အပီအပြင်ကြွေသွားမယ်.......

စနိုက်ကြော်တွေများတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရည်းစားလေး သူများနောက်မပါဖို့အရေး ပိုပြီးချစ်ပြပေးဖို့လိုတယ်။ ချစ်သူရည်းစားတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ပိုပြီးစွဲလမ်းလာဖို့အတွက် အနမ်းတွေက အဓိကလက်နက်ပဲ။ အနမ်းတွေဟာ ချစ်ခြင်းရဲ့သင်္ကေတတစ်ခုလည်းဖြစ်သလို ရင်ခုန်သံဖလှယ်ကြတဲ့ အခိုက်အတန့်တွေလည်းဖြစ်တယ်။ ကိုယ့်အနမ်းကို သူက စွဲလမ်းသွားအောင် နမ်းတတ်ဖို့လိုလိမ့်မယ်နော်။



 

၁။ လန်းဆန်းတဲ့အနံ့အသက်

မနမ်းခင်အချိန်မှာ ကိုယ့်ခံတွင်းက အနံ့ဆိုးတွေ ထွက်နေသလားဆိုတာ သတိထားကြည့်ပါ။ သန့်ရှင်းမွှေးပျံ့နေတဲ့ခံတွင်းနံ့ဟာ တစ်ဖက်လူရဲ့စိတ်ကို ပိုပြီးပျော်ရွှင်စေလိမ့်မယ်နော်။ ခံတွင်းသန့်ဆေးဘူးလေးတွေ၊ ပီကေလေးတွေက အမြဲဆောင်ထားရမှာ။

၂။ မျက်လုံးချင်းစကားပြောပါ

နမ်းနေတဲ့အချိန်ဆို မျက်လုံးတွေကို မှိတ်ပစ်လိုက်ကြတယ်။ မမိုက်ပါဘူးကွာ...။ တကယ်တမ်း လျှို့ဝှက်ချက်က နမ်းနေရင်း စကားပြောရမှာ။ နမ်းနေတဲ့အချိန်အတွင်းမှာပဲ မျက်လုံးလေးဖွင့်ပြီး သူနဲ့ အကြည့်ချင်းဆုံပြီဆို မျက်လုံးတွေက စကားပြောလို့ရတယ်။ ရင်ခုန်သံတွေ ဆူညံလာမှာ အသေအချာပဲ။

 

၃။ အချိန်ယူပါ

အနမ်းဖလှယ်တယ်ဆိုတာ နှစ်ယောက်အတူ ပူးပေါင်းလုပ်ဆောင်ရတာမဟုတ်လား။ ကိုယ့်ဘက်က အတင်းဖိအားပေးတာတွေ၊ အတင်းအကျပ်ဆန်လွန်းတာတွေဟာ တစ်ဖက်သားရဲ့စိတ်ကို ညစ်ညူးစေနိုင်တယ်။ ဖြည်းဖြည်းပေါ့။ အချိန်ယူပြီး ဖြည်းဖြည်းချင်းနမ်း။

၄။ လျှာဖျားကအထိအတွေ့

နှုတ်ခမ်းတွေကနေ လျှာဖျားအထိ စီးဆင်းသွားတဲ့ လျှပ်စစ်ဓာတ်ဟာ အရမ်းကိုခမ်းနားတဲ့ အနမ်းတစ်ခုဖြစ်သွားစေတယ်။ ဒါမှမဟုတ် ကြက်သီးထစရာကောင်းတဲ့ ခံစားချက်တွေ ဖြစ်စေတယ်။ နှစ်ဦးနှစ်ဘက် စိတ်ပါမှ လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ လုံးဝကြီးရှောင်ကြဉ်ဖို့မလိုဘူးနော်။ စမ်းသပ်ကြည့်ပါ။ သဘောကျတယ်ဆို ဆက်လုပ်ပေါ့။

၅။ အံ့သြမှင်သက်စေတဲ့အနမ်း

သူ့ဘက်က မျှော်မှန်းတွေးဆထားမှာ မဟုတ်တဲ့ အနေအထားမျိုးမှာ ရုတ်တရက် နမ်းကြည့်လိုက်ပါလား။ ရင်တွေခုန်သွားလိမ့်မယ်။ ပျော်လည်း ပျော်သွားလိမ့်မယ်။ မျှော်လင့်မထားဘဲ ရောက်လာတဲ့ လက်ဆောင်လို အနမ်းလေးပေးလိုက်ပါ။

 

၆။ နယ်မြေသစ်တွေ

နှုတ်ခမ်းချင်း ထိတွေ့ပြီး နမ်းတဲ့အနမ်းဟာ နယ်မြေသစ်တွေကိုပါ ဖြန့်ကျက်သွားတဲ့အခါ ပိုမိုပြည့်စုံသွားပါတယ်။ နားသယ်စပ်လေးတွေ၊ မေးဖျားနဲ့ လည်ပင်းတို့ဟာ အနမ်းရဲ့ ဆက်စပ်နယ်မြေတွေပါ။ ဒီနေရာတွေကိုလည်း နမ်းပေးလိုက်မယ်ဆို ကိုယ့်အနမ်းကို တမ်းတမ်းစွဲ ဖြစ်သွားမှာမို့လို့ တခြားတစ်ယောက်ကို ယောင်လို့တောင် စိတ်ကူးယဉ်တော့မှာမဟုတ်ဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က