အဓိကအချက်ကတော့ အခြားလူတွေ ဘယ်လိုထင်မလဲဆိုတဲ့စိတ်ပါ။
 

တစ်စုံတစ်ယောက်ဆီက အကူအညီယူဖို့ ချီတုံ့ချီချဖြစ်နေရတဲ့အကြောင်းအရင်းတွေ အမြောက်အများရှိနိုင်ပါတယ်။ အဓိကအချက်ကတော့ အခြားလူတွေ ဘယ်လိုထင်မလဲဆိုတဲ့စိတ်ပါ။  ခွဲခြားကြည့်ရင် ဒီလိုတွေ့ရမှာပါ။

၁ - အကူအညီမလိုဘူး

အကူအညီမလိုဘူးလို့ သင် ခံစားနေရပါတယ်။ ဒါမှမဟုတ် အကူအညီပေးတာဟာ သင့်ရဲ့ လွပ်လပ်ခွင့်ကို ခြိမ်းခြောက်တာလို့ ယူဆတာပါ။ အထူးသဖြင့် ခပ်ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့လူတွေမှာ ဖြစ်တတ်ပါတယ်။ တစ်စုံတစ်ယောက်ဆီက အကူအညီယူရတာဟာ ကိုယ့်ကိုယ်ကိုယ် မစွမ်းနိုင်တဲ့လူလို ခံစားရတာ ဖြစ်ပါတယ်။

 

၂ - တာဝန်

ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ စိတ်ကြောင့်ပါ။ ဒီအသက်အရွယ်မှာ ကိုယ့်ဘာကိုယ်ပဲ ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ကြီးကို ပုံသေသတ်မှတ်ထားတာပါ။  ရလဒ်အနေနဲ့ကတော့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုတောင် အကူအညီမတောင်းသင့်ဘူးလို့ ယုံကြည်မိနေတာပါ။

၃ - ငြင်းခံရမှာကြောက်တယ်

အကူအညီတောင်းပေမယ့် ငြင်းခံရမှာ ကြောက်တာပါ။ လူတော်တော်များများဖြစ်တတ်ပါတယ်။ ဖြစ်ပွားနေတဲ့ ပြသာနာက သိပ်မကြီးမားတဲ့အခါမှာ အကူအညီမတောင်းချင်တာလည်း ဖြစ်နိုင်ပါတယ်။  အကူအညီတောင်းလို့ ငြင်းလိုက်ရင် ဖြစ်ပေါ်လာမယ့် ခံစားချက်ကို ပိုကြောက်လို့ပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ဒေါက်မြင့်ဖိနပ် ကြိုက်သူတွေအတွက် လျှို့ဝှက်ချက်လေး (၇) ခု )

 

၄ - အရှုံးသမားကြီး

အရှုံးသမားကြီးလို့ ကိုယ့်ကို လူတွေထင်မှာ စိုးလို့ပါ။  တစ်စုံတစ်ယောက်ဆီက အကူအညီယူရတဲ့အခါ အကူအညီပေးတဲ့လူက ကိုယ့်ကို အရှုံးသမားကြီးလို့ မြင်နေမှာ၊ အကူအညီတွေတောင် ယူရလောက်အောင် အရှုံးသမားကြီးဖြစ်နေပြီလို့ အခြားလူတွေက ထင်နေမှာကို စိုးရိမ်တာပါ။ အကူအညီယူရတာဟာ ကိုယ့်ရဲ့ မကျွမ်းကျင်မှု၊ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကို ပြလိုက်သလို ဖြစ်တယ်လို့လည်း ထင်နေတာပါ။

၅ - အပြန်အလှန်ကူညီမှု

တကယ်တော့ လူဟာ အဖွဲ့အစည်းနဲ့ ရပ်တည်သူပါ။ အရည်အချင်းတူ၊ ညဏ်တူတဲ့အခါ အပေါင်းအသင်းအဆက်အသွယ်ကောင်းသူက သာတယ်ဆိုတာဟာ အားလုံးလက်ခံထားပြီးသားပါ။ အပြန်အလှန်ကူညီမှုနဲ့ လျှောက်လှမ်းရတာ ဖြစ်ပါတယ်။ အရင်ဆုံး သင့်အားနည်းချက်တွေကို လက်ခံရမှာဖြစ်ပါတယ်။ အားနည်းချက်တွေတင်သာမက အားသာချက်ကိုလည်း မြင်တတ်ရမှာပါ။ အရှိကို အရှိတိုင်းမြင်ပြီဆိုရင် တခြားလူတွေက ဘယ်လိုထင်မယ်ဆိုတာကို ဂရုမစိုက်တော့ပါဘူး။ ကိုယ့်အကြောင်း ဘယ်သူမှ ကိုယ့်လောက်မသိတော့လို့ပါ။ ဘယ်သူမှ ကိုယ့်ကို ထင်မြင်ချက်လာပေးလို့မရတော့ပါဘူး။ အပြန်အလှန်ကူညီရင်း ဘဝကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က