အပြစ်မမြင်ဘဲ နားလည်ပေးပါနော်.....

အချစ်ဆိုတဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ ခံစားချက်ကြီးဟာ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားမှာ အမြစ်တွယ်ပြီဆိုရင် အဲ့ဒီမိန်းကလေးမှာ ပြောင်းလဲမှုတွေ အလိုလိုဖြစ်လာတော့တာပဲ။ ပိုလှချင်လာတယ်၊ ပျော်ရွှင်မြူးတူးလာတယ်။ ပိုပြီးတော့လည်း တွေးတတ်လာတယ်။ အမူအရာတွေကလည်း ပြောင်းလဲလာတယ်။ အထူးသဖြင့် ချစ်သူနဲ့တွေ့ရင် ကလေးဆန်သွားတော့တာပဲ။ ဒါကြောင့်လည်း ဒါတွေလုပ်တတ်လာကြတယ်။

 

၁။ အနားကို အရမ်းကပ်တယ်။ တူတူထိုင်နေရင်တောင်မှ ဘေးချင်းကပ်ထိုင်နေချင်တယ်။ ချစ်သူရဲ့ကိုယ်သင်းနံ့က ဘယ်လိုရှိတယ်ဆိုတာလည်း ပြောဦးမယ်။ အဲ့ဒီအနံ့လေးကိုပဲ သဘောကျနေမိတာ။

၂။ ကုတင်ဘယ်လောက်ကြီးကြီး အနားနားကပ်အိပ်ရမှ ကျေနပ်တာမျိုး။ ချစ်သူရဲ့ဘေးမှာ နီးနီးကပ်ကပ်အိပ်ရင် အိပ်ပျော်လွယ်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်စက်ရတယ်လို့ သုတေသီတွေကလည်း ဆိုထားတယ်။ ဒါကြောင့် ဘယ်လောက်အိုက်အိုက် သူမက အနားကပ်ပြီးအိပ်တဲ့အခါ နားလည်ပေးနိုင်ဖို့လိုပါတယ်။

 

၃။ ချစ်သူရဲ့ပွေ့ဖက်မှုကို အရမ်းလိုချင်တယ်။ ဘာတွေဖြစ်နေနေ ဘယ်လိုပဲ ပင်ပန်းနေပါစေ ချစ်သူရဲ့လက်မောင်းတွေနဲ့ ပွေ့ဖက်ပြီး ရင်ခွင်ထဲ ဝင်နေလိုက်ရရင် အရာအားလုံး အဆင်ပြေသွားသလိုပဲ။

၄။ ကိုယ့်ချစ်သူက သဘောကျတဲ့ပုံစံမျိုးကိုလည်း အတုခိုးတတ်သေးတယ်။ ဥပမာပြောရရင် သနပ်ခါးလိမ်းထားတဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်လို့များ ပြောကြည့်ပါလား။ နောက်နေ့ကျရင် သူမရဲ့ဖေ့စ်ဘုတ်ပေါ်မှာ "ခါးခါးလေးနဲ့/ပူလို့သနပ်ခါးလူးထားတာ/တောသူမလေးပါရှင်" ဘာညာနဲ့ အစချီပြီး သူမလည်း လှပါတယ်ဆိုတာမျိုး ပြသလိမ့်မယ်။

 

၅။ ဆိုးတဲ့တစ်ချက်ကတော့ ချစ်သူနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံ ဖြစ်သွားတာပဲ။ အချစ်ဆိုမှအချစ် ဖြစ်နေတော့ ဘာကိုမှ မတွေးတော့ဘူး။ ကိုယ့်ချစ်သူရဲ့ မကောင်းကြောင်းပြောလာရင် ချက်ချင်းကို ရန်တွေ့ပလိုက်တော့တာ ဆိုးတယ်။ ရန်မတွေ့ဘူးဆိုရင်တောင်မှ မျက်နှာက မကြည်တော့ဘူးလေ။

Share

Loading Next Article...
က္က