စိတ်အတက်အကျဖြစ်တတ်တာကြောင့် သူ့အပြုအမူတွေက တစ်ခါတစ်လေ ရိုင်းတယ်လို့ ထင်ရတတ်ပါတယ်။
 

လူအမျိုးမျိုး စိတ်အထွေထွေပါ။ စိတ်တွေဟာ အမြဲတမ်း ပုံမှန်မဟုတ်ပါဘူး။ အတက်အကျရှိပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ စိတ်အတက်အကျ သူများထက် ပိုမြန်တတ်ပြီး ဒါဟာ ရောဂါတစ်ခုလို ဖြစ်နေတာပါ။

၁ - ကိုယ်ချင်းစာမှု

သူတို့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သနားတယ်ဆိုတာမျိုး သွားမလုပ်ပါနဲ့။ ဘယ်သူမှ သနားမခံချင်ပါဘူး။ သနားတယ်လို့ပြောတာဟာ ကိုယ့်ကိုယ် မစွမ်းနိုင်တဲ့လူလို့ ပြောသလိုပါပဲ။ သူတို့လိုချင်တာက သူတို့စိတ်ဟာ ဒီလိုဖြစ်တတ်ပြီး အခက်အခဲရှိနေတာကို သင့်ဘက်က လက်ခံပေးလိုက်ရုံပါပဲ။ သူတို့ပြောရင် နားထောင်ပေးလိုက်ရုံပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သူများဆီက အကူညီယူတာဟာ ပျော့ညံ့တာ မဟုတ်ပါ)

 

၂ - လက်ခံ

ဒီလို စိတ်အတတ်အကျမြန်သူတွေဟာ စိတ်ဓာတ်တက်ကြွနေတဲ့အချိန်မှာ ဘဝဟာ ပါတီတစ်ခုလို သာယာပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မှတ်ယူပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ သူတို့ဟာ တန်ဖိုးမရှိဘူး၊ သူတို့ကို ဘယ်သူမှ အရေးမလုပ်ချင်ဘူး၊ သူတို့ဟာ ပျော်စရာမကောင်းဘူးလို့ ထင်တတ်ကြပါတယ်။ သင်က ဒီလို တွေးခေါ်ခံစားမှုမျိုးကို အဆင်းဘီးတပ်ပေးတာမျိုး မလုပ်ပါနဲ့။ သူတို့ဘက်မှာ သင်ရှိတယ်လို့ သူတို့ကို ပေးသိထားပါ။ သူတို့ပြသာနာတွေကို ပုံမှန်းအတိုင်း ကူညီပါ။

၃ - ဒါတွေ မပြောနဲ့

စိတ်ကိုလျှော့လိုက်ပြီး အေးအေးဆေးဆေးနေပါတို့၊ ပျော်အောင်နေစမ်းပါတို့ ဆိုတာတွေ မပြောမိပါစေနဲ့။ သူတို့ စိတ်တွေ တက်လိုက်ကျလိုက် ဖြစ်နေချိန်မှာ ဒီလို အပြောခံရတဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲ မသိပါဘူး။ သူတို့ အေးအေးဆေးဆေးနေလို့ရရင် နေမှာပါ။ ပျော်ပျော်နေလို့ရရင် နေချင်တာပါ။ မေးရမှာက သင့်ဘက်က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာပါ။ အတူတကွလုပ်လို့ရမယ့် တစ်စုံတစ်ရာမျိုးကို အကြံပေးကြည့်ပါ။ ဆိုင်တစ်ဆိုင်မှာ သွားစားရအောင်လို့ အကြံပြုတာမျိုးပါ။

 

၄ - စိတ်ရှည်ပါ

စိတ်အတက်အကျဖြစ်တတ်တာကြောင့် သူ့အပြုအမူတွေက တစ်ခါတစ်လေ ရိုင်းတယ်လို့ ထင်ရတတ်ပါတယ်။ ရုတ်တရက်ပေါက်ကွဲတာ၊ တော်ရုံစကားကို အထိအခိုက်မခံဘဲ စိတ်ဆိုးသွားတာ စတာတွေ ဖြစ်ပါတယ်။ သင့်ဘက်က ဒါတွေကို စိတ်ဆိုးနေလို့ မရပါဘူး။ သူတို့က သင်နဲ့ ပတ်သက်လို့ ပြသာနာရှိနေတာမဟုတ်ပါဘူး။

၆ - ရွေးချယ်တာမဟုတ်

ဒီလိုဖြစ်ဖို့ သူတို့က တမင်တကာကြီး လုပ်နေတာ မဟုတ်ပါဘူး။ သူတို့ ဒီလိုအတက်အကျဖြစ်တာဟာ ပုဂ္ဂိုလ်ရေးအားနည်းချက်မဟုတ်သလို၊ လူ့အဖွဲ့အစည်းအတွင်း ပြုမူဆက်ဆံပုံအားနည်းချက် ရှိတာလည်း မဟုတ်ပါဘူး။ ဒါဟာ ရောဂါတစ်ခုလို မရွေးချယ်ဘဲ ဖြစ်ပေါ်လာတာပါ။

 

၇ - နားထောင်ပါ

အကြံပေးတယ်ဆိုတာမျိုးထက် ကိုယ့်ဘက်က များများနားထောင်ပါ။ သူတို့ဘယ်လိုရင်ဆိုင်နေလဲ၊ ဘာတွေလုပ်နေလဲဆိုတာကိုပဲ နားထောင်ပေးပါ။ ကိုယ့်ဘက်က ပြသာနာရဲ့ အဖြေကိုရှာပေးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။  ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်မယ်၊ ရန်ရှာမယ့်အပြုအမူတွေ လုပ်မယ်ဆိုတဲ့ စကားမျိုးတွေ သူတို့ဘက်က ပြောလာရင် ဆရာဝန်နဲ့ တိုင်ပင်တာမျိုး လုပ်ခိုင်းသင့်ပါတယ်။

Photos & Source: Psychology Today

Share

Loading Next Article...
က္က