ကိုယ့်စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်နေပြီဆိုရင် အင်တာနက်ပေါ်မှာ အချိန်ဖြုန်းနေဖို့တောင် စိတ်မဝင်စားတော့ပါဘူး။

ဖေ့စ်ဘွတ်က ဘဝကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်ဆိုတော့လည်း ကိုယ့်သူငယ်ချင်းတွေသိအောင် ကိုယ့်အကြောင်းလေးတွေ မျှဝေကြရင်း ပိုရင်းနှီးကြတာပေါ့။ တချို့စုံတွဲတွေကိုကြည့်လိုက်ရင် သိပ်ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ သူတို့အကြောင်းတွေကို ဖေ့စ်ဘွတ်ပေါ်မှာ သိပ်ပြီးတင်လေ့တင်ထမရှိကြဘူး။ ဘာကြောင့်လဲဆိုတော့..

 

၁။ အချစ်ကိုယုံစေချင်

သူတို့အချစ်ရေးက အဆင်ပြေနေတယ်။ ဖေ့စ်ဘွတ်ပေါ် တင်ခြင်း၊ မတင်ခြင်းကလည်း အရေးမကြီးပါဘူး။ ဒါပေမဲ့ သူတို့သူငယ်ချင်းတွေထဲမှာ အချစ်ကိုသိပ်မယုံတဲ့ FA တွေ ရှိနေတဲ့အခါ အဲ့ဒီသူငယ်ချင်းတွေကိုလည်း အချစ်ကိုရှာဖွေလိုစိတ်ပေါ်လာအောင် ပုံတွေတင်ပြကြပါတယ်။

၂။ တကယ်ပျော်နေရင် ဖေ့စ်ဘွတ်တောင်လှည့်မကြည့်ဘူး

ဒါအမှန်ပါပဲ။ ကိုယ့်စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်နေပြီဆိုရင် အင်တာနက်ပေါ်မှာ အချိန်ဖြုန်းနေဖို့တောင် စိတ်မဝင်စားတော့ပါဘူး။ ချစ်သူကို အချိန်ပေးနေရတာနဲ့တင် မအားတော့ဘူးလေ။ နှစ်ယောက်တွဲပုံတွေ တင်ရင်လည်း အိမ်ပြန်ရောက်မှပဲ တင်ဖြစ်တယ်။

 

၃။ စိတ်မချလို့

တချို့တွေကျတော့လည်း ကိုယ့်ချစ်သူက တခြားလူတွေနဲ့ကျူမှာလည်း စိုးရိမ်နေမိတယ်။ တိုက်ရိုက်လည်း မပြောရဲဘူး။ အဲ့ဒီအခါ ရည်းစားရှိမှန်း လူသိအောင် တမင်သက်သက်လုပ်ပြနေကြတာမျိုးလည်း ရှိသေးတယ်။ များများတင်လေလေ စိတ်မချကြောင်း ပိုပေါ်လေလေပဲ။ အချစ်ရေးက သာသာယာယာရှိနေရင် ဒါတွေတင်နေစရာ မလိုဘူးလေ။

၄။ ရန်ဖြစ်တဲ့နေရာမဟုတ်ဘူး

စကားများရန်ဖြစ်တဲ့အခါ အပြင်မှာပဲ ဒဲ့ရှင်းရတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ပြီဆို ပြေလည်သွားမယ့်အစား ပိုဆိုးသွားရော။ ဒါကို ကောင်းကောင်းသိတဲ့ စုံတွဲတွေက ကိစ္စတိုင်းကို ဖေ့စ်ဘွတ်မှာ မရေးကြ မပြောကြတာပါ။ ရှင်းစရာရှိတာ ဒဲ့ရှင်းလိုက်တော့ မြန်မြန်ပြေလည်သွားတယ်လေ။

 

၅။ တခြားနည်းနဲ့သက်သေပြ

တစ်စုံတစ်ယောက်ကို ကိုယ်က ဘယ်လောက်ချစ်တယ်ဆိုတာ နည်းလမ်းပေါင်းများစွာနဲ့ သက်သေပြလို့ရပါတယ်။ ကိုယ့်အချစ်ကို ဖော်ပြနိုင်တဲ့နည်းလမ်းတွေ အများကြီးမှ အများကြီးပါ။ ဒီနည်းတွေကို မသုံးဘဲ အလကားနေ ဖေ့စ်ဘွတ်ပေါ်မှာချည်းပဲ ချစ်ပြနေတယ်ဆိုကတည်းက တကယ့်လက်တွေ့ ချစ်ပြ၊ သက်သေပြနိုင်တဲ့လူ မဟုတ်လို့ပေါ့။ ဖေ့စ်ဘွတ်ပေါ်မှာ လူသိအောင်ချစ်ပြတာက ယုံကြည်စိတ်ချရတဲ့အချစ်လို့ ထင်နေရင် သိပ်ကိုမှားသွားပါလိမ့်မယ်။

Share

Loading Next Article...
က္က