက စမတ်ဖြစ်တယ်ဆိုတဲ့အသွင် သင့်ကိုပြချင်လို့ ဖြစ်ပါတယ်။

man-talking-dirty-to-sexy-woman-e1439807721855.jpg 

၃။ ကိုယ့်ဘေးမှာရှိတဲ့အခါ

လူအများစုဟာ ကိုယ့်ဘေးမှာရှိတဲ့လူနဲ့ စကားပြောချင်တဲ့အခါ ခြေထောက်တွေနဲ့ ဦးခေါင်းကို အဲ့ဒီလူဆီကို ဦးတည်ထားတတ်ကြပါတယ်။ ဒါမှမဟုတ် စကားပြောချင်လာပြီဆိုရင် ခြေထောက်တွေနဲ့ မျက်နှာကို လှည့်လိုက်ကြတာပဲမဟုတ်လား။ သူ့အတွေးထဲမှာ သင်ရှိနေတဲ့အခါမှာလည်း ထိုနည်းတူပါပဲ။

၄။ စကားပြောသတဲ့

သင့်ဆီကနေ အာရုံစိုက်မှု ရချင်တဲ့အတွက် အချို့ယောက်ျားလေးတွေက စကားတွေဖောင်ဖွဲ့ပြောကြပါတယ်။ ဟာသတွေ ပြောဖို့လည်း ကြိုးစားကြပါတယ်။

၅။ အတုခိုးတယ်

ကိုယ့်အမူအရာတွေကို လိုက်ကူးချတယ်။ ဥပမာ ကိုယ်က မေးထောက်ရင် သူကပါ လိုက်ပြီး မေးထောက်တာမျိုးပေါ့။ တမင်သက်သက်မရည်ရွယ်ပေမဲ့ သူ့စိတ်ကိုက သင့်ထံတိမ်းညွှတ်နေတာကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လိုက်လံအတုခိုးသလို ဖြစ်နေတတ်ပါတယ်။

 

အထက်မှာ ဖော်ပြထားတဲ့ ကိုယ်ဟန်အမူအရာတွေကတော့ အမျိုးသားအများစုထံမှာ တွေ့ရလေ့ရှိတဲ့အရာတွေ ဖြစ်ပါတယ်။ အချို့တွေကတော့ စိတ်လှုပ်ရှားပြီး စကားမပြောကြတာတွေလည်း ရှိပါသေးတယ်။ အချို့ကျပြန်တော့လည်း ကိုယ်စိတ်ဝင်စားကြောင်း တစ်ဖက်သိမှာစိုးလို့ မသိသလို ခပ်တည်တည်နေကြတာတွေလည်း ရှိပါရဲ့။ ဒါပေမဲ့ အထက်ပါအမူအရာ ၅ မျိုးကတော့ တစ်စုံတစ်ယောက်ကို စိတ်လှုပ်ရှားရင်ခုန်တာထက် သဘောကျနှစ်သက်ရင် အလိုလိုဖြစ်လာတတ်တဲ့ အမူရာတွေဖြစ်ပါတယ်။

Source : Brightside

Share

Loading Next Article...
က္က