အသက် (၃၀) ပြည့်တော့မယ့် ကွီးတွေ မွီးတွေရှိလား။


အသက် (၃၀) ပြည့်တော့မယ့် ကွီးတွေ မွီးတွေရှိလား။ မကြာခင် (၃) ထိပ်စီးပြောင်းတော့မယ့် ကွီးတို့၊ မွီးတို့ဆိုတာ အသက်အရွယ်အားဖြင့်လည်း မငယ်တော့သလို အလုပ်အကိုင်တစ်ခုမှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေသင့်တဲ့အရွယ်ကိုလည်း ရောက်နေပါပြီ။ ငယ်ငယ်တုံးကလို မိုးရွာရင် ထီးမဆောင်းဘဲမိုးရေထဲလျှောက်သွားတာလိုမျိုး ကလေးကွက်တွေလုပ်လို့မရတော့ပါဘူး။ ဒီဆောင်းပါးမှာ အသက် (၃၀) မတိုင်ခင် ထားရှိသင့်တဲ့အလေ့အကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နေ့စဉ်စားသုံးတဲ့အချိုပမာဏကိုလျှော့ပါ

အချိုလျှော့စားသင့်တဲ့အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။ အာဟာရတန်ဖိုးနည်းတယ်။ အဆီစုဆောင်းမှုနှုန်းကို ပိုမြန်စေတယ်။ နှလုံးရောဂါရနိုင်ခြေကို မြင့်တက်စေတယ်။ သွားပိုးစားတာတို့၊ သွားပိုးပေါက်တို့ ဖြစ်စေနိုင်တယ်။ သွေးပေါင်ချိန်တက်စေတယ်။ စသဖြင့် စသဖြင့်အများကြီးပါပဲ။ အချိုစားမယ့်အစား လတ်ဆတ်တဲ့သစ်သီးဝလံတွေကိုသာ ပြောင်းလဲစားသုံးပါ။ ကော်ဖီထဲထည့်နေကျ နို့မှုန့်တွေ၊ သကြားတွေကိုလျှော့ပြီး ကော်ဖီခါးခါးလေးပြောင်းသောက်လိုက်ပါ။

၂။ တစ်နေ့ကို ရေ (၂) လီတာလောက်ကုန်အောင်သောက်ပါ

 

"ထမင်းအသက် ၇ ရက် ရေအသက်တစ်မနက်" တဲ့။ ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ရေလောက် အရေးကြီးတာမရှိတော့ပါဘူး။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေအကုန်လုံးက ခန္ဓာကိုယ်အပူချိန်ထိန်းသိမ်းဖို့၊ တစ်ရှူးအစိုဓာတ်ကောင်းမွန်စေဖို့၊ အရိုးအဆစ်တွေကြား ချောမွေ့နေစေဖို့၊ ကိုယ်တွင်းကလီစာတွေကိုကာကွယ်ဖို့၊ အစာခြေစနစ်ကောင်းမွန်စေဖို့၊ အညစ်အကြေးတွေ အစာစွန့်စနစ်ထဲ ချောချောမောမောရာက်သွားစေဖို့၊ မရှိမဖြစ်လိုအပ်တဲ့သတ္ထုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ဓာတ်ပြုနိုင်စေဖို့၊ ခန္ဓာကိုယ်တလျှောက် အောက်ဆီဂျင်ကိုသယ်ဆောင်ပေးဖို့ အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရေကိုအသုံးပြုကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့တွေ ကျန်းမာရေးကောင်းနေစေဖို့ ရေကိုလုံလုံလောက်လောက် သောက်သုံးတတ်ဖို့က အရေးကြီးပါတယ် ရေကိုလုံလောက်စွာသောက်သုံးတတ်တဲ့ အကျင့်ဖြစ်စေဖို့ကတော့ ရေဘူးခပ်ကြီးကြီးတစ်လုံးကိုဝယ်လိုက်ပါ။ အမြဲပြည့်အောင်ဖြည့်ထားပြီး ခင်ဗျားသွားလေရာကိုယူသွားလိုက်ပါ။

၃။ တစ်ယောက်ယောက်နဲ့စကားပြောနေရင်း ဖုန်းမသုံးပါနဲ့

 

ဒီခေတ်ကြီးထဲမှာစမတ်ဖုန်းတစ်လုံးဆိုတာ ကိုယ်လက်အင်္ဂါတစ်ခုလိုပဲ ကိုယ်သွားလေရာကို ပါပါတယ်။ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ အပန်းဖြေစရာတွေ အစရှိသဖြင့် ကျွန်တော်တို့တွေ စမတ်ဖုန်းတစ်လုံးအပေါ်မှီခိုနေရတာတွေ မနည်းပါဘူး။ ဒါပေမယ့်ရင့်ကျက်တဲ့အရွယ်ရောက်လာပြီဆိုရင်တော့ ဆယ်ကျော်သက်လေးလို ဖုန်းနဲ့မျက်နှာအပ်နေဖို့ မသင့်တော့ပါဘူး။ ဒါ့အပြင်တစ်ယောက်ယောက် စကားပြောချိန်မှာ ဖုန်းသုံးနေတာဟာ သူတို့ပြောနေတဲ့အကြောင်းအရာကို စိတ်မဝင်စားဘူးလို့ အဓိပ္ပာယ်သက်ရောက်သွားတတ်ပါတယ်။ ဒါကြောင့်တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

၄။ ပိုက်ဆံကိုလိုသလောက်ပဲသုံးပါ

အသက် (၃၀) ပြည့်ခါနီးပြီဆိုတော့ ကိုယ်ပိုင်မိသားစုတွေလည်းရှိတဲ့သူက ရှိနေလောက်ပါပြီ။ ကလေးဘဝတုံးကလို ဝယ်ချင်စိတ်ပေါက်တာနဲ့ ကောက်ဝယ်လိုက်တာမျိုး မလုပ်သင့်တော့ပါဘူး။ ကိုယ်တကယ်ကို လိုအပ်မှ ဝယ်သင့်ပါတယ်။ ဒီအရွယ်မှာ ကိုယ့်ပိုက်ဆံကိုယ်ကောင်းကောင်းရှာနေနိုင်ပြီဆိုတော့ ပိုက်ဆံရဲ့တန်ဖိုးကိုလည်းကောင်းကောင်းသိနေပါပြီ။ ငွေများများစုဆောင်းနိုင်ဖို့ဆိုတာ ပိုက်ဆံလျှော့သုံးတာထက် ကိုယ့်စိတ်ကိုယ် ရောင့်ရဲတတ်အောင်လေ့ကျင့်ပေးဖို့လည်းလိုပါတယ်။ ဥပမာ စမတ်ဖုန်းဝယ်မယ်ဆိုရင် နောက်ဆုံးပေါ်အိုင်ဖုန်းဝယ်မယ့်အစား တော်ရုံသင့်ရုံ အန်းဒရိုက်ဖုန်းတစ်လုံးလောက်ပဲ ဝယ်တာမျိုးပေါ့။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

 

ငယ်တုံးကလို "ဘယ်လောက်စားစား ဝကိုမလာဘူးဟယ်" လို့ဝင့်ကြွားလို့မရတော့တာ အသေအချာပါပဲ။ (၃၀) နားနီးပြီဆိုတော့ ခန္ဓာကိုယ်ကို ဂရုတစိုက်ထိန်းသိမ်းနိုင်မှ တော်ကာကျတာပါ။ တစ်ပတ်မှာ (၇) ရက် လေ့ကျင့်ခန်းလုပ်ဖို့ပြောတာတော့မဟုတ်ပါဘူး။ ရံဖန်ရံခါ အားလပ်ချိန်မှာ GYM သွားပေးသင့်တာတော့အမှန်ပါပဲ။ ဒါဟာအလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ လိုအပ်ပါတယ်။

Source: PowerOfPositivity

Share

Loading Next Article...
က္က