မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအကြိမ်ချိန်းတွေ့ပြီဆို ဒါတွေကို သိထားဖို့လိုပါတယ်။


ဆိုရိုးစကားတစ်ခွန်းတောင်ရှိပါသေးတယ်။ ယောကျ်ားလေးတွေက အင်္ဂါဂြိုဟ်ကလာပြီး မိန်းကလေးတွေက သောကြာဂြိုဟ်ကလာပါသတဲ့။ နောက်ပြီး သူတို့ဟာ မတူကွဲပြားတဲ့ဘာသာစကားတွေကို သုံးစွဲကြပါသတဲ့။ ဆိုလိုတာက ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေကြားမှာ စိတ်ဝင်စားတဲ့အကြောင်းအရာချင်းမတူတဲ့အတွက် စကားပြောစရာအကြောင်းအရာ ရှားပါးပါသတဲ့။ ယောကျ်ားလေးတော်တော်များများကလည်း မိန်းကလေးတွေနဲ့ တွေ့ရင်ဘာစပြောလို့ပြောရမှန်း မသိပါဘူး။ (Lady Killer တွေကလွဲရင်ပေါ့။)

နောက်ပြီး ကိုယ်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုကို ကိုယ်နဲ့ချိန်းတွေ့နေတဲ့မိန်းကလေးက စိတ်မဝင်စားဘဲ နောက်ထပ်ထပ်ချိန်းဆိုလို့မရမှာကိုလည်း စိုးရိမ်ကြပါတယ်။ ဒီလိုလူတွေအတွက် မိန်းကလေးတွေနဲ့ချိန်းတွေ့ရင် ပြောလို့အကောင်းဆုံုး အကြောင်းအရာ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ

 

သူမနဲ့မချိန်းတွေ့ခင် အရင်ဆုံး သူမရဲ့ Facebook account ထဲက interest ကို သွားမွှေကြည့်ပါ။ အများစုုကတော့ public တင်ထားတတ်ပါတယ်။ ဒါမှမဟုတ် Pinterest account ထဲက Board တွေကို နည်းနည်းမွှေကြည့်ပါ။ သူမစိတ်ဝင်စားတဲ့စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေအကြောင်း ခင်ဗျားအနည်းနဲ့အများတော့ သိရှိသွားမှာပါ။ သူမစိတ်ဝင်စားတဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေက ခင်ဗျားစိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ရင်တောင် Google နည်းနည်းခေါက်ပြီးလေ့လာထားလိုက်ပါ။

သူမနဲ့စကားပြောချိန်မှာ ဒါဟာပြောစရာအကြောင်းအရာတစ်ခုဖြစ်လာမှာပါ။ မိန်းကလေးတွေက သူတို့နဲ့ အကြိုက်ချင်း တူတဲ့လူတွေနဲ့ဆို ရင်းနှီးလွယ်ကြပြီး ဒါတွေဟာ သူမရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ သူမ နှစ်သက်တဲ့ရုပ်ရှင်ထဲက quote တွေကို မှီငြမ်းပြီး သူမကို ရယ်မောလာအောင်လည်း လုပ်လို့ရပါသေးတယ်။

၂။ သမီးရည်းစားဆက်ဆံရေးတွေအကြောင်း

 

မိန်းကလေးတွေဟာ သူများတွေအကြောင်းကို စိတ်အဝင်စားဆုံးလူတွေဖြစ်ကြပါတယ်။ နာမည်ကြီးပုဂ္ဂိုလ် (ဆယ်လီ) အတွဲတစ်တွဲရဲ့ ဆက်ဆံရေးအကြောင်းပဲဖြစ်ဖြစ်၊ ခင်ဗျားတို့နှစ်ယောက်စလုံးသိတဲ့ လူတစ်ယောက်ရဲ့ သမီးရည်းစားရေးရာ ပြဿနာအကြောင်းပဲဖြစ်ဖြစ် ခေါင်းစဉ်တည်လိုက်ရင် ခင်ဗျားတို့ကြားမှာပြောစရာတွေအများကြီးရလာမှာပါ။ မိန်းကလေးအများစုက ဟုတ်ဟုတ် မဟုတ်ဟုတ် သမီးရည်းစားရေးရာကိစ္စတွေမှာ အကြံဉာဏ်တွေပေးရတာနှစ်သက်သလို စပ်စပ်စုစုလည်းရှိတော့ ခင်ဗျားနဲ့အဲဒီအကြောင်းတွေပြောရမှာကို နှစ်သက်မှာအသေအချာပါပဲ။

၃။ ခရီးသွားခြင်းအကြောင်း

 

ဒီခေတ်ကြီးမှာ ခရီးတွေသွားပြီး ခရီးသွားဆောင်းပါးပြန်ရေးတဲ့ Travel Blogger တွေခေတ်စားနေပြီး မိန်းကလေးတော်တော်များများကလည်း ခရီးသွားရတာကို နှစ်သက်ကြပါတယ်။ သူတို့သွားဖူးတဲ့ ခရီးစဉ်တွေအကြောင်းမေးရင်၊ ဒါမှမဟုတ် ကိုယ်သွားဖူးတဲ့ခရီးစဉ်တွေအကြောင်း ပြောပြရင် သူတို့ကိုပျော်ရွှင်ပြီး စိတ်တက်ကြွစေပါတယ်။ ဒါမှမဟုတ် ဒီနှစ်ထဲမှာသွားချင်နေတဲ့ ခရီးစဉ်တွေအကြောင်း မေးမြန်းတာဟာလည်း သူတို့ကို စိတ်တက်ကြွစေမှာပါ။

၄။ သူမနဲ့ပတ်သက်တဲ့ထင်မြင်ချက်တွေ

First Date (ဒါမှမဟုတ်) blind date မှာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိသေးချိန်ဆိုတော့ တစ်ယောက်ကိုယ်တစ်ယောက်လေ့လာနေရတဲ့အချိန်ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်နဲ့မတွေ့ခင်မှာ သူမနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကြိုတင်လေ့လာသွားတာက မမှားပါဘူး။ အိမ်စာလုပ်သွားတဲ့ကလေး ဆရာမရိုက်တာမခံရပါဘူး။ ဒီတော့ မိန်းကလေး တစ်ယောက်ရဲ့စိတ်အာရုံကိုဆွဲဆောင်ချင်ရင်တော့ သူမနဲ့ပတ်သက်တဲ့အကြောင်းတွေကို လေ့လာသွားပြီး သူမအပေါ်ထင်မြင်ယူဆချက်တွေကို ပြောပြသင့်ပါတယ်။ မိန်းကလေးတွေက ယောကျ်ားလေးတွေ သူတို့အပေါ် ဘယ်လိုထင်မြင်ယူဆလဲဆိုတာကို သိချင်ကြပါတယ်။

၅။ သူမရဲ့အိမ်မက်တွေအကြောင်း

 

လူတိုင်းမှာ တနေ့ဖြစ်လာရမယ်လို့ စိတ်ကူးထားတဲ့အိမ်မက်တွေရှိပါတယ်။ လေယာဉ်ပျံကြီးမောင်းရမယ်တို့၊ အာကာသယာဉ်ကြီးစီးရမယ်တို့ပေါ့။ ဒီအိမ်မက်တွေဟာ သူများတွေအတွက် ဘယ်လောက်ပဲ အဓိပ္ပာယ်မဲ့ပြီး ရယ်စရာကောင်းနေပါစေ။ ကိုယ့်အိမ်မက်နဲ့ကိုယ်ကတော့ ခမ်းနားနေတာပဲမဟုတ်လား။ ဒီလိုပဲ... ကိုယ့်အိမ်မက်ကို တခြားလူတစ်ယောက်က စိတ်ဝင်တစားမေးမြန်းလာတဲ့ ခံစားချက်ကလည်း သိပ်ကောင်းပါတယ်။ ဒီတော့ သူမရဲ့စိတ်ကူးအိမ်မက်တွေအကြောင်းကိုမေးမြန်းပါ။ သူမရဲ့စိတ်ထဲမှာခင်ဗျားကိုရင်းနှီးသလိုခံစားလာရပြီဆိုရင် သူမရဲ့စိတ်ကူးအိမ်မက်တွေအကြောင်းကို ပြောပြပါလိမ့်မယ်။ (သူမရဲ့အိမ်မက်တွေအကြောင်း မမေးခင် ခင်ဗျားရဲ့အိမ်မက်တွေအကြောင်း အရင်ပြောပြတာဟာလည်း အကြံကောင်းတစ်ခုပါပဲ။)

ဒီအကြောင်းအရာတွေအတိုင်း အစဉ်လိုက်လုပ်ဖို့မလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီး စကားဝိုင်းအတက်အကျအလိုက် စကားဝိုင်းအရှိန်ကိုကျမသွားအောင် အကြောင်းအရာမျိုးစုံကို ဦးတည်ပြောပေးသင့်ပါတယ်။ မိန်းကလေးတွေက သူတို့နဲ့စကားပြောလို့အဆင်ပြေတဲ့ ယောကျ်ားလေးတွေကို အတိုင်းအတာတစ်ခုထိ သဘောကျတတ်ပြီး ခင်ဗျားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး နောက်ထပ်ခြေတစ်လှမ်းတိုးဖို့ အထောက်အပံ့ကောင်းလည်းဖြစ်လာနိုင်ပါတယ်။

Source: Getawingman

Share

Loading Next Article...
က္က