လူကိုမမြင်ရသေးခင်မှာပဲ အနံ့လေးနဲ့တင် စိတ်ဝင်စားမိသွားတယ်တို့ ဘာတို့

နေရာတစ်ခုကိုရောက်သွားချိန်မှာ တစ်စုံတစ်ယောက်နဲ့ အကြည့်ချင်းဆုံတယ်၊ ရင်ခုန်မိသွားရာကအစ "မြင်မြင်ချင်းချစ်" ဆိုတာမျိုး ဖြစ်သွားတယ်။ ဒါမျိုးတွေလည်း ရှိတယ်ဆိုတာ ကြားဖူးပြီးသားပါ။

 

ဒါပေမဲ့ အကြည့်တစ်မျိုးတည်းနဲ့တော့ လူတစ်ယောက်ကို ချစ်မိသွားတာမျိုးမဟုတ်ဘူး။ ရနံ့ကြောင့်လည်း လူတစ်ယောက်ကို ချက်ခြင်းချစ်မိသွားတတ်ကြတာမျိုး ရှိတယ်လို့ စိတ်ပညာဆိုင်ရာ ပညာရှင်တွေကဆိုလာပါတယ်။

 

စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေကဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ခြေရှိသူရဲ့ ရနံ့ဟာ ဘယ်လိုမျိုးသက်ရောက်မှုရှိသလဲဆိုတဲ့အပေါ် ဆယ်စုနှစ်သုံးခုလောက် လေ့လာခဲ့ကြတာပါ။ တစ်စုံတစ်ယောက်ရဲ့အနံ့ဟာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမှာ အရေးပါတဲ့ကဏ္ဍကို ဖြစ်ပေါ်စေပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်ကြိုက်ဖို့ ရွေးချယ်တဲ့အခါ သူ့ရဲ့မျက်နှာက အရေးပါသလိုပဲ အနံ့ကလည်း အရေးပါပါတယ်။

 

ထိုနည်းတူ အသံကလည်း တစ်ဖက်လူကို ဆွဲဆောင်နိုင်စွမ်း ရှိသလိုပေါ့။ အမျိုးသမီးတွေဟာ ယောက်ျားပီသတဲ့အသံ၊ အသံသြဇာရှိတဲ့ အမျိုးသားတွေကို ပိုသဘောကျကြပါတယ်။ အထူးသဖြင့် ယာယီတွဲဖို့အတွက် ရွေးတဲ့အခါမျိုးမှာပေါ့။ အကွာအဝေးတစ်ခုကနေ ခံစားသိရှိနိုင်တဲ့ အသံနဲ့အနံ့ဟာ ပထမဆုံးတွေ့ဆုံခြင်းမှာ အရေးပါတယ်လို့ ဗြိတိန်နဲ့ပိုလန်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနံ့ကိုပိုပြီးဂရုစိုက်ကြတယ်လို့လည်း Frontiers in Psychology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က