ချစ်ခင်တယ်ဆိုတာ ပါးစပ်နဲ့ပြောနေရံုံနဲ့ မပြီးဘူး။

ဘော်ဒါတွေ၊ သူငယ်ချင်းတွေကို ခင်တာတော့ အသေခင်တယ်။ ဒါပေမဲ့ ကိုယ်က ခင်သလောက် သူတို့က မခင်ကြဘူးလို့ ခံစားနေရတယ်။ သူတို့ကလည်း ကိုယ်ခင်တာကို မယုံဘူး။ ကိုယ့််မှာ ဘာတွေမှားယွင်းနေသလဲ? သေချာတာကတော့ အခုပြောပြမယ့်အရာတွေမှာ အားနည်းနေလို့ ဖြစ်ပါလိမ့်မယ်။

၁။ ရင်းနှီးကျွမ်းဝင်မှု

a503c371-e142-4e3e-8dfc-47e3c3cdf231.jpg 

သံယောဇဉ်ဆိုတာချက်ခြင်းတော့ ဖြစ်မလာဘူး။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုကနေ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာတာလေ။ သူငယ်ချင်းအတွက် အချိန်ပေးပါ။ ပွင့်ပွင့်လင်းလင်းရှိတာက ပိုပြီးရင်းနှီးမှုရစေတယ်။

၂။ နားထောင်ပါ

6453ef12552fd5335f357cf63bca0e49.jpg 

သူစကားတွေပြောရင် နားထောင်းပေးဖို့လိုတယ်။ ရင်ဖွင့်စကားတွေကို နားထောင်ပြီး နှစ်သိမ့်ပေးပေါ့။ သူငယ်ချင်းကောင်းဆိုတာ လျှို့ဝှက်ချက်တွေကိုလည်းလုံအောင် ထိန်းပေးနိုင်ရတယ်။

၃။ အစစ်အမှန်ဖြစ်ပါစေ

ကိုယ့်ကိုညာတာလည်း မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း လူတစ်ယောက်ကိ လိမ်ညာနေဖို့မကောင်းဘူးလေ။ တစ်ခါတစ်လေမှာ ကိုယ့်ဘက်က အခက်အခဲရှိလို့ လိမ်ညာလိုက်ရတဲ့အရာတွေက သူ့ကိုထိခိုက်သွားတာကိုလည်း သတိပြုပါ။ ဖြစ်နိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မညာတမ်း ပြောပြတာကမှ သူငယ်ချင်းကောင်းပီသမှာပါ။

၄။ ဂရုစိုက်ကြောင်းပြသပါ

6361572777801065482064984440_5-reasons-taurus-will-loyal-friend-youll-ever.jpg 

တစ်စုံတစ်ယောက်ကို ချစ်ခင်တယ်ဆိုတာ ပါးစပ်နဲ့ပြောနေရံုံနဲ့ မပြီးဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ like တွေ တစ်သီကြီးပေးရုံနဲ့လည်း တကယ်ခင်တယ်လို့ ဘယ်သူကပြောသလဲနော်။ တကယ်ခင်ရင် သူ့အတွက်လိုအပ်တာလေးတွေ လုပ်ပေးလို့ရတာပဲ။ ကိုယ်လည်းတတ်နိုင်သလောက်လေးနဲ့ သူ့ကို ဂရုစိုက်ပေးဖို့ လိုပါတယ်။

Share

Loading Next Article...
က္က