ရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ရင် စိတ်ချမ်းသာရမယ်...

လူဆိုတာ အသက်အရွယ်အလိုက် ရင့်ကျက်သင့်သလောက်တော့ ရင့်ကျက်ရမှာပေါ့။ တချို့တွေကျတော့လည်း အသက်ထက်ပိုပြီး ရင့်ကျက်တဲ့စိတ်ထားရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင့်ကျက်တဲ့စိတ်ထားဟာ ရှိကိုရှိထားရမယ့်အရာပါ။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ကို ချစ်သူတော်ထားရတဲ့ ယောက်ျားတစ်ယောက်ဟာ အာရုံနောက်စရာတွေ နည်းပါတယ်။

 

၁။ အနားမှာ တချိန်လုံးကပ်မနေဘူး

ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားသလို သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း နားလည်ပေးထားတယ်။ အနားမှာ တစ်ချိန်လုံး တွယ်ကပ်မနေဘူး။ သူ့အလုပ်၊ အပေါင်းအသင်း၊ ဝါသနာပါရာတွေကို လုပ်နေချိန်မှာ ကိုယ်ကလည်း ကိုယ့်ကိစ္စတွေ ကိုယ်လုပ်နေရုံပေါ့။ ဂရုမစိုက်တာတော့မဟုတ်ဘူး။ နားလည်ပေးထားတာပါ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> မိန်းကလေးတွေ ချစ်မိတဲ့အခါ ပြုမူကြတဲ့အရာ (၅) ခု

၂။ ကျေးဇူးတင်တယ်

ဒါက သူစိမ်းဆန်တဲ့ အပြုအမူမဟုတ်ဘူး။ ဒီလိုလည်း မတွေးရဘူး။ ကိုယ့်ကိုကူညီဖေးမတဲ့လူ ဘယ်သူ့ကိုမဆို ကျေးဇူးစကားလေးဆိုလိုက်တာက ချစ်စရာကောင်းတဲ့ အလေ့အထပါနော်။ ငါ့ချစ်သူပဲ ငါလိုတာလုပ်ပေးတာ အဆန်းမဟုတ်ဘူးလို့ မတွေးသင့်ဘူး။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ချစ်သူကို ဘယ်လိုချစ်ရမလဲဆိုတာ သိသလို ကျေးဇူးတင်ကြောင်းကိုလည်း အမျိုးမျိုးပြသတတ်ပါတယ်။

၃။ ငွေရေးကြေးရေး မှီခိုမှုကင်းတယ်

တချို့တွေရှိတယ် ကိုယ့်ချစ်သူရဲ့ပိုက်ဆံကို ကိုယ့်ပိုက်ဆံလို သဘောထားတာ။ သူ့ရဲ့ငွေရေးကြေးရေးကို မှီခိုလွန်းတာက ရင့်ကျက်တဲ့အမျိုးသမီးတွေရဲ့စရိုက်မဟုတ်ဘူးနော်။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်တယ်။ နှစ်ယောက်အတူ စားကြသောက်ကြရင်လည်း ယောက်ျားလေးဘက်ကပဲ အမြဲတမ်းရှင်းပေးရတာမျိုးတွေမလုပ်ဘူး။ ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေးနဲ့ တတွတ်တွတ်ပူဆာနေတာမျိုးဟာ ရင့်ကျက်တဲ့အမျိုးသမီးတွေရဲ့ ချစ်သူကိုချစ်ပုံမျိုး မဟုတ်ပါဘူး။

 

၄။ ရည်မှန်းချက်တွေကို မစွန့်လွှတ်ဘူး

ချစ်တာက ချစ်တာပဲနော်။ ကိုယ့်ဘဝအတွက် ရည်မှန်းထားတဲ့ ပန်းတိုင်ကိုတော့ ရောက်အောင်ဆက်သွားနေဦးမှာပဲ။ အချစ်ကြောင့် ဘဝရဲ့ပန်းတိုင်တွေကို စွန့်လွှတ်လိုက်တာမျိုး လုံးဝမလုပ်ဘူး။

၅။ ဆုံးဖြတ်ချက်ချစရာတွေအတွက် ချစ်သူကို မမှီခိုဘူး

ကိုယ်တိုင်ဆုံးဖြတ်ရမယ့် အရာတွေရှိတယ်။ ချစ်သူကို တိုင်ပင်ရင်ဖွင့်တာမျိုးတော့ လုပ်တာပေါ့။ ဒါပေမဲ့ တကယ်တမ်း ဆုံးဖြတ်ချက်ချတဲ့အခါ ကိုယ်တိုင်ပဲဆုံးဖြတ်တယ်။ သူ့ရဲ့လွှမ်းမိုးမှုတွေနဲ့ ဆုံးဖြတ်တာမျိုးမလုပ်ဘူး။

 

၆။ ချစ်သူရဲ့အောင်မြင်မှုအပေါ် ဝန်တိုမှုကင်းတယ်

ကိုယ်ကတော့ ဒီနေရာမှာပဲ ရှိနေသေးပေမဲ့ သူက ကိုယ့်ထက် ပိုသာသွားလို့လည်း မနာလိုမဖြစ်ပါဘူး။ နှစ်ယောက်အတူတူလို့ ခံယူထားပေမဲ့ သူက ကိုယ့်ထက်သာသွားတော့ နည်းနည်းလောက်တော့ သိမ်ငယ်စိတ်လေး ဝင်မိသေးတယ်။ ဒါပေမဲ့ ခဏပါ။ ကိုယ်လည်း ဆက်ကြိုးစားရဦးမယ်လို့ပဲ တွေးလိုက်တော့တယ်။ ကိုယ့်ချစ်သူအောင်မြင်မှုအတွက် ဂုဏ်ယူနေလိုက်မယ်လေ။

 

Share

Loading Next Article...
က္က