အပတ်စဉ် ဒါလေးတွေကို တစ်လှည့်စီပြုလုပ်ကြည့်ပါ။

ဘယ်လိုပေါင်းသင်းဆက်ဆံရေးပဲဖြစ်ဖြစ် ရေရှည်တည်တံ့ချင်ရင်တော့ နားလည်မှု ရင်းနှီးမှုတွေ လိုပါတယ်။ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးနိုင်ဖို့လည်း လိုပါတယ်။ ချစ်သူဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ သူနဲ့ ပိုပြီးရင်းနှီးချင်ရင်တော့ အပတ်စဉ်တိုင်းမှာ ဒါလေးတွေကို အချိန်ပေးလုပ်ဆောင်လိုက်ပါ။

၁။ ခွဲခွာချိန်

သူ့မှာလည်း ကိုယ်ပိုင်အချိန် ရှိသင့်တယ်။ သူ့ရဲ့အလုပ်က မိတ်ဆွေတွေ၊ ငယ်သူချင်းတွေတွေနဲ့ တစ်ယောက်တည်းသွားတွေ့တာမျိုး ရှိလာရင် ကိုယ်က နားလည်ပေးရမယ်။ ပြီးရင် အဲ့ဒီအချိန်မှာ သူ ဘာတွေလုပ်ခဲ့တယ် ဘယ်လိုတွေကြုံခဲ့တယ်ဆိုတာကို ကိုယ်ကပြန်မေးပေါ့။ အလုပ်တက်ရက်တိုင်းမှာ တစ်နေ့ကို ၂ မိနစ်လောက်တော့ မေးပါ။

 

၂။ ပေါင်းစည်းခြင်း

ဘယ်လောက်ဝေးဝေး ညနေကျရင်တော့ ဆုံတာပဲမဟုတ်လား။ တစ်ယောက်တစ်နေရာစီရောက်နေတဲ့ LDRS အချစ်ရေးတွေဆိုလည်း ညဘက်မှာ ဖုန်းပြောကြ မက်ဆေ့ပို့ကြတာပဲ။ လူချင်းတွေ့ရင်တော့ စိတ်ချမ်းသာစရာ စကားလေးတွေ၊ အပြုအမူလေးတွေ လုပ်သင့်တာပေါ့။ စိတ်ဖိစီးမှုကို လျော့စေတယ်လေ။ ချစ်သူကို နမ်းပါ၊ ချစ်စကားလေးတွေပြောပါ။ သူရောကိုယ်ပါ စိတ်ဖိစီးမှု လျော့ကျသွားလိမ့်မယ်။ အလုပ်တက်ရက်တိုင်း တစ်နေ့ကို မိနစ် ၂၀ တော့ အချိန်ပေးရပါမယ်။

၃။ တန်ဖိုးထားလေးစားမှု

ကိုယ့်ချစ်သူကို ကိုယ်ကတန်ဖိုးထား လေးစားရမယ်။ သူ့ကို ကိုယ်ကမှ မလေးစားရင် အားမပေးရင် ဘယ်သူများ လေးစားဦးမှာလဲ။ သူ့ကိုတန်ဖိုးထားကြောင်း ပြသပါ။ ဒါက နေ့စဉ်မပျက် ပြုလုပ်ရမယ့်အရာ ဖြစ်ပါတယ်။ တစ်နေ့ကို ၅ မိနစ်စာလောက်တော့ သူ့ကိုလေးစားကြောင်း အပြုအမူလေးတွေ လုပ်ပြဖို့ လိုပါတယ်။

 

၄။ တွယ်တာမှု

ချစ်ကြောင်း ပြသပါ။ သူ့ကို မခွဲနိုင်လောက်အောင် ချစ်ခင်တွယ်တာတယ်ဆိုတာ သူသိဖို့ လိုပါတယ်။ နေ့တိုင်းလုပ်ပြရမှာနော်။ ပွေ့ဖက်တာ၊ ညအိပ်ရာဝင်အနမ်းပေးတာမျိုးတွေပေါ့။ ဒီလိုဆိုရင် ပိုပြီးတော့လည်း အိပ်ပျော်ပါတယ်။ တစ်နေ့ကို ၅ မိနစ်စာ အချိန်ပေးဂရုစိုက်ရပါမယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က