သေသေသပ်သပ် လျှို့ဝှက်ထားနိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။
 

အကြောင်းအရင်းများစွာကြောင့် သင့်အချစ်ရေးကို လျှို့ဝှက်ထားရတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖုံးကွယ်ထားတာ ပြသာနာမဟုတ်ဘူး။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ သေသေသပ်သပ် လျှို့ဝှက်ထားနိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

၁ - ဆွေးနွေးပါ

အရင်ဆုံး သင့်ချစ်သူနဲ့ ဆွေးနွေးပါ။ သင်တို့နှစ်ဦးသားဆက်ဆံရေးကို သင်က ဖုံးကွယ်ချင်တဲ့အခါ သူ့ဘက်က အထင်အမြင်မှားနိုင်ပါတယ်။ သူနဲ့အတူ လူလယ်ကောင်မှာ တွဲရတာ သင့်ဘက်က ရှက်တယ်၊ သိမ်ငယ်တယ်လို့ထင်နေတယ်လို့ သူ့ဘက်က တွေးနိုင်ပါတယ်။ လျှို့ဝှက်ထားချင်ရတဲ့အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်းနဲ့ သေချာဆွေးနွေးဖို့က ပထမဆုံးလုပ်ရမယ့် အလုပ်ပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မေ့ဆေးသုံးပြီး ပစ္စည်းများခိုးယူသွားမှု သာကေတက ကုန်စုံဆိုင်တစ်ဆိုင်မှာ ဖြစ်ပွား)

 

၂ - နားလည်ပါ

အကြောင်းအမျိုးမျိုးကြောင့် အချစ်ရေးကို လူသိမခံချင်ကြပါဘူး။ အထူးသဖြင့် ဘာသာမတူတာကနေ စလို့ အသက်အရွယ်ကွာခြားတာထိ အမျိုးမျိုး ရှိတတ်ပါတယ်။ ဒီလိုအကြောင်းပြချက်ကို နှစ်ဘက်စလုံးက အစကတည်းက နားလည်ပေးဖို့ လိုပါတယ်။ တစ်ဖက်က လက်မခံဘူးဆိုရင် လျှို့ဝှက်ထားဖို့ကို အလေးထားပြီး စဉ်းစားပါတော့။

၃  - အမြဲတော့မရဘူး

အမြဲ လျှို့ဝှက်ထားလို့တော့ ရမှာမဟုတ်ပါဘူး။ တစ်ချိန်မှာတော့ သင်တို့အကြောင်းဟာ အသိုင်းအဝိုင်းထဲ ပြန့်နှံ့သွားမှာပါ။  ဒါကြောင့် ဘယ်အချိန်မှ သင်တို့နှစ်ဦးအကြောင်းကို တရားဝင်ကြေညာမယ်ဆိုတာကိုလည်း တွေးထားသင့်ပါတယ်။  သုံးလ၊ ခြောက်လ စသဖြင့်ပါ။ အရေးကြီးဆုံးကတော့ ဖွင့်ပြောမယ့်အချိန်ကို  နှစ်ဦးသဘောတူဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ တစ်ဦးဦးအဆင်သင့်မဖြစ်ခင် ပေါက်ကြားပြီး ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။

 

၄ - ဆိုရှယ်မီဒီယာ

ဆိုရှယ်မီဒီယာဟာ အကြီးမားဆုံးအန္တရယ်ပါ။ လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို သင်ကိုယ်တိုင် လျှို့ဝှက်ထားဖို့ လိုပါတယ်။ သင့်ဘက်က အချစ်ရေးနဲ့ပတ်သက်လို့ ဟိုလိုလို ဒီလိုလို စတေးတပ်တွေ ရေးနေပြီဆိုရင်တော့ အခြားလူတွေက မသင်္ကာဖြစ်မှာပါပဲ။ အရင်ဆုံး သင့်အခင်ဆုံး သူငယ်ချင်းတွေက သင့်ကို အကဲခတ်ပါလိမ့်မယ်။ သင့်ပို့စ်တိုင်းကို Like ပေးနေတာ ဘယ်သူလဲ။ Love အမြဲပေးနေတာ ဘယ်သူလဲဆိုတာကို သူတို့က သတိထားစောင့်ကြည့်လာပါလိမ့်မယ်။

 

၅ - အဆက်အသွယ်

သူနဲ့ အဆက်အသွယ်လုပ်ရာကတစ်ဆင့်လည်း လူတွေ သိသွားနိုင်ပါတယ်။ လူတွေ သတိထားမိဆုံးအခြေအနေကတော့ သူတို့နဲ့ အတူရှိနေချိန်မှာ ဖုန်းလာတဲ့အခါ ထသွားပြီး ခပ်ဝေးဝေးမှာ စကားပြောတာမျိုးပါ။ ဒါမျိုးခဏခဏ လုပ်နေတယ်ဆိုရင် သူတို့သတိထားမိသွားမှာပါ။ ပြောတာကြာတယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ သူငယ်ချင်းတွေနဲ့ ရှိနေတုန်း ဖုန်းလာတယ်ဆိုရင်တော့ သတိထားပါ။ သင့်အကြောင်း ကောင်းကောင်းသိတဲ့လူတွေမို့ သူတို့က အကင်းပါးတတ်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က