ခင်ဗျားတို့နှစ်ယောက်လုံးအတွက် အရေးကြီးတာတစ်ခုက ဆက်ဆံရေးကို နောက်ထပ်လယ်ဗယ်တစ်ခုမတက်ခင် ဒါတွေကို မေးမြန်းညှိနှိုင်းထားဖို့တော့ လိုအပ်ပါလိမ့်မယ်။


ဆိုကြပါစို့။ Online Chat Room တစ်ခုခု (Facebook, Viber, Wechat.,etc) မှာ တွေ့တဲ့ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာပါချိန်းတွေ့ပြီး တွဲကြည့်ကြတော့မယ် ဆိုပါစို့။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်က အောင်သွယ်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့ကြည့်ဖို့ စိတ်ကူးနေတယ်ဆိုပါစို့။ ခင်ဗျားတို့နှစ်ယောက်လုံးအတွက် အရေးကြီးတာတစ်ခုက ဆက်ဆံရေးကို နောက်ထပ်လယ်ဗယ်တစ်ခုမတက်ခင် ဒါတွေကို မေးမြန်းညှိနှိုင်းထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

၁။ ရည်းစားဟောင်းနဲ့ လက်ရှိအခြေအနေ



ကိုယ်တွဲမယ့်ကောင်မလေးမှာ ရည်းစားဟောင်းရှိမရှိဆိုတာကို အရင်စုံစမ်းရမှာပါ။ ရှိတယ်ဆိုရင် သူတို့နှစ်ယောက် ဘယ်လိုပတ်သက်နေသေးလဲဆိုတာကို ဆက်လက်စုံစမ်းပါ။ ရည်းစားဟောင်းကိုလည်း သံယောဇဉ်အမျှင်တန်းထားပြီး ခင်ဗျားကိုလည်းလာပတ်သက်နေတာကို ခင်ဗျားလိုချင်မှာမဟုတ်ပါဘူး။

"ချစ်နေရရင်ပဲ ကျေနပ်နေမယ်~~~" ဆိုပြီး ဖီးလ်တက်နေလို့ကတော့ နောင်တချိန်ကျရင် နောင်တရစရာတွေ ဖြစ်လာပါလိမ့့်မယ်။ ဒါကြောင့်ကိုယ်ပတ်သက်မယ့်ကောင်မလေးမှာ ဇယားရှင်းမရှင်း သိရဖို့က အဓိကဦးစားပေးအချက်ပါပဲ။

၂။ သူ့ရဲ့နေ့စဉ်အလုပ်ချိန်ဇယား

ခင်ဗျားရဲ့အလုပ်ချိန်က မနက် (၉)- ည (၅) ဖြစ်နေပြီး ခင်ဗျားတွဲမယ့်ကောင်မလေးက ည (၅)- မနက် (၉) ဖြစ်နေရင် (ဥပမာ.. ဆေးရုံမှာအလုပ်လုပ်တာတို့ ဘာတို့) ခင်ဗျားတို့နှစ်ယောက်ကြား ဆုံုနိုင်ဖို့ အချိန်တွေရှားပါးနေပါလိမ့်မယ်။

တချို့က ရုံးပိတ်ရက်မှာလျှောက်လည်ရရုံလောက်နဲ့ ကျေနပ်နိုင်ပေမယ့် တချို့ကျပြန်တော့ မနက်မိုးလင်းလို့ မျက်စိ (၂) လုံးပွင့်တာနဲ့ ကိုယ့်ချစ်သူနဲ့အတူအချိန်ဖြုန်းချင်ကြပါတယ်။

တကယ်လို့ ခင်ဗျားတို့နှစ်ယောက်အလုပ်ချိန်တွေမတူဘူးဆိုရင် ဒါဟာသူ့အတွက်အဆင်ပြေ မပြေ အရင်ညှိနှိုင်းသင့်ပါတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့အလုပ်ချိန်ဇယားကိုသိထားရင် သူဘယ်အချိန်မှာ ဘယ်နေရာကိုရောက်နေမယ်ဆိုတာကို ခင်ဗျားသိနိုင်တာပေါ့။

၃။ သဘောထားတိုက်ဆိုင်မှုရှိမရှိ



ခင်ဗျားတို့နှစ်ယောက်ရဲ့ပတ်သက်မှု နောက်တစ်ဆင့်ကိုမတက်ခင် သိထားသင့်တဲ့အချက်နောက်တစ်ချက်ကတော့ ခင်ဗျားအတွက်အရေးပါတဲ့ ဓလေ့စရိုက်လေးတွေကို သူဘယ်လို သဘောထားလဲဆိုတာပါပဲ။ ဥပမာ... ခင်ဗျားက ညဘက်တွေဘောလုံးပွဲထကြည့်တတ်တာမျိုးကို သူဘယ်လိုသဘောထားပေးနိုင်မလဲ ဆိုတာမျိုးပေါ့။ သူ့ဘက်ကလည်း မနက်ဆို အိပ်ယာစောစောမထနိုင်လို့ မနက်စာကို ခင်ဗျားတာဝန်ယူစီစဉ်ပေးရမယ် ဆိုပြီး ပြန်လည်ညှိနှိုင်းချင် ညှိနှိုင်းလာပါလိမ့်မယ်။

၄။ ချုပ်ခြယ်တတ်ခြင်းရှိမရှိ

ခင်ဗျားက သူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ် သွားလာတတ်ပြီး ခင်ဗျားတွဲမယ့်သူက ချုပ်ချယ်တတ်တဲ့လူမျိုးဆိုရင် ခင်ဗျားတို့နှစ်ယောက်ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။

ဒါကြောင့် မတွဲခင်ကတည်းက ခင်ဗျားရဲ့အလေ့အထတွေနဲ့ သူ့ရဲ့အလေ့အထတွေကိုညှိနှိုင်းပါ။ တွဲပြီးမှ စိတ်ရှုပ်ရမှာထက်စာရင် မတွဲခင်ကတည်းက ကိုယ်ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အရာတွေကို ပေါ်တင်ပြောပြပြီး ညှိနှိုင်းလိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်။

၅။ တခြားလူတွေကိုကော ဘယ်လိုဆက်ဆံလဲ

စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "လူတစ်ယောက်ရဲ့စိတ်ရင်းမှန်ကိုသိချင်ရင် သူနဲ့လယ်ဗယ်တူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကိုမကြည့်နဲ့။ သူ့အောက်ကလူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ပါ" တဲ့။

ခင်ဗျားတွဲမယ့်သူဟာ မောက်မာတဲ့လူတစ်ယောက်ဖြစ်နေရင် တချိန်ချိန်မှာ ခင်ဗျားအိမ်နဲ့မိတ်ဆက်ပေးတဲ့အခါကျမှ မျက်နှာပျက်စရာတွေဖြစ်လာရင် မကောင်းပါဘူး။

နောက်တစ်ခုက မောက်မာတတ်တဲ့လူတွေက အပြင်မှာချိုသာသယောင်ရှိပေမယ့် အတွင်းစိတ်ထဲမှာတော့ ကိုယ့်ထက်နိမ့်ကျတဲ့လူတွေကို နှိမ့်ချဆက်ဆံတတ်တဲ့စရိုက်ရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ မာနခဲတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေရင် ကိုယ်သီးခံနိုင်မလား ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပြီးမှ ရှေ့ဆက်သင့်ပါတယ်။

Source: Bustle

Share

Loading Next Article...
က္က