တော်ဝင်မင်းသမီးလေးဘဝထက် ချစ်သူကိုသာ ရွေးချယ်လိုက်ပါတယ်။
 

ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာကို ပြောရရင် အချစ်လို့ တင်စားရမလားပဲ။ အချစ်ကြောင့် သတ္တိတွေရှိလာသလို အချစ်ကြောင့်ပဲ စွန့်လွှတ်စွန့်စားရဲလာကြတယ်လေ။ ဂျပန်နိုင်ငံရဲ့ တော်ဝင်မင်းသမီးလေးတစ်ပါးဟာလည်း သူမရဲ့နှလုံးသားကို ဦးစားပေးကာ ထီးနန်းထက် အချစ်ကိုရွေးချယ်သွားကြောင်း ဂျပန်ရုပ်သံသတင်းဌာန NHK က တင်ဆက်ပြသွားခဲ့ပါတယ်။



 

ဂျပန်ဧကရာဇ်ကြီးရဲ့ မြေးတော်စပ်တဲ့ အသက် ၂၅ နှစ်အရွယ် မင်းသမီးလေး Mako (မာကို) ဟာ တိုကျိုမြို့က နိုင်ငံတကာခရစ်ယာန်တက္ကသိုလ်မှာ ပညာသင်ကြားစဉ်မှာ Kei Komuro (ကိုမူရို) နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က တိုကျိုမြို့ ရှိဘုယ (Shibuya)ရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် အကြိမ်ပေါင်းများစွာ ချိန်းဆိုတွေ့ဆုံခဲ့ကြပါတယ်။ ကိုမူရိုဟာ သာမာန်အရပ်သားတစ်ဦးပါ။ ကာနာဂါဝါက ရှိုးနန်ကမ်းခြေမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေဟာ ထီးနန်းကို စိုးစံခွင့်တော့ မရှိပါဘူး။ မာကိုရဲ့ဦးရီးတော် အိမ်ရှေ့စံမင်းသား နာရူဟီတိုပြီးရင် မာကိုရဲ့ဖခင်နဲ့ မောင်ဖြစ်သူတို့ကတော့ ထီးနန်းကိုဆက်ခံနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။ မာကိုဟာ ကိုမူရိုကိုလက်ထပ်လိုက်တာနဲ့ ထီးနန်းကိုစွန့်လွှတ်ရမှာပါ။ သူမအနေနဲ့ကတော့ တော်ဝင်မင်းသမီးလေးအဖြစ်နဲ့ နေရတာထက် ကိုမူရိုရဲ့ဇနီးသည်အဖြစ်နဲ့ အရပ်သားဘဝအတိုင်း နေထိုင်သွားဖို့သာ ဆန္ဒရှိတာမို့ ချစ်သူကိုသာ ရွေးချယ်လိုက်ပါတယ်။ ဒီသတင်းလေးက ဂျပန်မှာတင် ရေပန်းစားနေတာမဟုတ်ပါဘူး။ ပြည်ပနိုင်ငံတွေအထိအောင် ပျံ့နှံ့သွားပြီး မင်းသမီးလေးကိုလည်း ချီးကျူးနေကြလေရဲ့။

Source : Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က