စိတ်ပျက်စရာ RS ထက် Single ဘဝက အများကြီးသာတယ်။

ရည်းစားထားတယ်ဆိုတာ တကယ်တမ်းတော့ ဂိမ်းတစ်ခုလိုပဲ။ စိတ်လှုပ်ရှားရတာတွေ၊ ပျော်စရာတွေ ရှိမယ်။ ကိုယ့်အချိန်နဲ့ အခြားအရာတွေလည်း ပေးဆပ်လိုက်ရပြန်တာပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ အချစ်ကို မကစားချင်ပါဘူး။ ကိုယ့်ကိုကစားသွားမှာလည်း မလိုလားဘူး။

 

ကိုယ့်အတွက် ကောင်းကျိုးမပေးဘဲ စိတ်ပင်ပန်းစရာတွေကိုပဲ ပေးနေတဲ့ လူတစ်ယောက်ကို ချစ်ရတာ အရမ်းကို ပင်ပန်းရတယ်။ နာကျင်စရာတွေ၊ ဝမ်းနည်းစရာတွေ အများကြီးပဲ။ ဒါပေမဲ့ မချစ်ဘဲ မနေနိုင်လို့ တွယ်တာနေမိတာက အတော်ကို ဆိုးဝါးတဲ့အခြေအနေပါ။ ဒါကို အံတုနိုင်ဖို့ဆိုတာကတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေပဲ တတ်နိုင်တယ်။ ဘဝဆိုတာ စိတ်ဓာတ်မာကြော ကြံ့ခိုင်နေမှ ရှင်သန်လို့ရတာလေ။ ဘယ်ကိစ္စကိုမဆို ပျော့ညံ့နေလို့ မဖြစ်ဘူး။

 

စိတ်ပျက်စရာကောင်းတဲ့ ရည်းစားကို ကျောခိုင်းလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တာကမှ အများကြီးပိုကောင်းပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ထက် သူများကိုပိုချစ်ပြီး အဲ့ဒီတစ်ယောက်က ကိုယ့်ကို ကစားနေတယ်ဆိုရင် ကိုယ့်အတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ရဲ့အချစ်နဲ့ မထိုက်တန်တဲ့လူတစ်ယောက်ကို ချစ်နေမယ့်အစား တစ်ယောက်တည်းပဲနေတာက အများကြီးပိုကောင်းပါတယ်။

 

ဒီလိုပြောလိုက်လို့ အချစ်ကို လုံးလုံးလျားလျား ကျောခိုင်းရမယ်လို့ မတွေးပါနဲ့။ ယောက်ျားတွေနဲ့ ခပ်ခွာခွာနေဖို့လည်း မလိုပါဘူး။ အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ့်ကိုဒုက္ခပေးလာမယ့်လူတွေဆီကနေပဲ ဝေးအောင်နေလိုက်တာကသာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

Share

Loading Next Article...
က္က