အချင်းချင်း အပြန်အလှန် နားလည်နိုင်ဖို့ ဝါသနာတွေကို မျှဝေလုပ်ဆောင်ကြည့်တာလည်း မဆိုးလှပါဘူး။
 

လုပ်ငန်းခွင်ထဲကို ရောက်နေပြီးတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူလေးကို အချိန်အများကြီးပေးဖို့ရာ မလွယ်လှပါဘူး။ များသောအားဖြင့်တော့ ညနေဘက်တွေပဲ ဆုံဖြစ်ပြီး ညစာစား စကားပြော အိမ်ပြန်လိုက်ပို့ပေးရုံလောက်ပဲ အချိန်ရပါတယ်။ ဒီလိုဆိုရင်တော့ ချစ်သူလေးက ကြာလာရင် ငြီးငွေ့လာမှာ။ ပါးစပ်က ထုတ်မပြောရင်တောင်မှ သူမကို အချိန်မပေးတဲ့အပေါ် စိတ်မကောင်းဖြစ်နေပါလိမ့်မယ်။ ညစာစားရုံမဟုတ်ဘဲ တခြားချိန်းဆိုတွေ့ဆုံမှုတွေ ပြုလုပ်ပါဦး။

 

၁။ စကိတ်စီး

တကယ်တမ်းကျရင် စကိတ်စီးတာက သင်ရလွယ်ပါတယ်။ စကိတ်စီးလို့ရတဲ့ နေရာတွေလည်း ရှိလာပြီဆိုတော့ စိတ်ဖိစီးမှုတွေ ပျောက်သွားအောင် အတူတူ စကိတ်စီးသင်ကြည့်ပါလား။

dates-are-better-than-dinner-2.jpg 

၂။ အိမ်မှာပဲချက်ပြုတ်စား

စားသောက်ဆိုင်မှာ သွားစားတာကတော့ လွယ်တာပေါ့။ နှစ်ယောက်အတူ ချက်ပြုတ်ပြင်ဆင်ပြီး စကားလေးပြော၊ ဇာတ်ကားလေးကြည့်ကာ ညစာစားရတာကလည်း ကြည်နူးဖို့ကောင်းပါတယ်။

dates-are-better-than-dinner-3.jpg 

၃။ ဝါသနာတွေမျှဝေ

တစ်ယောက်က ဂိမ်းဆော့တာ ဝါသနာပါတယ်၊ ကျန်တစ်ယောက်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ်။ ဒီလိုဆိုရင် နှစ်ယောက်လုံးက အချင်းချင်း အပြန်အလှန် နားလည်နိုင်ဖို့ ဝါသနာတွေကို မျှဝေလုပ်ဆောင်ကြည့်တာလည်း မဆိုးလှပါဘူး။

dates-are-better-than-dinner-5.jpg 

၄။ ကြိုမပြောထားတဲ့ခရီးတို

နေ့ချင်းပြန် ခရီးတိုတွေက သောကြာည သို့မဟုတ် စနေညမှာထွက်ပြီး နောက်တစ်နေ့ ညနေမှာ ပြန်ရောက်ပါတယ်။ နောက်ရက်မှာ အလုပ်လုပ်စရာမရှိဘူးဆိုရင်တော့ သူမကို ကြိုမပြောဘဲ ခေါ်သွားလိုက်ပါ။ ပတ်ဝန်းကျင်အသစ်မှာဆိုတော့ စိတ်တွေလန်းဆန်းလာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုဖေးမ ယုံကြည်လာနိုင်ပါတယ်။

Source : Men Health

Share

Loading Next Article...
က္က