တခြားလူကို ခွင့်လွှတ်ဖို့ဟာ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်အတွင်းပိုင်းမှာ နာကျင်ရတာကြောင့်ပါ။
 

ခွင့်လွှတ်လို့မရတဲ့ ကိစ္စတွေရှိနေရင် စိတ်ထဲမှာ မကျေမချမ်းနဲ့ပါ။ အစားအသောက်အပျက်ဖြစ်ပြီး စိတ်ကိုတောင် ထိခိုက်ပါတယ်။ ဒီလို ဖြစ်နေတယ်ဆိုရင် အနည်းငယ်သက်သာစေမယ့် အကြံညဏ်လေးတွေ ပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စေတဲ့ စကားမျိုး မပြောပါနဲ့။ ဒီလိုပြောနေရာကနေ ဖြစ်ခဲ့တဲ့ ပြသာနာဟာ အမှန်တကယ်လက်တွေ့ထက် ပိုကြီးလာပါတယ်။ ပြသာနာကို လိုတာထက် ပိုခံစားလာပြီး ဘယ်လိုမှ ခွင့်မလွှတ်နိုင်အောင် ဖြစ်လာပါတယ်။

ဒီနေ့ ဒီခံစားချက်ဖြစ်နေပေမယ့် နောက်တစ်နှစ်နေရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပါ။ သင့်တုံ့ပြန်မှုဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါကို မြင်ဖို့ လိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -လျှို့ဝှက်ချစ်သူ ဘယ်လိုထားမလဲ )

 

ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုမရှိဘဲ ဆိုးဆိုးဝါးဝါးထင်မြင်တာတွေ မလုပ်ဖို့ လိုပါတယ်။ တခြားလူကို ခွင့်လွှတ်ဖို့ဟာ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်အတွင်းပိုင်းမှာ နာကျင်ရတာကြောင့်ပါ။ ဒီလိုနာကျင်မှုကနေ သင့်ကိုသင်အားမရတာတွေ ဖြစ်လာပါတယ်။ သင့်ကိုသင် ပြစ်တင်ရှုံ့ချတာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ နာကျင်သလောက်နာကျင်ပြီးပြီ ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် ရှုံ့ချပြစ်တင်နေစရာမလိုပါဘူး။

ဘယ်သူက သင့်ဘက်မှာ အမြဲရှိတဲ့လူလည်း။ နာကျင်မှုတွေရှိတဲ့အခါ သင်နဲ့အတူ ရပ်တည်မယ့်လူက ဘယ်သူလဲ။ ပြန်လည်ကုသနေရတဲ့ လမ်းမှာ သင်နဲ့ အတူလျှောက်မယ့်သူက ဘယ်သူလဲ။ ဒီလူ့ဆီမှာ သင့်ရဲ့ နာကျင်မှုတွေကို ဖွင့်ဟပါ။ ဒီလိုပြောခွင့်ရှိတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုကတည်းက သင့်ဘဝဟာ လူတော်တော်များများထက် သာနေပါပြီ။ နာကျင်စရာတွေကို ဒီလိုလူတစ်ယောက်ရှိထားတယ်ဆိုတဲ့ စိတ်နဲ့တင် ဖြေဖျောက်လို့ရနေပါပြီ။

 

ခွင့်လွတ်လိုက်တာကြောင့် နိမ့်ကျတဲ့လူဖြစ်မသွားပါဘူး။ သင်ခွင့်လွှတ်တာကို ခံရတဲ့လူကလည်း ဒီလိုခွင့်လွတ်လိုက်တာကြောင့် နိမ့်ကျတာမျိုး ဖြစ်မသွားပါဘူး။ နှစ်ယောက်စလုံးက လူသားတွေပါပဲ။ အလွန်အကျွံပြောဆိုမှုတွေ၊ အလွန်အကျွံနှိမ့်ချမှုတွေ၊ ဝေဖန်မှုတွေကိုတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။

တစ်ဖက်လူရဲ့ အားနည်းချက်တွေ၊ သူ့ဘက်မှာလည်း ခံစားချက်အတက်အကျရှိမှုတွေကို နားလည်သွားတဲ့အချိန်မှာ သင့်ဘက်က ခံစားနေရတာတွေ ခရီးအဆုံးကို ရောက်သွားပါတယ်။  ခွင့်လွှတ်မှု ခရီးဆုံးသွားတဲ့အခါ ယခင်ထက် ပေါ့ပါးမှုကို ခံစားရမှာပါ။

Photos & Source: Psychology Today

Share

Loading Next Article...
က္က