" ဆက်ဆီကျတယ်" လို့ ကိုယ့်ကိုယ်ကိုယ်ပြောတတ်တဲ့ အမျိုးသားတွေကို စိတ်ဝင်စားရဲ့လား?

လူမှုကွန်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားမျိုးလဲဆိုတာ ကိုယ်တိုင်ဖော်ပြထားပုံက ချစ်သူရဖို့ ခက်ခဲနိုင်ကြောင်း ဖူးစာရှာဖွေရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

ဖူးစာရှာဖွေရေး application သို့မဟုတ် ဝက်ဘ်ဆိုက်တွေမှာ ကိုယ့်ကိုယ်ကိုယ် "ရှက်ကြောက်တတ်သူ" " ပျော်ရွှင်မှု" "ယုံကြည်မှု/ယုံကြည်ထိုက်သူ" စတဲ့ စကားလုံးတွေနဲ့ သတ်မှတ်ထားရင် ဆန့်ကျင်ဘက်လိင်ကို လွှမ်းမိုးနိုင်မှု နည်းသွားစေတယ်တဲ့။ တစ်ဖက်က ကိုယ့်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားနိုင်တယ်လို့ လူမှုရေးရာကျွမ်းကျင်သူပုဂ္ဂိုလ်တွေက ကောက်ချက်ချထားပါတယ်။

 

ဒါကိုလည်းပဲ လူပေါင်း ၄၀၀,၀၀၀ ထံမှာ မေးမြန်းစုံစမ်းကာ စစ်တမ်းကောက်ယူခဲ့ပြီး ရလာတဲ့အဖြေတွေကိုကြည့်ကာ ကောက်ချက်ချထားခြင်း ဖြစ်ပါတယ်။ ဖြေဆိုသူ အမျိုးသမီး၊ အမျိုးသား ၄၀၀,၀၀၀ လုံးမှာမှ အားလုံးဟာ အချစ်သစ်ရှာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူနဲ့ ချစ်သူဖြစ်ချင်ကြတာကို တွေ့ရပါတယ်။ စိတ်ခံစားချက်တွေကို ဦးစားပေးဖော်ပြထားရင် ချစ်သူရဖို့ ခက်ခဲတဲ့သဘောပါပဲ။

 

ကိုယ့်ကိုယ်ကိုယ် " ပျော်ရွှင်မှု" နဲ့ ဆိုင်တဲ့ စကားလုံးနဲ့ ဖော်ပြထားတဲ့ အမျိုးသမီးတွေကိုတော့ အမျိုးသားတွေက စိတ်ဝင်စားမှုအရမ်းနည်းပါသတဲ့။ အမျိုးသမီးတွေကတော့ " ဆက်ဆီကျတယ်" လို့ ကိုယ့်ကိုယ်ကိုယ်ပြောတတ်တဲ့ အမျိုးသားတွေကို စိတ်မဝင်စားကြတာကို မေးမြန်းမှုအရ သိရပါတယ်။ ဘယ်လိုစကားလုံးမျိုးတွေက ဆန့်ကျင်ဘက်လိင်ရဲ့ အာရုံစိုက်မှုကို ရနိုင်ပြီး ဘယ်လိုစကားမျိုးတွေက ဆွဲဆောင်နိုင်သလဲဆိုတာကိုတော့ ပုံကိုကြည့်ရင် သိပါလိမ့်မယ်။

Source : Daily Mail

Share

Loading Next Article...
က္က