လာမယ့် တနင်္ဂနွေနေ့ကို အမေနေ့အဖြစ် နိုင်ငံအတော်များများမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေဟာ နိုင်ငံတကာ အမေနေ့ (International Mother's Day) ဖြစ်တာကြောင့် အမေ့ကို လက်ဆောင်တွေပေးကြပါတယ်။ လက်ဆောင်တွေလည်းပေးရင်း အမေ့အတွက် အမှတ်တရဖြစ်မယ့်အရာလေးတွေ အတူတူဖန်တီးကြရင်ရော မကောင်းဘူးလား?

၁။ နေ့လယ်စာအတူစားမယ်

အပြင်ထွက်ဖို့ အဆင်မပြေဘူးဆိုတဲ့ သားအမိတွေကတော့ အိမ်မှာပဲ အထူးတလည် ချက်ပြုတ်ကြတာပေါ့။ အမေနဲ့တူတူ ဈေးကိုလိုက်သွားပြီး မီးဖိုချောင်မှာလည်း ကူလိုက်ပါဦး။ ပြီးတော့မှ သေသေချာချာ ခင်းကျင်းပြီး အေးအေးလူလူ နေ့လယ်စာအတူစားကြတာလည်း အမှတ်တရဖြစ်မှာပါ။

 

၂။ ရှော့ပင်

အမေမရောက်ဖူးသေးတဲ့ ကုန်တိုက်အသစ်တွေဆီ အမေ့ကိုခေါ်သွားပြီး ဈေးဝယ်ထွက်ပါ။ ဒါက အမေနဲ့ သမီးနဲ့ဆို ပိုကိုက်ညီလိမ့်မယ်။ လိုချင်တာလေးတွေ ဝယ်ပေးရင်း အသစ်အဆန်းတွေကို လိုက်ပြပေါ့။ ဈေးဝယ်ထွက်ရတာ ပျော်စရာကောင်းပါတယ်။ လမ်းလျှောက်ရင်း ပစ္စည်းတွေရွေးရင်းနဲ့ စကားပြောကြတာကို အမေလည်း နှစ်သက်မှာသေချာပါတယ်။

 

၃။ Spa

ကိုယ့်မှာလည်း အလုပ်တွေနဲ့မအား၊ အမေလည်း အိမ်အလုပ်တွေနဲ့ ပင်ပန်းနေတော့ အရင်ရက်တွေဆိုရင် စကားတောင် အေးအေးဆေးဆေး မပြောရဘူးလေ။ သားအမိနှစ်ယောက် spa ကိုသွားပြီး မျက်နှာလေးပေါင်းတင်၊ ခေါင်းလျှော်တာမျိုး လုပ်ကြည့်ပါလား။ အမေလည်း အေးအေးဆေးဆေးနားရ၊ ကိုယ်လည်း နားရတာပေါ့။

 

၄။ ခရီးတို

အဆင်ပြေမယ်ဆိုရင် နေ့ချင်းပြန်ခရီးလေးတွေ အတူသွားသင့်ပါတယ်။ နေ့စဉ်ကျင်လည်နေကြနေရာမဟုတ်တော့ စိတ်ကိုလန်းဆန်းစေပါလိမ့်မယ်။

 

၅။ အမေနဲ့တစ်နေကုန်နေပေး

နောက်ဆုံးအချက်ကတော့ အမေ့နားမှာ တစ်နေကုန်နေပေးတာပါပဲ။ ဘာမှလုပ်မပေးနိုင်ရင်တောင် အချိန်ပေးပြီး အနားမှာနေပေးရုံလောက်နဲ့လည်း အမေတွေက ကြည်နူးမဆုံးဖြစ်ကြပါတယ်။ အရွယ်ရောက်လာတဲ့ သားသမီးတစ်ယောက်ဟာ အမေ့နားမှာ အချိန်ပြည့်နေမပေးနိုင်ကြတော့ဘူးလေ။

Share

Loading Next Article...
က္က