ဘယ်လောက်အလုပ်များများ မိသားစုကိုတော့ အချိန်ပေးသင့်တာပေါ့။

မိသားစုတစ်စုမှာ မိခင်တွေက သားသမီးတွေနဲ့ ပိုပြီးရင်းနှီးလေ့ ရှိပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖေဖေတို့ကတော့ မေမေတို့လို ကလေးတွေကို အနီးကပ် ပြုစုမပေးနိုင်ပါဘူး။ အလုပ်တွေများလွန်းတော့ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးမနေဖို့တောင် အချိန်မပေးနိုင် ဖြစ်ရပါတယ်။ ကလေးတွေနဲ့မိသားစုကို အချိန်ပေးဂရုစိုက်ခြင်းဟာ သောကတွေပြေလျော့စေတာမို့ ဖေဖေတို့အတွက် ကောင်းကျိုးတောင် ဖြစ်စေပါသေးတယ်။


 

၁။ စကားပြောချိန်သတ်မှတ်

အဝေးကို ရောက်နေတယ်ဆိုရင်တောင် ကလေးတွေနဲ့ အွန်လိုင်းကတစ်ဆင့် video chat ပြုလုပ်နိုင်ပါတယ်။ အချိန်ကိုတော့ သတ်မှတ်ထားပေါ့။ နေ့စဉ် ၁၀ မိနစ်လောက် ပုံမှန်လေး စကားပြောပေးရင်လည်း ကလေးတွေက သင့်ကိုမျှော်နေကြမှာပါ။

၂။ ခြိမ်းခြောက်မာန်မဲခြင်း

ကလေးတွေက ဖခင်ကိုကြောက်ရခြင်းထဲမှာ ဆူပူမာန်မဲလို့ကြောက်တာက များပါတယ်။ ကလေးတွေမှာ အပြစ်လုပ်ထားပြီဆိုရင် ဆူပူမာန်မဲလိုက်တာထက် ဇနီးသည်နဲ့တိုင်ပင်ပြီးပြီး ဖြေရှင်းသင့်ပါတယ်။

၃။ မိသားစုအချိန်

မိသားစုလိုက် လှုပ်ရှားရဆောင်ရွက်ရမယ့်ကိစ္စလေးတွေကို ပြုလုပ်ပါ။ အားကစားပြုလုပ်ခြင်း သို့မဟုတ် ကျောင်းသားမိဘတွေ့ဆုံပွဲ လိုက်သွားခြင်းတွေက ကလေးတွေအတွက်ရော မိဘတွေအတွက်ပါ ကောင်းပါတယ်။

 

၄။ အလုပ်နေရာ

အိမ်မှာ အလုပ်လုပ်ရတဲ့ ဖခင်တွေဆိုရင် ကိုယ့်ရဲ့အလုပ်နေရာကို တိတိကျကျ သတ်မှတ်ထားပါ။ အဲ့ဒီနေရာကို ဘယ်သူမှလာမနှောင့်ယှက်ဖို့လည်း ကြိုပြောထားမယ်ဆို ကလေးတွေကြောင့် အလုပ်လည်းအနှောင့်အယှက်မဖြစ်တော့ပါဘူး။

၅။ အချိန်ဇယား

ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်အလုပ်လုပ်ချိန်ကို ကလေးတွေသိအောင် ပြောပြထားဖို့ကောင်းပါတယ်။ ဘယ်အချိန်မှာ အလုပ်ပြီးမယ်၊ အလုပ်ပြီးရင် ကလေးတွေကို အချိန်ပေးနိုင်တယ်ဆိုတာ သူတို့လေးတွေသိသွားရင် ဖခင်ကိုပိုခင်တွယ်လာပြီး သိတတ်သူလေးတွေ ဖြစ်လာနိုင်ပါတယ်။

 

၆။ ဈေးကြီးတဲ့ပစ္စည်းတွေ

ကလေးတွေနဲ့ အတူမနေတဲ့ဖခင် (ကွာရှင်းထားသောအိမ်ထောင်ရေး)ဆိုရင်တော့ ကလေးတွေနဲ့ တွေ့ချိန်မှာ ဈေးကြီးတဲ့ကစားစရာတွေကိုပဲ ဝယ်သွားသင့်တယ်လို့ မထင်လိုက်ပါနဲ့။ ဈေးကြီးပေးရတဲ့ကစားစရာထက် ဖခင်ရဲ့မေတ္တာကသာ အဓိကပါ။ ပြီးတော့ ကလေးတွေကိုအုပ်ထိန်းနေတဲ့ မိခင်ဖြစ်သူက ဒါတွေကိုမဝယ်ပေးနိုင်ရင် ပိုပြီးစိတ်ဆင်းရဲရပါတယ်။ အချိန်ပေးပြီး စကားပြောပါ၊ ဆော့ကစားပေးပါ။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က