အဲဒီလိုုနဲ့တစ်နေ့မှာတော့ ကျွန်မစိတ်ထဲမှာ သူနဲ့ချစ်သူ ဘဝတုုန်းကလိုု သာယာကြည်နှူးဖွယ်ကောင်းတာ လေးတွေကိုု ပြန်သတိရလာတယ်။

ကျွန်မတိုု့အမျိုးသမီးတွေ အများစုုက ချစ်သူဘဝတုုန်းက ရရှိခဲ့ဖူးတဲ့ သာယာကြည်နူးဖွယ်အချိန်လေးတွေကိုု အမြဲတမ်း အမှတ်တရနဲ့ သတနေတတ်ကြတယ်။ ဒါပေမဲ့ ချစ်သူဘဝတုုန်းကလိုု သာယာပျော်ရွှင်မှုမျိုးကိုု နောက်တစ်ကြိမ်ပြန်လည်ရရှိအောင် အားထုုတ်ကြိုးပမ်းဖိုု့ကိုုတော့မေ့နေတဲ့အိမ်ရှင်မတွေက များပါတယ်။ ချစ်သူဘဝတုုန်းကလိုု သာယာပျော်ရွှင်ဖွယ်ရဖိုု့အတွက် နောက် ချစ်သူထားဖိုု့(အိမ်ထောင်ရေး ဖောက်ပြန်ဖိုု့) ပြောတာ မဟုုတ်ပါဘူး၊ ကိုုယ့်ခင်ပွန်းနဲ့ ချစ်သူဘဝတုုန်းကလိုု သာယာကြည်နှူးဖွယ်ကောင်းတဲ့ အခြေအနေနဲ့ အနေအထားကိုု မကြာခဏ ပြန်သွားသင့်တယ်လိုု့ဆိုုလိုုခြင်းဖြစ်ပါတယ်။

18492139_10210649047396859_1293818841_n.jpg

ကိုုယ်နဲ့ချစ်သူ ချစ်သူဘဝသက်တမ်းကိုဖြတ်သန်းပြီးမှ လက်ထပ်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်တယ်ဆိုရင် တောင်မှ ချစ်သူဘဝတုန်းကလိုု သာယာပျော်ရွှင်ဖွယ်ရာအခြေအနေတွေကိုု မကြာခဏပြန်ပြန်သွားကြဖိုု့လည်း အကြောင်းကြောင်းတွေကြောင့် မေ့လျော့ပျက်ကွက်နေခဲ့ကြပါတယ်။ ကျွန်မနဲ့မောင်က ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတော့လည်း သားကြီး၊ သမီးကြီးတွေ မွေးဖွားပြီးချိန်ထိ ချစ်သူဘဝတုန်းကလိုု သာယာပျော်ရွှင်မှုတွေက ပျောက်ဆုံုးနေပြန်တယ်။ ဒါကလည်း မိသားစုု စားဝတ်နေရေး၊ လူမှုရေး စတဲ့ အရေးအရေးတွေနဲ့လောကဓံဆိုုးတွေကြောင့် ကျွန်မတိုု့ရဲ့ အိမ်ထောင်ရေးဟာ ငြီးငွေ့ဖွယ်ကောင်းလာခဲ့ပါတယ်။

အဲဒီတုုန်းကဆိုု ကျွန်မစိတ်ထဲမှာ အော်…ဘာကြောင့်များ ငါအိမ်ထောင်ပြုခဲ့မိပါလိမ့်၊ အိမ်ထောင်သာ မပြုခဲ့ရင် …ဆိုုတဲ့ အတွေးဆိုုးတွေလည်း မကြာခဏဝင်ရောက်ခဲ့ပြီး အိမ်ထောင်ဘက်အပေါ်မှာလည်း ကျေနပ်နှစ်သိမ့်မှု မရှိပါဘူး။ သားသမီးတွေကြောင့်သာ ဒီအိမ်ထောင်ကိုု မပြိုကွဲအောင်နေထိုုင်နေရပေမဲ့ အိမ်ထောင်ရေးရဲ့ သာယာအေးချမ်းမှုတွေ ပျောက်ဆုံုးနေတာ လေးငါးနှစ်မက ကြာမြင့်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ ကိုုယ်က စီးပွားရေးကိုု အာရုံုစိုုက်နေလိုု့သာ ဒီလိုုအခြေအနေကိုု ဖြတ်သန်းနိုုင်တာပါ၊ နိုု့မိုု့ဆိုုရင်တော့သူနဲ့ကျွန်မ အိမ်ထောင်ရေးဟာလည်း မတွေးဝံ့စရာပါပဲ။

အဲဒီလိုုနဲ့တစ်နေ့မှာတော့ ကျွန်မစိတ်ထဲမှာ သူနဲ့ချစ်သူ ဘဝတုုန်းကလိုု သာယာကြည်နှူးဖွယ်ကောင်းတာ လေးတွေကိုု ပြန်သတိရလာတယ်။ အဲဒီလိုု နေချင်လိုုက်တာလိုု့လည်း တမ်းတမိပါတယ်။ ဒီလိုုနဲ့ ကျွန်မတိုု့ မိသားစုုလိုုက် ခရီးသွားဖိုု့စဉ်းစားခဲ့ကြတယ်။ ပြီးတော့ သူနဲ့နှစ်ဦးတည်ချိန်းတွေ့ပြီး ကြည်နှူးစွာ နေထိုုင်ဖိုု့ကိုု သဘောတူခဲ့ကြတယ်။ ချိန်းတွေ့တဲ့ အခါမှာလည်း ချစ်သူဘဝတုုန်းကလိုုပဲ သူစိတ်ချမ်းသာဖိုု့သူ စိတ်ကျေနပ်ဖိုု့ကိုုပဲ ဦးစားပေး စဉ်းစားကြပါတယ်။

 

အဲဒီနေ့မှာ သူ ဘာအင်္ကျီဝတ်မလဲ၊ ကျွန်မ စီစဉ်မပေးဘူး၊ သူ့ဟာသူ သူ့စိတ်တိုုင်းကျ ဝတ်ချင်တာ ဝတ်ပါ၊ ကျွန်မကလည်း ဝတ်ချင်တာ လွတ်လပ်ပေါ့ပါးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ အဲဒီနေ့မှာ သူက ဘာပြောပြော ကျွန်မက သူစိတ်ချမ်းသာဖိုု့တစ်ခုုတည်းကိုုပဲ ဦးတည်ပေးမယ်၊ သူနဲ့ပြန်လှန်ငြင်းခုံုတာမျိုုး တွေလည်း လုုပ်ချင်မှလုုပ်မယ်။ သူကလည်း ကျွန်မ စားချင်တဲ့ မုုန့်ကအစ အစားအသောက်အစုံ ဝယ်ကျွေးမယ်။ ချစ်သူတုုန်းကလိုု နှစ်ယောက်အတူတူ ပျော်ရွှင်ကြည်နှူးအောင် နေထိုုင်ကြမယ်။ နောက်မိသားစုုနေ့မှာလည်း အားလုံုးအတူတူ ပျော်ရွှင်အောင် နေထိုုင်ကြမယ်ပေါ့၊ မိသားစုုနေ့ဆိုုရင် တစ်နေကုုန် မိသားစုု အတူတူ ရှိနေတယ်။ နံနက်စာ ကနေစပြီး ညစာ အထိ အတူတူ၊ ပြီးတော့ အားလပ်ရက်မိုု့ဘုုရားသွားကြမလား၊ အိမ်အလုပ်တွေ လုုပ်မလား၊ တစ်နေကုုန် ဗွီဒီယိုု ဇာတ်ကားတွေ အတူတူကြည့်ကြမလား။ တကယ်ပဲ စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးတယ်။ တစ်ပတ်လုံုး ပင်ပန်းနွမ်းနယ်ခဲ့တာတွေလည်း ပြေပျောက်ပါတယ်။

ဒါကပဲ ကျွန်မကိုု စိတ်အေးချမ်းသာယာမှုကိုု ဖြစ်စေသလား။ ဒါကြောင့်အိမ်ရှင်မတွေကိုု အကြံပြုချင်ပါတယ်။ ခင်ပွန်းသည်နဲ့ ချိန်းတွေ့ပါ။ ချိန်းတွေ့ဖိုု့လည်း ပြင်ဆင်ပါနော်။ အချို့ကလည်း မိသားစုုအတူတူ သွားလာကြရင်း နှစ်ဦးတည်း ကြည်နှူးစရာဖြစ်အောင် ပြောဆိုုတာမျိုးလည်း ရှိပါတယ်။ ဒါကလည်း သာယာကြည်နှူးစေပါတယ်။ ရုုပ်ပိုုင်းဆိုုင်ရာအားဖြင့်ကိုုယ့်ကိုု လှနေအောင် တင့်တယ်ပြီး ကျက်သရေ ရှိနေအောင် ကြိုပြင်ထားပါ။ အဲဒီနေ့မှာ ဝတ်မဲ့အင်္ကျီကအစ ရွေးချယ်ထားပါ၊ အကြည့်ခံနိုုင်မဲ့ အလှမျိုးဖြစ်အောင် ပြင်ဆင်ပါနော်။

စိတ်ပိုုင်းဆိုုင်ရာကတော့အဲဒီနေ့မှာ သူ့ကိုု အစွမ်းကုုန်နားလည်ပေးမယ်၊ သူစိတ်ချမ်းသာအောင် ထားမယ် ဆိုုတဲ့စိတ်ကိုု ပြင်ဆင်ထားပါ၊ စိတ်တိုုတတ်တဲ့ အိမ်ရှင်မများ အဲဒီနေ့မှာ စိတ်အေးချမ်းဖိုု့နဲ့ စိတ်ရှည် သည်းခံနိုုင်ဖိုု့ တရားထိုုင်ထားပါ၊ မေတ္တာပိုု့တာတွေ ဘာတွေနဲ့ စိတ်ပိုုင်းဆိုုင်ရာအတွက် ပြင်ဆင်ထားပါနော်။ ကိုုယ့်ခင်ပွန်း(သိုု့မဟုုတ်) ဇနီးသည်က သာယာကြည်နှူးမှုကိုု လိုုလားနေချိန်မှာ ကိုုယ်က မပေးနိုုင်ခဲ့ဘူး ဆိုုရင် သူက ပေးနိုုင်တဲ့သူအပေါ်မှာ သာယာသွားတတ်တယ်ဆိုုတာကိုုလည်း သတိပြုသင့်ပါတယ်။

 

ဒါကြောင့် ကိုုယ့်မိသားစုု မပြိုကွဲဖိုု့ အတွက် မိသားစုုဘဝမှာ သာယာပျော်ရွှင်ကြဖိုု့ လိုုပါတယ်။ ပိုုက်ဆံရှိမှ အရာရာပြည့်စုံုမှ ဒီလိုုပျော်ရွင်ကြတာပေါ့ဆိုုရင် မပြည့်စုံုခင်မှာ ခွဲခွာသွားတဲ့သူတွေ ရှိလာနိုုင်ပါတယ်။ အဲဒီအခါ နောင်တရစိတ်နဲ့ ဘဝကိုု ဖြတ်သန်းကြမှာမျိုးလည်း မဖြစ်စေချင်ပါဘူး။ တကယ်တော့ သားတွေသမီးတွေရဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာကိုု နားလည်စေဖိုု့မိဘတွေရဲ့ချစ်ခြင်းမေတ္တာကနေ သင်ယူကြတာပါ။ ဒါကြောင့် သားသမီးတွေရဲ့အနာဂတ် စိတ်ဒဏ်ရာကင်းကင်းနဲ့ ကြီးပြင်းစေဖိုု့။ သူတိုု့ဘဝလေးတွေ လှပစေဖိုု့ မိဘတွေ အနေနဲ့ မိသားစုုဘဝဆိုုတာ သာယာအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းဖိုု့ ကြိုးစားအားထုုတ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ တကယ်တမ်း ဘဝခရီးရှည်ကိုု လျှောက်ကြတဲ့အခါ မိသားစုုအတွက် ချစ်ခြင်းမေတ္တာ အရေးကြီးတယ်ဆိုုတာကိုု ကျွန်မ လက်ခံလာခဲ့တယ်။ လောကဓံအဆိုုးကိုု ဖြတ်သန်းကြတဲ့အခါ သူနဲ့ကိုုယ်နဲ့ အတူတူလက်တွဲပြီး ဖြတ်သန်းနိုုင်ဖိုု့က သူနဲ့ကိုုယ်နဲ့ ထားရှိတဲ့ အပြန်အလှန် ချစ်ခြင်းမေတ္တာပါ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ အိမ်ထောင်ရေးမှာတော့တကယ့်ချစ်ခြင်းမေတ္တာက အရေးကြီးတယ်ဆိုုတာကတော့အမှန်ပါပဲ။ ဒါကြောင့်ချစ်ခြင်းမေတ္တာတွေကိုု မကြာခဏနှိုးဆွပေးရာရောက်တဲ့ ကိုုယ့်ခင်ပွန်းနဲ့တစ်လကိုု တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ချိန်းတွေ့ပါလိုု့ တိုုက်တွန်းပါရစေ၊ မိသားစုုနဲ့ဆိုုရင်တော့အပတ်စဉ် မိသားစုုနေ့လေး သတ်မှတ်ထားပြီး မိသားစုုအတူတူပျော်ရွှင်ပါနော်။

အချို့က အတွန့်တက်ပါသေးတယ်၊ ပိုုက်ဆံမရှိရင် မလုုပ်နိုုင်ဘူးဆိုုတာမျိုးပါ၊ တကယ်တော့ မိသားစုုနဲ့ သာယာစွာနေထိုုင်ချင်စိတ်က အရေးကြီးတာပါ၊ အဲဒီလိုု နေထိုုင်ချင်လာတဲ့အခါ ပိုုက်ဆံကိုုလည်း အဲဒီလိုု သွားလာဖိုု့ ကြိုးစားရှာတော့မှာပါ။ ဒီလိုု မိသားစုုလေး သွားလာတာက သူငယ်ချင်းနဲ့ ဘီယာဆိုုင်ထိုုင်တာ လောက်ပဲ ကုုန်ကျပါတယ်။ အဲဒီလိုု သောက်စားမဲ့အစား ကိုယ့်ဇနီးနဲ့ သားသမီးတွေကိုု ခေါ်ပြီး ဟိုုဟိုုဒီဒီ ခရီးလေးသွားလိုုက်တာ ဘဝရေးအတွက် ရင်းနှီးမြှုပ်နှံလိုုက်သလိုုပဲ ဆိုုတာကိုုလည်း သဘောပေါက် နားလည်စေချင်ပါတယ်။ မတူတဲ့အမြင်များကိုုလည်း ဆွေးနွေးပေးဖိုု့ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Source: MMK

Share

Loading Next Article...
က္က