အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် ပိုပြီးအသက်ရှည်လေ့ရှိပါတယ်။

အိမ်ထောင်ပြုခြင်းဟာ ကောင်းကျိုးတွေရှိတယ်ဆိုဦးတော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ပင်ပန်းရတာတွေ ရှိနေစမြဲပါ။ လေ့လာမှုအသစ်တစ်ရပ်မှာ ဖော်ပြချက်အရ ခင်ပွန်းသေဆုံးသွားပြီးတဲ့ ဇနီးသည် (မုဆိုးမ)တွေဟာ ခင်ပွန်းသည်ရှိနေသေးတဲ့အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ယှဉ်ရင် စိတ်ဖိစီးမှုတွေ ပိုပြီးလျော့နည်းတယ်လို့ ဆိုတယ်။

 

ယခုလေ့လာမှုဟာ ယခင်တုန်းက ပြုလုပ်ခဲ့ဖူးတဲ့ အိမ်ထောင်ပြုခြင်းကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရာတွေကို လေ့လာခဲ့ကြတာပါ။ အရင်တုန်းက လေ့လာမှုအရဆိုရင် အိမ်ထောင်ပြုခြင်းဟာ ရုတ်တရက်နှလုံးရပ်တန့်မှု (heart attack) ၊ စိတ်ကျရောဂါတို့ကို ဖြစ်နိုင်ခြေလျော့သွားစေပြီး ကင်ဆာရောဂါသည်တွေမှာလည်း အသက်ရှင်နိုင်မယ့်အခွင့်အရေး ပိုတိုးလာတာ တွေ့ခဲ့ရဖူးပါတယ်။

 

University of Padova က ပြုလုပ်တဲ့ လေ့လာမှုအရဆိုရင် အိမ်ထောင်သည်အမျိုးသားတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်အပေါ် အလွန်အကျွံမှီခိုလွန်းတာကြောင့် ဇနီးသည်သေဆုံးသွားပြီးနောက်ပိုင်းမှာ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခံစားရကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်သေဆုံးသွားတဲ့ ဇနီးသည် (မုဆိုးမ)တွေမှာတော့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားကာ ပိုလို့တောင် ကျန်းမာလာပါသတဲ့။

 

အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးနောက်မှာ အိမ်သားတွေအပေါ်ကို ဂရုစိုက်ပေးရတာ၊ ပူပန်ပေးရတာတွေလည်း များပြားလာတာကြောင့် စိတ်ဖိစီးမှုတွေလည်း ပိုမိုကြုံတွေ့နေရပါတယ်။ အသက်ကြီးလာချိန်မှာဆိုရင် ခင်ပွန်းသည်ကို ဂရုစိုက်ဖို့အတွက် အချိန်တွေအားလုံးကို လုံးလုံးလျားလျားပုံအပ်ထားကြပါတယ်။ ယခုလေ့လာမှုမှာ အသက် ၆၅ နှစ်ကျော် လူပုဂ္ဂိုလ်ပေါင်း ၂၀၀၀ နီးပါး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Source : Telegraph

Share

Loading Next Article...
က္က