သူတို့နဲ့ပတ်သက်ရင် သင့်ရဲ့ တန်ဖိုးက သိပ်ပြီးထူးထူးခြားခြားမဟုတ်လို့ပါ။
 

ချိန်းပြီးမှ ဖျက်တာဟာ တစ်ဖက်လူအတွက်တော့ ခံရခက်ပါတယ်။ စီစဉ်ထားပြီးမှ ရုတ်တရက်ဖျက်လိုက်တာဟာ အရေးတကြီးကိစ္စပေါ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ဒီလိုမှ မဟုတ်ပါဘူး။ ချိန်းပြီးမှ ဖျက်ရတဲ့အကြောင်းအရင်းတွေ ရှိပါတယ်။

၁ - ပိုခင်ရတဲ့လူမဟုတ်လို့

သူတို့နဲ့ပတ်သက်ရင် သင့်ရဲ့ တန်ဖိုးက သိပ်ပြီးထူးထူးခြားခြားမဟုတ်လို့ပါ။ ဆိုလိုတာကတော့ သင့်ထက်ပိုခင်တဲ့လူ၊ သင့်ထက်ပိုတန်ဖိုးရှိတဲ့လို့ သူတို့ထင်တဲ့လူက လှမ်းဖိတ်တာကြောင့် သင်နဲ့ချိန်းထားတာကို ရုတ်တရက်ဖျက်လိုက်တာပါ။ အစကတည်းက သူတို့ဟာ သင်နဲ့ပြုလုပ်မယ့်အစီစဉ်ကို လေးလေးနက်နက်မရှိသလို သင်နဲ့ ဆုံဖို့ကိုလည်း လေးလေးနက်နက်မရှိတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သင့်ရဲ့ရပိုင်ခွင့် (၅) ခု)

 

၂ - အစီစဉ်

ပိုကောင်းတဲ့အစီစဉ်ကို ကမ်းလှမ်းလာသူရှိလို့ပါ။ ဥပမာ - သူက သောကြာညမှာ ရှိုးပွဲသွားချင်တာပါ။ ဒါပေမယ့် တွဲဖက်မရှိတာကြောင့် သင်တို့နဲ့လိုက်သောက်ဖို့ သဘောတူလိုက်ပါတယ်။ သောကြာနေ့ကြမှ သူခင်ရတဲ့တစ်ယောက်ယောက်က ရှိုးပွဲသွားဖို့ အစီစဉ်ကို ပြောပြလာရင် ဒီလူနဲ့ သူလိုက်သွားမှာပါ။ သူက လူထက် အစီစဉ်ကို ပိုခင်တွယ်နေချိန်ဖြစ်ပါတယ်။

၃ - အရန်

သင့်ကို အရန်ထားတာပါ။ သူ့မှာ ပထမအစီစဉ်ရှိပြီးသားပါ။ တကယ်လို့များ ဒီအစီစဉ်မဖြစ်ခဲ့ရင် သင်နဲ့တွေ့ဖို့ ဖြစ်ပါတယ်။ သူတို့ကို အစီစဉ်ဖြစ်မဖြစ် တေ့တေ့ဆိုင်ဆိုင် မေးကြည့်ရင် ဝေ့လည်ကြောင်ပတ်လုပ်နေတတ်ပါတယ်။ လိုက်မှာလား၊ သွားမှာလားလို့ မေးရင်တော့ ဘယ်တော့မှ မငြင်းပါဘူး။

 

၄ - လက္ခဏာများ

သူတို့ပွဲဖျက်တော့မယ်ဆိုရင် ချိန်းထားတဲ့နေ့ကျမှ ဆက်သွယ်လို့ မရတော့ပါဘူး။ မက်ဆေ့ပို့ရင်လည်း ပြန်မပို့တော့ပါဘူး။ နောက်ဆုံးအချိန်ကျမှ အကြောင်းပြချက်တစ်ခုခုပေးပြီး သူမလာနိုင်ကြောင်း ပြောပါလိမ့်မယ်။ အကြောင်းပြချက်ကတော့ အမျိုးမျိုးပါပဲ။ နေမကောင်းလို့ဆိုတာကစပြီး အဘွားဆေးရုံတင်ရလို့ထိ ပါပါတယ်။

၅ - ပြန်ဆက်သွယ်တယ်

သူတို့ဆီက မမျှော်လင့်တဲ့အချိန်ကျမှ ပြန်ဆက်သွယ်တာမျိုး လုပ်တတ်ပါတယ်။ မမျှော်လင့်တဲ့အချိန်ကျမှ မက်ဆေ့ဂျ်ပို့တာ၊ ဟိုပွဲသွားမှာလား၊ဒီပွဲသွားမှာလား ဆိုတာမျိုး မေးတတ်ပါတယ်။ သောကြာည ဘာလုပ်မှာလည်း ဆိုတာမျိုးပါ။

Photos & Source: adultsocialskills.com

Share

Loading Next Article...
က္က