တစ်ဖက်လူက ကြီးကြီးမားမား စိတ်ဝင်စားတဲ့ အကြောင်းအရာရှိနေရင် မချဉ်းကပ်တာကောင်းပါတယ်။
 

ကိုယ်နဲ့ မသိတဲ့လူနဲ့ မိတ်ဆွေဖွဲ့စကားပြောချင်ပေမယ့် ဘယ်လိုစရမှန်းမသိတာကြောင့် တော်တော်နဲ့ မပြောဖြစ်ပါဘူး။ ပြောဖြစ်ရင်လည်း ဘာပြောရမှန်းမသိတာနဲ့ တော်တော်နဲ့မခင်ဖြစ်တော့ပါဘူး။

၁ - ပြုံးပြီးနှုတ်ဆက်

လူတစ်ယောက်နဲ့ စကားစမပြောခင်အချိန်မှာ အလွန်ရှုပ်ထွေးပါတယ်။ ကိုယ်နဲ့ မသိတဲ့လူတစ်ယောက်ကို စကားပြောဖို့ ဘယ်လိုချဉ်းကပ်မလဲဆိုတာပါ။ ဒါပေမယ့် အရင်ဆုံးလုပ်ရမယ့် နည်းလမ်းက ရိုးရှင်းပါတယ်။ ပြုံးရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အပြုံးမျိုး ဖြစ်ပါတယ်။ ဒီလိုအပြုံးနဲ့ အဆိုပါလူဆီသွားပြီး မိတ်ဆက်စကားပြောရုံပါပဲ။ ဒါပေမယ့် သင်စကားစပြောဖို့ ကြိုးစားချိန်မှာ တစ်ဖက်လူက ကြီးကြီးမားမား စိတ်ဝင်စားတဲ့ အကြောင်းအရာရှိနေရင် မချဉ်းကပ်တာကောင်းပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -အလုပ်ထွက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါလေးတွေအရင်ပြန်မေးပါ )

 

၂ - မေးပါ

သူ့အကြောင်းကို မေးတဲ့မေးခွန်းမျိုးနဲ့ စကားဝိုင်းကို ထိန်းထားလို့ရပါတယ်။ ဥပမာ -  ဘယ်က လာတာလဲ၊ ဘယ်မှာနေတာလဲ ဆိုတာမျိုးကနေပြီး သူ့အကြောင်း သင့်ကို ပြောလာအောင် မေးလို့ရပါတယ်။ သင်ရောသူရော သိတဲ့ သူငယ်ချင်းအကြောင်းမေးလည်း ရပါတယ်။ အဓိကကတော့ သူ့ကို များများပြောခိုင်းပြီး သင်က နည်းနည်းပြောဖို့ ဖြစ်ပါတယ်။ စကားဝိုင်းက ပြောစရာမရှိအောင် ပိတ်သွားလို့မရပါဘူး။ သင်စတဲ့အကြောင်းအရာ၊ သင်မေးတဲ့မေးခွန်းတွေဟာ ပြန်ဖြေချင်စရာ၊ ပြန်ပြောချင်စရာ ဖြစ်နေသင့်တာပါ။

၃ - သင့်ကြောင့်ပျော်ရတယ်

လူတွေက သင်ဘာပြောခဲ့တယ်၊ သင် သူတို့ကိုဘယ်လိုချဉ်းကပ်တယ်ဆိုတာမျိုးတွေကို သတိမရပါဘူး။ ဒါပေမယ့် သင့်ကြောင့် သူတို့ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကိုပဲ မှတ်မိမှာပါ။ သူတို့ကို ချီးကျူးတာက သင့်ကို သူတို့မှတ်မိစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ကြောင့် သူတို့ဟာ ကောင်းမွန်တဲ့လူတွေဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ခံစားရလို့ပါ။ ဒါပေမယ့် ပေါ်ပေါ်လွင်လွင်ကြီး ချီးကျူးတာမျိုး မလုပ်ပါနဲ့။

 

၄ - နှစ်ယောက်တူတဲ့အချက်

နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့အချက်ကို ရှာရမှာ ဖြစ်ပါတယ်။ သင်ရော သူရော စိတ်ဝင်စားတဲ့အကြောင်းအရာကို တည်ပြီး ပြောဖြစ်ပြီဆိုရင်တော့ ချက်ချင်း သူငယ်ချင်းအရင်းကြီးလိုတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီလိုနှစ်ယောက်စလုံး စိတ်ဝင်စားတဲ့အကြောင်းအရာကို ပြောနေကြတဲ့အချိန်မှာ သင်ဟာ သူတို့လူဖြစ်ကြောင်းလည်း သူတို့စိတ်မှာ ခံစားမိနေစေတာ ဖြစ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က