emoji လေးတွေက ချစ်စရာကောင်းပါတယ်။
 

နည်းပညာခေတ်ကြီးထဲမှာ တစ်ခုခု စကားပြောမယ်ဆို အွန်လိုင်းပေါ်ကနေ ပြောလိုက်ကြတာပဲ။ ဖုန်းနဲ့လည်း မက်ဆေ့ပို့ကြတာပဲ။ အဲ့ဒီလိုမျိုး မက်ဆေ့ပို့တဲ့အခါ သင့်ရဲ့စာကိုကြည့်ပြီး သင့်စိတ်ထားကို ခန့်မှန်းလို့ရနိုင်ပါတယ်။ Binghamton University က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ဆိုရင်တော့ သင့်ရဲ့စာပြန်ပုံကိုကြည့်ပြီး နှလုံးသားမရှိတဲ့ အသည်းမာသူကြီးလို့ ခန့်မှန်းနိုင်ပါသတဲ့။

 

သင်ဟာ မက်ဆေ့ပို့တိုင်း စာရဲ့အဆုံးမှာ emoji လေးတွေ ထည့်တတ်တဲ့အကျင့် မရှိဘူးဆိုရင် သင့်စိတ်ဓာတ်က မာကြောပြတ်သားသူလို့ ဆိုတယ်။ ဒီသုတေသနကို ဘွဲ့မရသေးတဲ့ လူငယ် ၁၂၆ ဦးက ပါဝင်ပေးခဲ့ကြပါတယ်။ စာကို သဒ္ဒါမှန်မှန်နဲ့ ခပ်တိုတိုရေးပြီး စာကြောင်းအဆုံးမှာ full stop (မြန်မာလိုဆိုရင်တော့ ပုဒ်မပေါ့)လေးပဲ ချတဲ့ အပြုအမူဟာ တစ်ဖက်သားအတွက်တော့ သိပ်ပြီး စိတ်ကျေနပ်စရာမကောင်းဘူးလို့ ဆိုကြပါတယ်။

 

တစ်စုံတစ်ယောက်ကို စာပို့တဲ့အခါ (သို့မဟုတ်) သူ့ဆီကမက်ဆေ့ကို စာပြန်တဲ့အခါ emoji လေးတွေနဲ့ စာကြောင်းကို အဆုံးသတ်ခြင်းက ကိုယ့်ရဲ့ရင်းနှီးမှုကို ပြသရာရောက်တဲ့သဘောပါပဲ။ ရိုးရိုးရှင်းရှင်း စာပြန်လိုက်တာက အလုပ်သဘောဆန်လွန်းရာရောက်သလို ခံစားချက်သိပ်မရှိဘူးလို့ တစ်ဖက်က ထင်မြင်သွားစေတယ်လေ။ သင်ကိုယ်တိုင်လည်း emoji လေးတွေကို သဘောကျလိမ့်မယ်လို့ ယူဆပါတယ်။

Source : Galmour

Share

Loading Next Article...
က္က