အစားသမားတွေက အဆိုးတွေကြုံခဲ့ပြီးရင် အချိန်ကြာကြာပူဆွေးမနေဘူး။

လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ဝါသနာလေးတွေတော့ ရှိတတ်ကြတယ်။ တစ်ခုခုကို စွဲစွဲလမ်းလမ်း ဖြစ်မိပြီး အဲ့တာကိုပဲ ထပ်တလဲလဲ လုပ်နေတယ်။ အဲ့လိုုလုပ်ရတာကိုလည်း သဘောကျတယ်ဆိုရင် ဝါသနာပဲပေါ့။ လူတစ်ယောက်ရဲ့ဝါသနာက အကျင့်စရိုက်သဘာဝတွေက သူ့ရဲ့စိတ်အခြေအနေကို ခန့်မှန်းလို့ရနိုင်ပါတယ်။

 

၁။ ဂိမ်း

ဘာဂိမ်းကိုပဲဆော့ဆော့ ဂိမ်းဆော့ရတာကြိုက်တဲ့လူတွေက စွန့်စားမှုနဲ့ ထူးခြားဆန်းပြားတာကို ခုံမင်တတ်သူတွေပါ။ တီထွင်ဖန်တီးမှုစွမ်းရည် ကောင်းကြပါတယ်။ အတွေးအခေါ်ကောင်းတွေ ရှိနေတတ်ပေမဲ့ ပေါ့ပျက်ပျက်နေထိုင်တတ်ကြပါသေးတယ်။ အချစ်ကို ဦးစားမပေးတဲ့လူတွေပါ။ တစ်ခါတစ်လေတော့ အဓိကနဲ့သာမညကို မခွဲခြားတတ်ကြဘူး။

 

၂။ စာဖတ်တာ

စာအုပ်စာတမ်းတွေကို စွဲလမ်းခုံမင်သူတွေက တည်ငြိမ်သူကြီးတွေလို့ သတ်မှတ်ကြတယ်မဟုတ်လား။ အမှန်၊အမှားကိုလည်း ဝေဖန်ပိုင်းခြားတတ်သူတွေပါ။ သူတို့က စိတ်ကူးယဉ်ဆန်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းပါးကြပါတယ်။ ချစ်သူအတွက် အကြံကောင်းတွေပေးတယ်၊ နည်းပေးလမ်းပြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျန်ရစ်ဖြစ်တတ်ကြရတာ များပါတယ်။

 

၃။ ရုပ်ရှင်နဲ့ဂီတ

ဒီလိုလူတွေကိုတော့ ခေတ်မီသူတွေလို့ ဆိုကြပါတယ်။ လက်တွေ့လည်းဆန်သလို စိတ်ကူးယဉ်လည်းဆန်တယ်။ သွက်လက်ချက်ချာပြီး စကားပြောကောင်းသူတွေပါ။ အပေါင်းအသင်းလည်း များတတ်ကြတယ်။ အချစ်ကိုကိုးကွယ်လွန်းတာက သူတို့ရဲ့ အဓိကပြဿနာပဲ။ ငွေရေးကြေးရေးပိုင်းမှာလည်း သိပ်ပြီး စည်းစနစ်မကျပါဘူး။

 

၄။ အစားတစ်လိုင်း

အစားအသောက်ကိုပဲ ပိုခုံမင်တယ်။ ခေါင်းထဲမှာ စားဖို့ပဲ တွေးနေတယ်။ သူတို့တွေက မိသားစုကံကောင်းလေ့ရှိပါတယ်။ အထီးကျန်မှာကြောက်လွန်းသူတွေ။ ဘယ်ကိစ္စမဆို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချပြီး ဖြေရှင်းလိုက်ကြတယ်။ တစ်ခုခု ဖြစ်လာရင်လည်း အချိန်ကြာကြာပူဆွေးမနေဘူး။ လုပ်စရာရှိတာ ဆက်လုပ်နေတတ်သူတွေပါ။ အချစ်ရေးမှာတော့ ချစ်သူအနားမှာပဲ အမြဲတမ်းတွယ်ကပ်နေလိုကြသူတွေ ဖြစ်ပါသတဲ့။

 

၅။ ပွဲလမ်းသဘင်

ပါတီတွေသွားမယ်၊ ရှိုးပွဲတွေ၊ EDM ပွဲတွေမှန်သမျှ မလွတ်စေရဘူး။ ဒီလို ဝါသနာပါသူတွေလည်း ရှိတယ်မဟုတ်လား။ သူတို့စိတ်ကိုက လွတ်လွတ်လပ်လပ် နေချင်ကြတာ။ အလှအပလည်းကြိုက်တယ်။ ပျော်ပျော်နေတတ်သူတွေဆိုတော့ လူတွေကဲ့ရဲ့တာလည်း ခံရတယ်။ သူတို့က ဟန်ဆောင်ကောင်းသူတွေပါ။ သူများကို ပျော်အောင်ထားတတ်ပေမဲ့ သူတို့စိတ်ထဲမှာ ခံစားနေရတာတွေကိုတော့ ကခုန်ရင်းနဲ့ပဲ ဖုံးကွယ်လိုက်ကြပါတယ်။ ချစ်သူမမြဲဘူး။ တစ်ယောက်ပြီးတစ်ယောက် ဖြစ်နေတတ်တယ်။

 

၆။ ရှော့ပင်

Shopping ထွက်ရတာကိုပဲ ဝါသနာပါတယ်။ တစ်ခုမဟုတ်တစ်ခုတော့ ဝယ်နေရမှ။ ကုန်တိုက်အသစ်ဖွင့်ပြီဆိုလည်း ထိပ်ဆုံးကရောက်နေနှင့်ပြီ။ အားတာနဲ့ ဈေးဝယ်ထွက်တယ်။ အနည်းဆုံးတော့ အွန်လိုင်းရှော့ပင်တွေကို ထိုင်ကြည့်ပြီး ဘာဝယ်ရမလဲတွေးနေကြသူတွေပါ။ စိတ်ထိခိုက်လွယ်လွန်းသူတွေ။ ငိုလွယ်၊ ရယ်လွယ်တယ်။ တစ်ယောက်တည်းလည်း မနေတတ်ကြဘူး။ အသုံးအဖြုန်းလည်းကြီးတယ်။ ချစ်သူရည်းစား များတတ်ကြသတဲ့။

 

၇။ အားကစား

အားကစားလုပ်ရတာ ဝါသနာပါသူ (သို့မဟုတ်) ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ရတာ ဝါသနာပါသူတွေက သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ကျန်းမာရေးကို ဂရုစိုက်လွန်းသူတွေပါ။ လူကြားထဲမှာ ထင်ပေါ်လိုသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ရှိကြတယ်။ ဘေးလူတွေကိုလည်း သိပ်မငဲ့တတ်လို့ မလိုမုန်းထားခြင်းကို ခံရတတ်ကြပါတယ်။ နှလုံးသားနဲ့ဦးနှောက်ကို ချင့်ချိန်ပိုင်းခြားတတ်သူတွေဆိုတော့ အချစ်ကြောင့်ထိခိုက်နာကျင်ရတာမျိုး ကြုံရခဲသူတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က