ရင့်ကျက်တဲ့သမီးရည်းစားအတွဲတွေမှာ ဒီလိုဝိသေသလေးတွေ တွေ့ရတတ်ပါတယ်။


သမီးရည်းစားဆက်ဆံရေး (Relationship) တစ်ခုဟာ အချိန်တွေကြာလာတာနဲ့အမျှ ရင့်ကျက်လာသင့်ပါတယ်။ ရင့်ကျက်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာလည်း ကြာခံရှည်ဖို့ရာခဲယဉ်းပါတယ်။ ရင့်ကျက်တဲ့သမီးရည်းစားအတွဲတွေမှာ ဒီလိုဝိသေသလေးတွေ တွေ့ရတတ်ပါတယ်။



၁။ ချုပ်နှောင်ခြင်းတွေမရှိဘူး

 

တစ်ယောက်ကိုယ်တစ်ယောက်ချုပ်နှောင်ထားတဲ့ Relationship တစ်ခုက ကြာရင်မွန်းကျပ်လာမှာပါ။ RS တစ်ခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုနဲ့နားလည်မှုတွေရှိနေမယ်ဆိုရင် ကိုယ်ဘယ်ရောက်နေလဲ အချိန်တိုင်းသတင်းပို့နေဖို့ မလိုပါဘူး။ ဒါပေမယ့် အိမ်ပြန်နောက်ကျမှာစိတ်ပူတတ်တာကိုတော့ အပြန်အလှန်နားလည်ပေးပြီး အိမ်ပြန်ရောက်ချိန် message ပို့ပေးလိုက်တာလည်း မမှားပါဘူး။

၂။ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ် နေလို့ရတယ်

 

ပျော်ရွှင်တဲ့အတွဲတွေမှာ ကိုယ်စီကိုယ်စီသူငယ်ချင်းတွေ၊ လူမှုရေးကိစ္စတွေရှိပါတယ်။ ချစ်သူအတွက်အချိန်ပေးသလို သူငယ်ချင်းတွေအတွက် အချိန်ပေးတာကိုလည်း လက်ခံပေးရမှာပါ။ သူငယ်ချင်းအဆင့်နဲ့ ချစ်သူအဆင့်ကိုတန်းညှိတာက အမျှော်အမြင်ရှိတဲ့အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။

၃။ ရည်မှန်းချက်တွေနောက်လိုက်ဖို့ အားပေးတယ်

တစ်ယောက်ရဲ့အရည်အချင်းကိုတစ်ယောက်က နားလည်ပြီး ဘဝရည်မှန်းချက်တွေနောက်ကို လိုက်ဖို့တိုက်တွန်းအားပေးတဲ့ အတွဲတွေဟာ ရင့်ကျက်တဲ့အတွဲတွေပါပဲ။ အသက်မွေးဝမ်းကြောင်းအလုပ်က ဆရာဝန်ဆိုပေမယ့် သီချင်းဆိုဝါသနာပါနေတာလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်လေ။ အဓိက က ကိုယ့်ချစ်သူရဲ့ဝါသနာ၊ ရည်မှန်းချက်ကို ဖျက်လိုဖျက်ဆီးမလုပ်ဘဲ တိုက်တွန်းအားပေးဖို့ပါပဲ။

၄။ အမှားတွေရှိရင်လည်း လွယ်လွယ်နဲ့ခွင့်လွှတ်တယ်

 

လူတိုင်းအမှားနဲ့မကင်းပါဘူး။ လူမှန်ရင်ဘဝမှာတစ်ခါလောက်တော့ မှားဖူးကြတာပါပဲ။ အဲဒီလိုမှားတဲ့အခါကျရင် ခွင့်မလွှတ်နိုင်လောက်တဲ့အမှားမျိုးမဟုတ်ရင် ခွင့်လွှတ်ပေးလိုက်သင့်ပါတယ်။ အဲဒီအမှားကို လိုက်ထောက်ပြီး မေးငေါ့နေရင် အချိန်တွေကြာလာတဲ့အခါ နှစ်ဦးကြားဆက်ဆံရေးက အက်ကြောင်းတွေထလာပြီး နောက်ဆုံးကျကွဲရတဲ့အခြေအနေထိ ရောက်သွားတတ်ပါတယ်။

၅။ မိသားစုနဲ့ရင်းနှီးကျွမ်းဝင်အောင်နေတယ်

တစ်ချိန်ချိန်မှာ အမျိုးတော်ရမယ့်လူတွေလို့ သတ်မှတ်ထားပြီးရင်တော့ တစ်ဖက်မိသားစုနဲ့ရင်းနှီးအောင်နေတာက လုပ်သင့်တဲ့အရာတစ်ခုပါပဲ။ ကိုယ့်ချစ်သူရဲ့အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ တရင်းတနှီးရှိခြင်းဟာ နောင်တချိန်မှာ အမျိုးတော်ရရင် အထောက်အကူဖြစ်ရုံမက ကိုယ့်ချစ်သူကို ကိုယ်ပြောလို့မနိုင်တာလေးတွေကို တစ်ဖက်လှည့်နဲ့ ပြန်တိုင်လို့ရပါသေးတယ်။

၆။ ရန်ဖြစ်ရင်လည်း အကျိုးသင့်အကြောင်းသင့်လက်ခံတယ်

သမီးရည်းစားတွေရန်ဖြစ်တာ မထူးဆန်းပါဘူး။ ရန်ဖြစ်စကားများတဲ့အချိန်မှာ တစ်ဖက်လူရဲ့ပြောစကားကို လေးလေးစားစားနဲ့ နားထောင်ပေးမယ်ဆိုရင် ပြဿနာရဲ့တစ်ဝက်လောက်က ကျေအေးပြီးသား ဖြစ်ပါတယ်။ ရင့်ကျက်တဲ့အတွဲတွေက ကလေးတွေလို ကဒီး ကဒီးရန်ဖြစ်ပြီး အချိန်ဖြုန်းမနေတတ်ပါဘူး။

၇။ အတူတူရှိနေနိုင်ဖို့အတွက် အချိန်ပေးတယ်

 

သမီးရည်းစားဘဝမှာပဲဖြစ်ဖြစ်၊ လင်မယားဘဝမှာပဲဖြစ်ဖြစ် နှစ်ယောက်တည်း သီးသန့်နေရတဲ့အချိန်တွေဟာ ရွှေပါပဲ။ အဲဒီလိုအချိန်မျိုးကို နေ့တိုင်းလိုချင်နေရင် လောဘကြီးရာ ကျပေမယ့် တစ်ပတ်မှာ တစ်ခါလောက်တော့ (အနည်းဆုံး တစ်လမှာ တစ်ခါလောက်တော့) အချိန်ပေးသင့်ပါတယ်။ နှစ်ယောက်တူတူရှိနေရမယ့်အချိန်တွေအတွက် ရလာမယ့်အမှတ်တရတွေနဲ့စာရင် ပေးလိုက်ရတဲ့အချိန်တွေ၊ ငွေတွေက တန်ပါတယ်။

Share

Loading Next Article...
က္က