ပွေ့ဖက်ခြင်းရဲ့အဓိပ္ပာယ်ကတော့ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာပါပဲ။ အဲဒီနွေးထွေးတဲ့ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းကိုပေးလို့ရပါတယ်။


ပြီးခဲ့တဲ့နှစ်က လှည်းတန်းစင်တာရှေ့မှာလုပ်သွားတဲ့ Free Hug ပွဲကိုမှတ်မိကြသေးလား။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်တယ်ဆိုတာက ဒီနိုင်ငံမှာသိပ်ခေတ်မစားသေးတဲ့ နွေးထွေးမှုကို ဖော်ပြတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ပွေ့ဖက်တယ်ဆိုတာ သမီးရည်းစားတွေပဲလုပ်လို့ရတယ်လို့ တချို့ကထင်ကြပါတယ်။ အမှန်တော့မဟုတ်ပါဘူး။ ပွေ့ဖက်တယ်ဆိုတာ အဖေနဲ့သား၊ အမေနဲ့သမီး၊ ဆွေမျိုးသားချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ နောက်ဆုံး သူစိမ်းတွေကိုတောင်ပြုလုပ်လို့ရပါတယ်။ ပွေ့ဖက်ခြင်းရဲ့အဓိပ္ပာယ်ကတော့ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာပါပဲ။ အဲဒီနွေးထွေးတဲ့ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းကိုပေးလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူတစ်ယောက်နဲ့တစ်ယောက် ဖက်လေ့ရှိတဲ့ ပွေ့ဖက်မှုပုံစံတွေနဲ့ သူတို့ရဲ့အဓိပ္ပာယ်တွေကို ဖော်ပြပေးသွားမှာပါ။

၁။ နွေးထွေးတဲ့ပွေ့ဖက်ခြင်း





နွေးထွေးတဲ့ပွေ့ဖက်ခြင်းက လူသုံးများပါတယ်။ သူ့ရဲ့အဓိပ္ပာယ်ကတော့ လူတစ်ယောက်က သူ့ဘဝထဲမှာခင်ဗျားရှိနေတာကို အထူးပျော်ရွှင်ဝမ်းမြောက်ပါတယ်တဲ့။ နောက်ပြီး အဲဒီပွေ့ဖက်ခြင်းက ခင်ဗျားရဲ့ရင်ခွင်ထဲမှာ နေရတာ သူတို့နွေးထွေးလုံခြုံပါတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ခင်ဗျားကို တစ်စုံတယောက်က ဒီလိုမျိုးပွေ့ဖက်လာမယ်ဆိုရင် ခင်ဗျားကို သူတို့ရဲ့အပြည့်အဝယုံကြည်မှုကို ဖော်ပြနေတာပါ။

၂။ အိပ်ချင်မူးတူးပွေ့ဖက်ခြင်း





ဒီပွေ့ဖက်ခြင်းတွေကတော့ သမီးရည်းစားအတွဲတွေ၊ လင်မယားတွေကြားမှာ ပွေ့ဖက်တတ်တဲ့ ပွေ့ဖက်မှုမျိုးပါ။ ခင်ဗျားနဲ့တူတူအိပ်နေတဲ့ ခင်ဗျားကောင်မလေးက ခင်ဗျားရင်ခွင်ထဲကို အိပ်ချင်မူးတူးနဲ့ တိုးဝင်လာပြီး ပွေ့ဖက်ထားတတ်တဲ့ ပွေ့ဖက်မှုမျိုးကို သိကြမှာပေါ့။ ဒါဟာခင်ဗျားကို သူမဘဝနဲ့ထပ်တူ မသိစိတ်ထဲမှာတောင် ယုံကြည်နေမိတယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပါ။

၃။ လက်တစ်ဖက်တည်းသုံးပြီး ပွေ့ဖက်ခြင်း





လက်တစ်ဖက်တည်းသုံးပြီး ပွေ့ဖက်တာကျတော့ လူတစ်ယောက်က တခြားတစ်ယောက်ကို အပြည့်အဝ ယုံကြည်ဖက်တွယ်လိုခြင်းမရှိတာကို ဖော်ပြပါတယ်။ ဒီလိုပွေ့ဖက်မှုမျိုးက နည်းနည်းရှက်စရာကောင်းပြီး အဲဒီလူက ခင်ဗျားကိုသေသေချာချာမပွေ့ဖက်လိုခြင်းကို ဖော်ပြနေပါတယ်။ ဒါမှမဟုတ် ခင်ဗျားနဲ့ထပ်တူထပ်မျှ ခင်တွယ်မှုမရှိတာကို ဖော်ပြနေပါတယ်။

၄။ ချစ်ခင်စွာ နောက်ဖက်ကနေပွေ့ဖက်ခြင်း





ဒီပွေ့ဖက်ခြင်းလေးကလည်း အတွဲတွေကြားမှာ အရမ်းခေတ်စားပါတယ်။ Cuddly hug လို့ခေါ်တဲ့ ဒီပွေ့ဖက်ခြင်းပုံစံလေးက အတွဲတွေကြားမှာ နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိနေတာကို ဖော်ပြပါတယ်။ သူတို့ဟာ တစ်ယောက်ကိုယ်တစ်ယောက် အလွန်ချစ်မြတ်နိုးပါတယ်။ ဒီပွေ့ဖက်မှုလေးရဲ့အဓိပ္ပာယ်ကတော့ ပွေ့ဖက်လာသူက ခင်ဗျားကို အရမ်းကိုချစ်မြတ်နိုးမှုကို ဖော်ပြလိုပါသတဲ့။

၅။ အလျင်အမြန်ပွေ့ဖက်ခြင်း





ဒီပွေ့ဖက်ခြင်းလေးကလည်း ခေတ်စားပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေကြားမှာ ပြုလုပ်လေ့ရှိကြပြီး မတွေ့တာကြာတဲ့ သူငယ်ချင်း၊ မိတ်ဆွေကို တွေ့ရတာအရမ်းဝမ်းမြောက်ကြောင်း အမူအရာနဲ့ ဖော်ပြလိုတဲ့အခါမှာ သုံးပါတယ်။ ဆန့်ကျင်ဘက်လိင်တွေဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း ဒီနည်းနဲ့ပွေ့ဖက်ကြပါတယ်။ တစ်ဖက်လူကိုပွေ့ဖက်ပြီး (၁) စက္ကန့်တောင်မကြာတဲ့အချိန်ပိုင်းလေးမှာ ပြန်ခွာလိုက်တဲ့ အနေအထားလေးပါ။ ဒီပွေ့ဖက်ခြင်းရဲ့အဓိပ္ပာယ်ကတော့ ပွေ့ဖက်လာသူက ခင်ဗျားကိုအထူးခင်မင်တယ်။ ဒါပေမယ့် တခြားသဘောမပါဘူးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

၆။ ဝက်ဝံကြီးလိုပွေ့ဖက်ခြင်း





လေဆိပ်တွေ ဘာတွေမှာကွဲကွာနေတာကြာပြီဖြစ်တဲ့ ချစ်သူ၊ ခင်သူတစ်ဦးကို သွားကြိုဖူးလား။ သူတို့ကိုတွေ့တော့ အတင်းပြေးပြီးကော ဖက်ဖူးလား။ အဲဒီပွေ့ဖက်မှုမျိုးကို ဝက်ဝံကြီးလို ပွေ့ဖက်ခြင်းလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ သူတို့နဲ့တွေ့ရတာအရမ်းကိုပျော်ရွှင်ဝမ်းမြောက်ပြီး ကွဲကွာနေရတဲ့အချိန်မှာ သိမ်းဆည်းထားရတဲ့ လွမ်းဆွတ်ခြင်းတွေကို ပွေ့ဖက်ခြင်းလေးထဲမှာ ထည့်သွင်းပေးလိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တစ်ခါတလေမှာ ကွဲကွာနေတာကြာပြီဖြစ်တဲ့ သမီးရည်းစားအတွဲတွေဆိုရင် ကောင်မလေးက ကောင်လေးကိုအတင်းပွေ့ဖက်ပြီး ခါးမှာပါ ခြေထောက်တက်ချိတ်ထားတတ်ပါတယ်။ ချစ်စရာတော့ကောင်းတယ်ဟုတ်။

Source: Youngisthan

Share

Loading Next Article...
က္က