မိသားစုနဲ့ ပတ်သက်ရင်လည်း အစာကြီးကတည်းက ဝေ့လည်ကြောင်ပတ်ပြောဆိုထားတာတွေ မရှိသင့်ပါဘူး။
 

နှစ်ရှည်လများ လက်တွဲလာတဲ့အိမ်ထောင်တစ်ခုမှာ အဖုအထစ်လေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း နားလည်မှုက ကြီးမားရင်တော့  ဒီအဖုအထစ်လေးတွေက ဘာမှမဟုတ်တော့ပါဘူး။ အဖုထစ်လေးတွေကနေ ပြသနာကြီးအဆင့်ထိ ဖြစ်မသွားစေဖို့ အိမ်ထောင်တစ်ခုမှာ ဒီအချက်တွေနဲ့ပတ်သက်ရင် လိမ်ပြောတာမျိုး မလုပ်သင့်ပါဘူး။

၁ - မိသားစု

မိသားစုနဲ့ ပတ်သက်ရင်လည်း အစာကြီးကတည်းက ဝေ့လည်ကြောင်ပတ်ပြောဆိုထားတာတွေ မရှိသင့်ပါဘူး။ သူ့မိဘ၊ကိုယ့်မိဘ၊ သူ့ဆွေမျိုး၊ကိုယ့်ဆွေမျိုး နားလည်ပေးရမှာတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က မိသားစုက ဘယ်လိုစရိုက် ဘယ်လိုပုံစံရှိတယ်လို့ တစ်ဖက်က ကြိုသိထားတဲ့အခါ သူ့ဘက်က ရှောင်သင့်တာကိုရှောင်ပြီး သည်းခံသင့်တာကို သည်းခံပေးလို့ရပါတယ်။ မိသားစုနဲ့ပတ်သက်လို့ ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်လည်း ပွင့်ပွင့်လင်းလင်းပြောထားတာကြောင့် မလိုလားတဲ့ ပြဿနာတွေ မဖြစ်တော့ပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အိမ်ထောင်ကျပြီးနောက်ပိုင်း အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့)

 

၂ - ကလေး

သင်တို့နှစ်ဦးရဲ့ ရင်သွေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာလည်း လိမ်လည်ပြောဆိုတာတွေ၊ ဝေ့လည်ကြောင်ပတ်ပြောဆိုတာတွေ မရှိသင့်ပါဘူး။ ကလေးကို အဖေ့ကို ပြန်မပြောနဲ့၊ အမေ့ကို ပြန်မပြောနဲ့ဆိုတဲ့စကားမျိုး မပြောသင့်ဘဲ ဒီလိုပြောရမယ့် ကိစ္စမျိုးကိုလည်း မလုပ်ဆောင်သင့်ပါဘူး။ ကလေးတွေနဲ့ ပတ်သက်ရင် မိဘနှစ်ပါးစလုံးဟာ ရိုးသားမှုနဲ့ပဲ ဆက်ဆံသင့်တာ ဖြစ်ပါတယ်။

၃ - ငွေကြေး

အိမ်ထောင်တစ်ခုမှာ အချိန်ကြာလာတဲ့အခါ ပြသနာအဖြစ်ပွားရဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းရှိသင့်ပါတယ်။ လိမ်ပြောရမယ့်ကိစ္စမျိုးဆို ဘယ်လိုကိစ္စကိုမှ မလုပ်သင့်ပါဘူး။ ဝယ်တာခြမ်းတာတွေအကုန်လုံးဟာ တစ်ဦးကိုတစ်ဦး အသိပေးသင့်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စဟာ နှစ်ဦးသားအမြဲတိုင်ပင်တဲ့ ကိစ္စလည်း ဖြစ်သင့်ပါတယ်။

 

၄ - လိင်

အိမ်ထောင်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ပွင့်ပွင့်လင်းလင်းရှိသင့်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရှိသင့်တာ ဖြစ်ပါတယ်။ ပြောရဆိုရတာဟာ ကို့ယို့ကားယားနိုင်တယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာတော့ လိမ်မပြောသင့်ပါဘူး။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာဟာ နှစ်ဦးစလုံးအတွက် အကျိုးများပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က