ကြာလေကိုယ်ပဲ နစ်နာလေလေ...

မချစ်တော့တာမဟုတ်ဘူး တဖြည်းဖြည်း စိတ်ကုန်လာတာ။ သူ့ကိုမြင်နေရတာ အမှိုက်ထုပ်လိုပဲ။ ဘာမှ အသုံးမဝင်တော့ဘူးလို့ ခံစားလာရပြီဆိုရင် ဒီအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်။ ဒါတွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ ဒီလူကို ချစ်သူအဖြစ်ကနေ ရပ်ဆိုင်းလိုက်တာပဲ ကောင်းပါလိမ့်မယ်။

 

၁။ ခန္ဓာကိုယ်ကိုပဲကြည့်တယ်

သူနဲ့ကိုယ်က ရည်းစားအဆင့်ပဲရှိသေးတာ။ ကိုယ့်ခန္ဓာကိုယ်ကို အပိုင်မပေးရသေးဘဲနဲ့ ထိတွေ့ဖို့ကိုပဲ စိတ်ဝင်စားနေတယ်ဆို ဒီလူကို ဆက်တွဲမနေနဲ့တော့။ ယောက်ျားလေးပဲ ဘူးမှာပေါ့၊ ကိုယ့်ရည်းစားကိုယ်ဘူးတာဆိုတဲ့စကားနဲ့ တွေ့တိုင်း အထိအတွေ့ကိုချည်း တောင့်တနေရင် အမှိုက်လိုရည်းစားပဲ။

 

၂။ သူ့ဘော်ဒါတွေနဲ့ဆို ကိုယ့်ကိုအဖက်မလုပ်တော့ဘူး

ယောကျ်ားလေးတွေက မိန်းကလေးတွေထက်ပိုပြီး အပေါင်းအသင်းကိုမက်ကြတယ်။ ယောက်ျားလေးတွေအချင်းချင်း တွေ့ကြဆုံကြတာကို ရည်းစားက လိုက်ရှုပ်ရင်၊ ကန့်ကွက်ရင်လည်း မကြိုက်ဘူး။ ဒါကတော့ သဘာဝပဲမို့ နားလည်ပေးလို့ရသေးတယ်။ အဲ့ဒီအဆင့်ထက်ကျော်လွန်ပြီဆိုရင်တော့ ဒီဘဲက မမိုက်ဘူး။ ဘယ်လိုကျော်တာလဲဆိုရင် သူ့ရဲ့ဘော်ဒါတွေနဲ့တွေ့နေချိန်ဆို ကိုယ်က ဘေးမှာရှိနေလည်း လုံးလုံးကို လှည့်မကြည့်တော့တာမျိုး။ အနားမှာရှိနေတာကိုတောင် အဖက်မလုပ်တော့တာ။

၃။ ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုအကောင်းမပြောဘူး

လူတိုင်းမှာ ပင်ကိုယ်စရိုက်လေးတွေ ရှိကြတယ်။ ဒါကို အပြစ်တစ်ခုလိုမြင်နေရင် အစတည်းက မချစ်နဲ့လေ။ ခုကျမှ တစ်ခုချင်းစီ လိုက်ပြောနေတာ စိတ်ရှုပ်စရာပဲ။

 

၄။ စိတ်မရှည်ဘူး

ချစ်သူတွေဖြစ်လာပြီဆိုရင် တခြားလူနဲ့ တန်းတူသတ်မှတ်လို့ မရဘူး။ ကိစ္စတစ်ခုခုဖြစ်လာပြီ၊ အမြင်မတူတာတွေ ဖြစ်လာပြီဆိုရင် စိတ်ရှည်ရှည်နဲ့ ရှင်းပြရမယ်။ ကိုယ့်ချစ်သူလည်းဆိုသေးတယ် ကိုယ့်အပေါ် စိတ်မရှည်ဘူးဆိုမှတော့ ဒိုးလိုက်ပေါ့။ ချစ်သူတွေဖြစ်ပြီး ပွင့်လင်းမှုမရှိ၊ ထစ်ခနဲဆို သူကအရင်စိတ်ဆိုးတယ်ဆိုတာ ဘယ်မိန်းကမှ လက်မခံနိုင်ဘူးလေ။

Share

Loading Next Article...
က္က