မိတ်ဆွေကောင်းတွေက အဖိုးမဖြတ်နိုင်ဘူး

မိသားစုဆိုတာ တန်ဖိုးထားရမယ့် လူတွေပါ။ အဖိုးမဖြတ်နိုင်သူတွေဆိုလည်း မမှားဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကို အပန်းပြေစေပြီး လန်းဆန်းပေါ့ပါးစေတာကတော့ ဘော်ဒါအပေါင်းအသင်းတွေပါလို့ Michigan State University ရဲ့ သုတေသီတွေက ဆိုလိုက်ပါတယ်။

 

ကမ္ဘာတစ်ဝန်းက အသက် ၁၅ နှစ်မှ ၉၉ နှစ်ကြား လူပေါင်း ၃၀၀,၀၀၀ ကျော်ကို လေ့လာမေးမြန်းပြီးနောက်မှာ ဒီရလာဒ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဖြေဆိုသူတွေထဲမှာ သူငယ်ချင်းအပေါင်းအသင်းကို တန်ဖိုးထားသူတွေဟာ ပိုပြီးကျန်းမာပျော်ရွှင်ကြတာကို တွေ့ရပါသတဲ့။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ လူပေါင်း ၇၅၀၀ နီးပါး ပါဝင်တဲ့ သုတေသနမှာဆိုရင်လည်း အသက် ၅၀ ဝန်းကျင် လူတွေရဲ့ကျန်းမာရေးက အပေါင်းအသင်းနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ စိတ်ဖိစီးစေတဲ့ မိတ်ဆွေတွေကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

 

မိတ်ဆွေက မိသားစုထက် ပိုပြီးတန်ဖိုးရှိတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မိသားစုကျတော့ တာဝန်ယူရတာ ပိုများတာကြောင့် စိတ်ဖိစီးမှု ပိုများတာပေါ့။ ဘော်ဒါအပေါင်းအသင်းတွေဆိုတာ ကိုယ်နဲ့စိတ်တူကိုယ်တူပေါင်းရင်း ရင်ဖွင့်တာတွေရှိတယ်လေ။ စိတ်အပန်းပြေရပါတယ်။

Source : Marie Claire

Share

Loading Next Article...
က္က