တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ မပြီးဘူး...

ဘယ်လိုပေါင်းသင်းဆက်ဆံမှုမျိုးမှာမဆို အဆင်ပြေဆုံးဆိုတာတောင်မှ အဆင်မပြေမှုတွေ ကြုံရသေးတာပဲ။ ပြဿနာတက် စကားများတာတွေ၊ အထင်လွဲမှုတွေဟာ အနည်းနဲ့အများ ဆိုသလို ကြုံရပြီး ဘေးလူတွေကြောင့်လည်း လမ်းခွဲရတာမျိုး ရှိပါသေးတယ်။ အဆင်မပြေမှုတွေ အခက်အခဲတွေ ရှိနေသည့်တိုင်အောင် ဒီလိုအကျင့်တွေ တူညီစွာရှိနေတဲ့အခါ တွဲလက်တွေမြဲနေနိုင်ကြပါလိမ့်မယ်။

 

၁။ အပြစ်တင်တာ

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လက်ညှိုးထိုးတာတွေမလုပ်ဘူး။ ကိုယ်မှားရင်မှားတယ်၊ သူမှားရင်မှားတယ် ပွင့်ပွင့်လင်းလင်း ပြောရဲတယ်။ ဒီလိုဆိုရင် ဘယ်အခက်အခဲမဆို နှစ်ယောက်အတူ ဖြေရှင်းနိုင်ကြလိမ့်မယ်။

၂။ ဆိုးရွားတဲ့အခြေအနေကို ဟာသလုပ်ပစ်တယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိအားတွေ၊ တာဝန်ဝတ္တရားတွေက အချစ်ရေးအပေါ်လည်း သက်ရောက်မှုရှိလာပါတယ်။ ကွဲရှလွယ်တဲ့ အခြေအနေထိအောင် ရောက်သွားနိုင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် ပျော်အောင် ကြိုးစားနေပေးကြတယ်။ အဆင်မပြေမှုတွေရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နှစ်သိမ့်ပြီး ပျော်စရာတွေ ဖန်တီးကြတယ်။

၃။ လိုအပ်လာရင် ပွင့်ပွင့်လင်းလင်းပြောတယ်

ချစ်သူတွေတိုင်းမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့ အချိန်တွေ ရှိပါတယ်။ ဥပမာအားဖြင့် တစ်ယောက်တည်း သီးသန့်နေချင်တဲ့ အခိုက်အတန့်တွေ၊ သူ့ထံက အကူအညီ လိုတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ လိုပါတယ်။

 

၄။ ကိုယ့်ရဲ့အားနည်းချက်တွေကို မကြောက်ဘူး

ကိုယ့်မှာရှိနေတဲ့ ပြစ်ချက်တွေ၊ အားနည်းမှုတွေကို ထုတ်ပြောရမှာ မကြောက်ပါဘူး။ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပြီး ဟန်ဆောင်လိမ်ညာနေတာကသာ အလိမ်ပေါ်ရင် ပြဿနာဖြစ်မှာပါ။ ဒီတော့ အမှားတွေ ရှိခဲ့တယ်၊ အားနည်းချက်တွေ ရှိတယ်ဆိုရင် ပြောပြထားကြပါတယ်။

၅။ ကိုယ့်စိတ်ကိုနားလည်ပေးဖို့ မမျှော်လင့်ဘူး

လူတစ်ကိုယ် စိတ်တစ်မျိုးပါ။ ကိုယ့်စိတ်ကို သူများက နားလည်ပေးဖို့ဆိုတာ ခက်ခဲတဲ့အရာမှန်း လက်ခံထားကြပါတယ်။ ကိုယ့်စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာကို ကိုယ့်ချစ်သူက မပြောဘဲသိနေစရာမလိုဘူးလို့ လက်ခံထားရင် စိတ်ဆိုးစိတ်ကောက်တာတွေလည်း လျော့သွားတယ်။

၆။ ပြဿနာတွေကို ဖြေရှင်းတယ်

နှစ်ယောက်ကြားမှာ ပြဿနာတွေ ၊ နားလည်မှုလွဲတာတွေ ဖြစ်လာရင်လည်း ဖြေရှင်းလိုက်ကြတယ်။ ရှောင်လွှဲလိုက်တာမျိုး မလုပ်ဘူး။

 

၇။ လက်တွဲမဖြုတ်ချင်ကြဘူး

အဓိကအကျဆုံး အချက်ကတော့ သူနဲ့အတူ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းချင်စိတ် ရှိနေတာပါပဲ။ ဘာတွေဖြစ်လာပါစေ၊ ဘယ်လိုတွေခံစားရပါစေ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်မပြတ်ဘူးဆို ဘယ်အရာကမှ သူတို့ကို ခွဲလို့မရတော့ဘူး။

Source : Huffpost

Share

Loading Next Article...
က္က