စတုတ္ထအချက်က အရမ်းကို အရေးကြီးတယ်..
 

စကားဆိုတာ အများကြီးပြောလို့လည်း မကောင်းပါဘူး။ ကိုယ့်စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ လက်လွှတ်စပယ် ပြောလိုက်မိတဲ့ စကားတွေက တစ်ဖက်သားကို ထိခိုက်နစ်နာစေပြီး သူနဲ့ကိုယ့်ကြားက သံယောဇဉ်ကို ပြတ်တောက်သွားတဲ့အထိ ဖြစ်သွားစေပါတယ်။ ကိုယ့်အနေနဲ့လည်း နောင်တစ်ချိန်မှာ နောင်တရစရာ၊ စိတ်ထိခိုက်စရာတွေ ဖြစ်လာနိုင်တာမို့ စိတ်ဆိုး စိတ်တိုလာတဲ့အခါ နှုတ်ဆိတ်နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

၁။ ၂ စက္ကန့် စည်းမျဉ်း

တစ်စုံတစ်ယောက် စကားပြောပြီးတိုင်းမှာ ၂ စက္ကန့် စောင့်ဆိုင်းပြီးမှ ပြောခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သူပြောတာဆုံးအောင် အရင်နားထောင်ပြီး ကိုယ့်အတွက် စဉ်းစားချိန်နည်းနည်းလောက် ထားပြီးမှ ပြန်ပြောမယ်ဆို ပြောသင့်ပြောထိုက်တာကို ကိုယ်ကသိသွားပြီလေ။

 

၂။ တုံ့ပြန်မှုတွေလျှော့ထား

အဆင်မပြေတဲ့ နေ့ရက်ဆိုတာ လူတိုင်းမှာ ရှိတတ်တယ်။ ကိုယ့်စိတ်မကြည်တဲ့ အခါမျိုးမှာ ကိုယ့်အနားကလူတွေနဲ့ စကားပြောတာကို လျှော့ပါ။ စကားမပြောလေ ကောင်းလေပဲ။ ပြောမိရင် အမှားပါနိုင်တယ်။

၃။ Only me status

အရင်တုန်းကဆိုရင် တစ်ခုခု ခံစားရတာရှိလာပြီဆို ဒိုင်ယာရီထဲမှာ ချရေးကြတယ်။ ခုချိန်မှာတော့ တစ်ခုခုဆို ဖေ့စ်ဘွတ်ပေါ်မှာ ရေးလိုက်ကြတာပဲ။ ဒါပေမဲ့ မရေးသင့်တဲ့အရာတွေနဲ့ လျှို့ဝှက်ထားရမယ့် ခံစားချက်တွေကို လူမြင်အောင် ထုတ်မရေးပါနဲ့။ အရမ်းရေးချင်လာရင် ဘယ်သူမှမမြင်အောင် only me နဲ့ ရေးပါ။ နောက်မှ ပြန်ဖျက်ပေါ့။ သူများကို ပြောလိုက်ရတာထက် ကိုယ့်ဘာသာကိုယ်ပြန်ပြောတာ အများကြီးပိုကောင်းပါတယ်။

 

၄။ မရိုင်းမိစေနဲ့

ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးနေပါ။ ဒေါသထွက်စရာကြုံလာတိုင်း အလျှင်စလို မပေါက်ကွဲလိုက်ပါနဲ့။ " လူဆိုးအဖြစ်မခံနဲ့၊ မရိုင်းပါနဲ့" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။ တစ်ကြိမ်လောက် ရိုင်းပျသောင်းကျန်းလိုက်မိရင် အချိန်အကြာကြီးထိ အမည်းစက်ဖြစ်နေမှာပါ။

၅။ ဆက်မပြောနဲ့တော့

စကားပြောနေရင်း ငြင်းခုံလာပြီ အခြေအတင်ဖြစ်လာပြီဆိုရင် ဆက်မပြောဘဲနေလိုက်တာကောင်းပါတယ်။ ဒါကတော့ နောက်ဆုံးအဆင့်ပေါ့။ ဆက်ပြောနေရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့မရဘဲ ပေါက်ကွဲတော့မယ်ဆို အသာလေးပဲ ထထွက်လာလိုက်ပါ။

Share

Loading Next Article...
က္က