ဒါတွေအားလုံး ဖြစ်နေပြီဆို လွှတ်မထားနဲ့တော့။
 

ဖောက်ပြန်တယ်ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ဖောက်ပြန်ကြတာပဲ။ ကိုယ့်ကိုလည်း မဖြတ်ဘဲ နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့ ခြေရှုပ်နေတာက ပြတ်သွားတာထက် ပိုဆိုးတယ်။ ကိုယ့်ကို အရူးလုပ်နေတာလေ။ ဒါကို ကိုယ်က အချိန်မီ မတားနိုင်ဘူးဆိုရင် ကိုယ်ပဲခံစားရတော့မှာ။ ကိုယ့်ဘဲက ခြေရှုပ်နေပြီလားဆိုတာကို အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။

၁။ အဆက်အသွယ်နည်းလာတယ်

ရုတ်တရက်ဆိုသလို သူ့မှာ အလုပ်တွေများလာလိမ့်မယ်။ အလုပ်မအားလို့ ဖုန်းမဆက်နိုင်တာပါ။ ဖုန်းက silent လုပ်ထားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကို သိပ်ပြီးမဆက်သွယ်တော့ဘူး။ အမှန်က တခြားတယောက်နဲ့ ကျူနေရတော့ ကိုယ့်အတွက်ပေးတဲ့အချိန်တွေက သူများဆီရောက်ကုန်တာ။ ဒီတော့ အလုပ်များလာတယ်ပြောတိုင်းလည်း စွတ်မယုံပါနဲ့။ နည်းနည်းပါးပါး စုံစမ်းကြည့်ပါ။ တကယ်အလုပ်များနေတာ ဟုတ်မဟုတ် သိထားဖို့လိုတယ်။

 

၂။ ဆင်ခြေဆင်လက်

တစ်ခုခုဆိုရင် အရင်တုန်းကလိုမျိုး ကိုယ်နဲ့သူ စိတ်တူကိုယ်တူ မဟုတ်တော့ဘူး။ ဆင်ခြေဆင်လက်တွေနဲ့ ရှောင်ထွက်လာပြီ။ ဒါမှမဟုတ် ငြင်းခုန်တာတွေများလာတယ်။ ကိုယ့်ဘက်က အမှားတစ်ခုခုလောက် လုပ်မိတာနဲ့ အထအနကောက်ပြီး စိတ်ဆိုးတော့တာပဲ။

၃။ သူ့ရဲ့ငယ်ချင်းတွေ

ယောကျ်ားလေးတွေက ပါးစပ်ကသာ ဆဲဆိုနေကြတာ တကယ်တည်း စည်းလုံးပြီဆို မိန်းကလေးတွေ လိုက်မမီဘူး။ သူ့ပုံကြည့်ရတာ မသင်္ကာစရာဖြစ်နေလို့ သူ့သူငယ်ချင်းတွေကို သွားမေးကြည့်လိုက်တဲ့အခါ သူ့ကောင်းကြောင်းတွေချည်းပဲ ကြားနေရပြီဆိုရင် တစ်ခုခုတော့ လွဲနေပြီဆိုတာ သဘောပေါက်လိုက်ပါ။ အရင်တုန်းကဆို အချွန်နဲ့ မ'လွှတ်တဲ့လူတွေက အခုက သူငယ်ချင်းကောင်းပီသပြနေကြတာလေ။

 

၄။ ဖုန်းနဲ့လူနဲ့ မခွာတော့ဘူး

အိမ်သာသွားရင်တောင်မှ ဖုန်းကိုကိုင်သွားတယ်။ ဘယ်သွားသွား သူ့ဖုန်းကို ကိုယ်နဲ့မကွာ သယ်နေပြီဆိုရင် ဖုန်းထဲမှာ တစ်ခုခုရှိနေလို့ပေါ့။ သူ မရှိတုန်း တစ်ယောက်ယောက်ဆီက ဖုန်းလာတဲ့အခါ ကိုယ်မြင်သွားမှာ စိုးရိမ်နေပုံပဲနော်။

၅။ နေပုံထိုင်ပုံတွေပြောင်းလာတယ်

အရင်ကဆို အဝတ်အစားဖြစ်ကတတ်ဆန်းဝတ်လို့ အမြဲပြောနေရတယ်။ ခုကျတော့လည်း ပြင်ဆင်နေလိုက်တာများ ကော့လို့။ သန့်ပြန့်နေတာပဲ။ အရင်တုန်းက အပြင်သိပ်မထွက်တဲ့လူက ခုဆို ရှိသမျှပွဲ အကုန်တက်နေပြီလား? မသင်္ကာစရာကောင်းနေပြီနော်။

Share

Loading Next Article...
က္က